ရုပ် ၂၈ ပါး
မဟာဘုတ် ၄ မြေဓာတ် (ပထ၀ီ)၊ ရေဓာတ် (အာပေါ)၊ အငွေ့ဓာတ်(တေဇော)၊
လေဓာတ် (၀ါယော)
ပသာဒရုပ် ၅ မျက်စိအကြည် (စက္ခုပသာဒ) နားအကြည်(သောတပသာဒ) နှာခေါင်း
အကြည်(ဃာနပသာဒ) လျှာအကြည်(ဇိဝှါပသာဒ) ကိုယ်အကြည် (ကာယပ
သာဒ)
ဂေါစရရုပ် ၇ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ (ပ-တေ-၀ါ) } ဂေါစရုပ် ၄}
ဘာဝရုပ် ၂ အမရုပ်၊ အထီးရုပ်
ဟဒယရုပ် ၁ ဟဒယရုပ်
ဇီဝိတရုပ် ၁ အသက်ရုပ်
အာဟာရုပ် ၁ အာဟာရုပ်
ပရိစ္ဆေဒရုပ် ၁ အာကာသရုပ်
ဝိညတ်ရုပ် ၂ ကာယ၀ိညတ် ၁၊ ၀စီဝိညတ် ၁
ဝိကာရရုပ် ၅ လဟုတာရုပ် ၁၊ မုဒုတာရုပ် ၁၊ ကမ္မညတာရုပ် ၁၊ ၀ိညတ်ရုပ် ၂}၀ိကာရရုပ် ၃}
လက္ခဏရုပ် ၄ ဥပစယ (စဖြစ်ခြင်း)ရုပ် ၁၊ သန္တတိ (အစဉ်မပြတ်ဖြစ်ခြင်း)ရုပ် ၁၊ ဇရတာ( ရင့်
ရော်ခြင်း)ရုပ် ၁၊ အနိစ္စတာ (မမြဲခြင်း၊ ပျက်စီးခြင်း)ရုပ်၁။
ဥပစယ၊ သန္တတိ} ဥပါဒ်
ဇရတာ } ဌီ
အနိစ္စတာ } ဘင်
စေတသိက် ၅၂ ပါး
စိတ်ကိုမကောင်းအောင်ခြယ်လှယ်သော စေတသိက်များ
၁။ မောဟ-မသိ (Delusion) ၂။ အဟိရိက -မရှက် (Shamelessness)
၃။ အနောတ္တပ္ပ-မကြောက် (Fearlessness of wrong) ၄။ ဥဒ္ဓစ္စ- ပျံ့လွင့်(Restlessness)
၅။ လောဘ-လိုချင် (Greed) ၆။ ဒိဋ္ဌိ-ယူဆမှား (Wrong View)
၇။ မာန- ထောင်လွှား (Conceit) ၈။ ဒေါသ- ခက်ထန်(Hatred)
၉။ က္ကုဿာ- မနာလို (Envy) ၁၀။ မစ္ဆရိယ- ကပ်စေးနဲ(Avarice)
၁၁။ ကုက္ကုစ္စ- နောင်တ(Worry) ၁၂။ ထိန-ထိုင်း (Sloth)
၁၃။ မိဒ္ဓ- မှိုင်း (Torpor) ၁၄။ ၀ိစိကိစ ၦာ-သံသယ(Doubt)
စိတ်ကိုကောင်းအောင်ခြယ်လှယ်သော စေတသိက်များ
၁။ သဒ္ဓါ-ယုံကြည်(Faith) ၂။ သတိ-အမှတ်ရ (Mindfulness)
၃။ ဟိရီ- ရှက် (Shame) ၄။ သြတ္တပ္ပ-ကြောက် (Fear of wrong)
၅။ အလောဘ-မလိုချင်(Non-greed) ၆။ အဒေါသ-မေတ္တာ (Non- hatred)
၇။ တတြမဇ္ဈတ္တတာ-တည့်မတ် (Neutrality of mind)
၈။ ကာယပဿဒ္ဓိ- စေတသိက်ငြိမ်းအေးမှု (Tranquillity of mental body)
၉။ စိတ္တပဿဒ္ဓိ- စိတ်ငြိမ်းအေးမှု (Tranquillity of consciousness)
၁၀။ ကာယလဟုတာ- စေတသိက်ပေါ့ပါးမှု (Lightness of mental body)
၁၁။ စိတ္တလဟုတာ- စိတ်ပေါ့ပါးမှု (Lightness of consciousness)
၁၂။ ကာယမုဒုတာ- စေတသိက်နူးညံ့မှု (Malleability of mental body)
၁၃။ စိတ္တမုဒုတာ- စိတ်နူးညံ့မှု (Malleability of consciousness)
၁၄။ကာယကမ္မညတာ- စေတသိက်တို့ ကောင်းမှုမှာ စိုးမိုးမှု(Wieldiness of mental body)
၁၅။ စိတ္တကမ္မညတာ- စိတ်တို့ ကောင်းမှုမှာ စိုးမိုးမှု (Wieldiness of consciousness)
၁၆။ ကာယပါဂုညတာ- စေတသိက်တို့ ကောင်းမှုမှာ ကျွမ်းကျင်မှု (Proficiency of mental body)
၁၇။ စိတ္တပါဂုညတာ-စိတ်တို့ ကောင်းမှုမှာ ကျွမ်းကျင်မှု (Proficiency of consciousness)
၁၈။ ကာယုဇုကတာ- စေတသိက်တို့ ရိုးသားဖြောင့်မတ်မှု (Rectitude of mental body)
၁၉။ စိတ္တုဇုကတာ- စိတ်တို့ ရိုးသားဖြောင့်မတ်မှု (Rectitude of consciousness)
၂၀။ သမ္မာဝါစာ- ပါးစပ်ဆိုင်ရာအကျင့်ဆိုး ၄ ပါးကို ရှောင်မှု (Right speech)
၂၁။ သမ္မာကမ္မန္တ- ခန္ဓာကိုယ်ဆိုင်ရာအကျင့်ဆိုး ၃ ပါးကိုရှောင်မှု (Right action)
၂၂။ သမ္မာအာဇီဝ- နုတ်ကိုယ်ဆိုင်ရာအကျင့်ဆိုး ၇ ပါးကို ရှောင်မှု (Right livelihood)
၂၃။ ကရုဏာ- သနား (Compassion)
၂၄။ မုဒိတာ- ၀မ်းမြောက် (Appreciative joy)
၂၅။ ပညာ}အမောဟ} သိ (Wisdom faculty)
စိတ်ကောင်းစိတ်ဆိုး ၂ မျိုးနှင့်ရောသော စေတသိက်များ
၁။ ဖဿ- တွေ့ထိ (Contact)
၂။ ဝေဒနာ- ခံစား (Feeling)
၃။ သညာ- မှတ်သား (Perception)
၎။ စေတနာ- တွန်းအား (Volition)
၅။ ဧကဂ္ဂတာ}သမာဓိ} တည်တံ့ (One-pointedness)
၆။ ဇီဝိတိနြေ္ဒ- နာမ်သက် (Life faculty)
၇။ မနသိကာရ-အာရုံစိုက်}စူးစိုက် (Attention)
၈။ ၀ိတက္က-အတူဖြစ်ဖက်တရားတို့ကို အာရုံသို့တင်ပေး}ကြံစည် (Initial application)
၉။ ၀ိစာရ- အာရုံကို ထပ်ခါထပ်ခါ အာရုံပြု}သုံးသပ် (Sustained application)
၁၀။ အဓိမောက္ခ- ဆုံးဖြတ် (Decision)
၁၁။ ၀ီရိယ- ကြိုးစား}အားတက်သရောရှိ (Energy)
၁၂။ ပီတိ- နှစ်သက်}အားရကျေနပ် (Zest)
၁၃။ ဆန္ဒ- တောင့်တ (Desire)
စိတ် ၈၉ ပါး(စိတ်တခုယုတ်-လျော့ ၉၀)
အာရုံမှန်သမျှကိုသိခြင်းသဘောကို စိတ် ခေါ်သည်။ စိတ်သည် အာရုံသိခြင်းသဘောလက္ခဏာ
အားဖြင့် ၁ ပါးသာ ရှိသည်။ သို့သော် ဘုံနေရာ နှင့်အကြောင်းကြောင်းကိုလိုက်ပြီး စိတ် ၈၉ ပါး
(အကျယ် ၁၂၁) ဖြစ်လာသည်။
ကာမစိတ် ၅၄
အကုသိုလ်စိတ် ၁၂ (လောဘစိတ် ၈၊ ဒေါသစိတ် ၂၊ မောဟစိတ် ၂)
အဟိတ်စိတ် ၁၈ (အကုသလ၀ိပါက် ၇၊ အဟိတ်ကုသလ၀ိပါက် ၈၊ အဟိတ်ကြိယာ ၃)
ကာမာဝစရသောဘနစိတ် ၂၄ (မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈)
---------------
၅၄
ရူပစိတ် ၁၅ (ရူပကုသိုလ် ၅၊ ၀ိပါက် ၅၊ ကြိယာ ၅)
အရူပစိတ် ၁၂ (အရူပကုသိုလ် ၄၊ ၀ိပါက် ၄၊ ကြိယာ၎)
(ရူပစိတ် ၁၅၊ အရူပစိတ် ၁၂ =ပေါင်း ၂၇ ကို မဟဂ္ဂုတ်စိတ် (ဈာန်နှင့်ယှဉ်တွဲနေသောကြောင့် မြင့်မြတ်သောစိတ်) ဟု ခေါ်သည်။
လောကုတ္တရာစိတ် ၈ (မဂ်စိတ် ၄၊ ဖိုလ်စိတ် ၄)
၅၄+၂၇+၈= ၈၉
လောကီစိတ် ၈၁ လောက၌ထင်ရှားသောစိတ်ဖြစ်သောကြောင့် လောကီစိတ် ခေါ်သည်။
ကာမစိတ် ၅၄
မဟဂ္ဂုတ်စိတ် ၂၇ (၅၄+၂၇= ၈၁)
လောကုတ္တရာစိတ် ၈ လောကမှလွတ်မြောက်သောစိတ်ကို လောကုတ္တရာစိတ် ခေါ်သည်။
မဂ်စိတ် (ကုသိုလ်စိတ်) ၎
ဖိုလ်စိတ် (၀ိပါက်စိတ်) ၄ (၄+၄=၈)
၈၁+၈=၈၉
စိတ်အကျယ် ၁၂၁ ဖြစ်ပုံ
လောကီစိတ် ၈၁ (အတိုးအလျော့မရှိ)
လောကုတ္တရာစိတ်အကျဉ်း ၈ ပါးကို ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်တို့ဖြင့်မြှောက် (၈×၅=၄၀) ဖြစ်သည်။ ထို့ကြောင့် လောကုတ္တရာစိတ်မှာ အကျဉ်း
နည်း၊ အကျယ်နည်း ၂ မျိုးရှိသည်။ လောကီစိတ် ၈၁ ကို လောကုတ္တရာစိတ်အကျယ် ၄၀ နှင့် ပေါင်းပါ။ (၈၁+၄၀= ၁၂၁) ဖြစ်လာသည်။
ဝေါဟာရရှင်းလင်းချက်
အပြစ်ကင်း၊ ကောင်းကျိုးရှိသောစိတ်ကို ကုသိုလ်စိတ် ခေါ်သည်။
အပြစ်မကင်း၊ မကောင်းကျိုးရှိသောစိတ်ကို အကုသိုလ်စိတ် ခေါ်သည်။
ကုသိုလ်၊အကုသိုလ်တို့၏ အကျိုး(အာနိသင်)စိတ်ကို ၀ိပါက်စိတ် ခေါ်သည်။
ကုသိုလ်၊အကုသိုလ်တို့၏ အကျိုး၊အာနိသင်၊စွမ်းအင်(Potency) မရှိသော၊ကင်းမဲ့သောစိတ်ကို
ကြိယာစိတ်=ကိရိယာစိတ် ခေါ်သည်။ (၀ိပါက်စိတ်နှင့် ကြိယာစိတ်ကို အဗျာကတစိတ် ဟု အဘိဓမ္မာကျမ်းစာတို့၌ ခေါ်သည်။ ကုသိုလ်ဟုလည်းကောင်း၊ အကုသိုလ်ဟုလည်းကောင်း မဆိုနိုင်သော စိတ် ဟူလို------။)
ဧပြီလ ၃၊ ၂၀၁၁
No comments:
Post a Comment