ဆရာကြီးဇေယျအသက်အရွယ်ကြီးတော့မှရေးသည့်စာတပုဒ်ကို
အမှတ်ရမိ၏။ စာခေါင်းစဉ်မှာ "ညစ်ပတ်တယ်"ဟူ၏။ နွေရာသီညနေခင်းတခုဝယ်
ဆရာကြီးဇေယျသည် အိမ်ရှေ့ တွင် ပက်လက်ထိုင်
ခုံခင်းကာ
အေးအေးလူလူထိုင်နေလေ၏။ အိမ်နီးချင်း၏သား ကလေးငယ်တဦးသည် ပြေးလွှားဆော့
ကစားရင်း
ဆရာကြီးအနားရောက်လာကာ ဆရာကြီးနှင့် ဝင်ရောလေသည်။ စာရေးဆရာကြီးမှန်း မိဘများထံမှ
သိထားဟန်တူသည်။
"ဘဘ- ဘဘ"
"ဟေ"
"ဘဘက
စာရေးဆရာကြီးဆို"
"အေး"
"ဘဘက
ဘာစာတွေရေးတာလဲ"
"ရည်းစားစာတွေရေးတယ်ကွ"
(ဝတ္ထုတို
၊ဝတ္ထုရှည်၊ ဆောင်းပါး၊ ကဗျာတွေ ရေးသည်ပြောလျှင် ကလေးနားမလည်၊ နားလည်လွယ်
အောင်
ရည်းစားစာရေးသည်ဟု အလွယ်ဖြေလိုက်၏။)
ဆရာကြီး၏အဖြေအဆုံးတွင်
ကလေးမျက်နှာရှုံမဲ့သွားပြီး ဤသို
့ပြောဆိုကာ ဆရာကြီးအနားမှပြေး
ထွက်သွားလေတော့သည်။
"ဟင်….လူကြီးဖြစ်ပြီးတော့
ညစ်ပတ်တယ်"
ဆရာကြီးတယောက်
ဟက်ဟက်ပက်ပက်ရယ်မောကျန်ရစ်ခဲ့လေတော့သည်။
တွင်းသင်းမင်းကြီးနုပျိုစဉ်ကရေးသားခဲ့သည့်
မုဒုလက္ခဏပျို့ တွင် လူငယ်လူရွယ်များစိတ်ဝင်
စားမည့် ဣတ္ထိသျှတ္တရကျမ်းလာစကားရပ်များကို
ထည့်သွင်းစပ်ဆိုထားသည်။ ဘုရင်က မိဖုရားကို ရသေ့အား ပေးလှုစဉ်တွင်
အရွယ်၏ကောင်းခြင်းနှင့်ပြည့်စုံပုံကို ချီးမွှမ်းပြောဆိုဟန်ရေးဖွဲ့ လိုက်၏။
ဖွံ့ ဖွံ့ ထွားမွတ်
၊ ဝင်းလွတ်စံကျော်
ပယော်ဓရ ၊
ဖူးသစ်စသို့ 
အလှသည်းကြား ၊ ဆယ်ကြိမ်ဖွားလည်း
အခြားမထင် ၊
ပျိုရုပ်သွင်နှင့် ……။ (၅၈)
ခါးသေးပုံကိုလည်း
ရှုလေဦး။
ခါးလျငယ်လည်း
ညာဘယ်ရစ်ပတ် ၊
လေပြည်ခတ်က
ညွတ်ကာလည်းကျ ၊
ပန်းတမျှသာ…။ (၅၉)
ဤစကားကိုကား အကြမ်းဆုံး (ဝါ) အညစ်ပတ်ဆုံးဟု
ဆိုကြ၏။
စိမ်းလွင်ညိုညို ၊
ဝါးပင်ပျိုသို့ 
စီးယိုထွက်လျှမ်း ၊
မြစ်ငယ်ကမ်းသို့ 
ဖုံးလွှမ်းသောယောင်
၊ ယှက်မြှောင်မွှေးညှင်း
ရစ်ကာကွင်းလျက် ၊
ဆင်ဦးကင်းထွတ်
ပုံတူခတ်သား ၊
ရဟဿင်္ဂ
သမန်းစဖြင့် ၊
ရှလသောဟန်
နှိုင်းရန်တရှိ ၊ သူ
့သတ္တိလည်း
ထွန်းညိလျှံဝါ ၊
ရှုဘွယ်သာတည်း….။ (၅၈)
ဘုရင်က မိဖုရား၏
လျှို့ ဝှက်နေရာကို ကွင်းကွင်းကွက်ကွက် ဥပမာပြပြောဆိုသည်။ ဤသည်မှာ
ကဗျာဆရာ၏စိတ်ကူးမျှသာဖြစ်သည်။ ပြင်ပလောကမှာ ဤအဖြစ်မျိုးမရှိနိုင်ပါ။ အကြောင်းမှာ
စကားလုပ်ပြီးပြောစရာကိစ္စမဟုတ်သည်အပြင် ပြောပါလျှင် ဖရုသဝါစာ၊ ဂမ္မဒေါသသင့်ပေမည်။
မယဉ်ကျေးသော အပြုအမူဖြစ်မည်။
ဤသည်ကို
ကဗျာဆရာမသိမဟုတ်၊ သိသည်။ ဖရုသဝါစာဖြစ်လိုကဖြစ်စေတော့၊ ဖရုသဝါစာကဗျာကို
ရေးလိုက်သည်။ ဂမ္မဒေါသသင့်လိုကသင့်စေတော့၊ ဂမ္မဒေါသကဗျာကို ရေးလိုက်သည်။ မယဉ်ကျေးသောအပြုအမူဖြစ်လိုကဖြစ်စေတော့
၊ ကဗျာကြမ်းစာကြမ်းကို တန်းကုန်အောင် ရေးပစ်လိုက်သည်။
မိန်းမတယောက်၏ကောင်းခြောက်ဆယ်လေးရပ်၊
မာယာလေးဆယ်၊ ခါးသေးရင်ချီ၊ ပဒုမ္မနီအစားဝင် လျှို
့ဝှက်အင်္ဂါအလှကို ကဗျာဆရာဖွဲ့ ပြသည်မှာ ဘဝ၊ ခန္ဓာ၏ သာယာမက်မောဖွယ်၊
တိမ်းမူးစွဲလမ်းဖွယ်အလှ အဿာဒကို အစွမ်းကုန်ပြလိုက်ခြင်းဖြစ်သည်။
ပါဠိဝေါဟာရ "အဿာဒ" ကို ဤတွင်
သတိပြုစေလိုပါသည်။ သာယာမက်မောမှု၊ လိုချင်
ငြိတွယ်စရာ-ဟု
မြန်မာဝေါဟာရပြုလိုပါသည်။ နေတ္တိကျမ်းလာ ပဒဋ္ဌာနာဟာရစာဖတ်နည်းအရ
အရာရာတိုင်း
(လက်တွေ့ ဘဝ၊ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်)မှာ သာယာမက်မောဖွယ်=အဿာဒရှိသည်။
မုဒုလက္ခဏပျို့ အရ ဟရိတစရသေ့သည်
ဘုရင် နှင့်မိဖုရား၏ စား၊ နေ၊ဝတ်၊ ကျန်းမာရေးထောက်ပံ့မှု မှအစ လိုချင်လျှင်
မိဖုရားကိုပင်ရနိုင်သည့် သာယာစရာဘဝကို ပိုင်ဆိုင်ပါသည်။ အဆင်းရော အရည်
အသွေးပါ
အပြစ်ဆိုစရာမရှိသော မိဖုရား၏ ခန္ဓာကိုယ်လေမတွေ့ သည့်အရပ်အထိ ကဗျာဖွဲ့ ပြသည်မှာ
"အဿာဒ"ကို
ပြလိုသည်မှတပါး အခြားအကြောင်းမရှိပါလေ။
ကောင်းပြီ။
လိုချင်စရာအဿာဒကိုချည်းပြနေလျှင် ကဗျာဖတ်သူ၊ စာဖတ်သူကို တဏှာဆန္ဒ
ကြွတက်အောင်လှုံ
့ဆော်ရာရောက်၍ "တဏှာစာ၊ တဏှာကဗျာ"ဖြစ်ပေတော့မည်။ Pornography ခေါ်
အပြာစာအုပ်သာဖြစ်ပေတော့မည်။ ပဒဋ္ဌာနာဟာရနေတ္တိနည်းအရ သာယာစရာရှိလျှင် ယင်းတွင်
ငြီးငွေ့ ဖွယ်၊ အပြစ်အနာအဆာ "အာဒီနဝ"ကိုလည်း တွေ့ ရပေမည်။ မုဒုလက္ခဏပျို
့တွင် တွင်းသင်း
မင်းကြီးက ပထမ
အဿာဒကို ပြသည်။ ဒုတိယ အာဒီနဝကိုပြသည်။ အာဒီနဝဖွဲ့ ပုံကို ရှုပါဦး။
တပ်ရာမရှိ
အာသီဝိသ ၊
ခံတွင်းဝတွင်
မြတ်လှရှင်ချစ် ၊
အင်္ဂါဇာစ်ကို
နှစ်နှစ်လို့ လို့ 
၊ တပ်ပျို့ ပါလေ
စုတိကြွေလည်း ၊
နတ်မြေခြောက်ထပ်
ရောက်လိမ့်မည်တည်း။
(၇၁)
မသူတော်မူ
ငါရှင်ဖြူလျှင် ၊
ဂူဟာစောရ
ထင်လှချေပြီ ၊
လှအင်ညီ၏
ယောနိတွင်ခန်း နိမိတ်ပန်း၌
ရွှင်လန်းနှစ်သက် ၊
ယှဉ်သောထက်ကား
လောင်ကျက်ပြင်းလှ၊
မီးကျီးဝတွင်
ချသော်အထွတ် ၊
မြတ်ပလိမ့်မည်
သို
့ဖြစ်သည်ကြောင့် ၊ လှရည်ပြာထွား
မိဖုရားကို ၊
မင်းအားနှင်း၍
ရပ်တင်းမဲ့ကျင် ၊
ယနေ့ ပင်တည့်
လေတွင်ညာဆန် ၊
ဧသန်စူးစူး
ဟေဝန်ဦးသို့ ၊
ရွှင်မြူးနှစ်ထောင်း
သွားသော်ကောင်းဟု
။(၇၆)
ပါဠိဝေါဟာရအနက်များကား "အာသီဝိသ
မှာ အဆိပ်ပြင်းသောမြွေ၊ ဂူဟာစောရ မှာ တွင်းသူခိုး၊ ယောနိ မှာ မိန်းမအင်္ဂါဇာတ်"ကိုဆိုလိုသည်။
သူ့ မယားကိုပြစ်မှားသည်ထက် အဆိပ်ပြင်းမြွေပါးစပ်မှာ မိမိအင်္ဂါဇာတ်ကိုထည့်ပြီးသေသည်က
နတ်ပြည်ရောက်နိုင်သေးသည်။ သူ့ 
မယားကိုမှားလျှင်
သေကငရဲသာရောက်မည်။
သူ့ မယားကို ခိုးယူသူသည် တွင်းခိုးသူ
ဖြစ်သည်။ သူတပါးပိုင်တွင်းမှာ မိမိအင်္ဂါဇာတ်ကို ယှဉ်တွဲစပ်ယှက်သည်ထက် မီးကျီးစုမှာ
မိမိအင်္ဂါဇာတ်ကိုထည့်သည်က မြတ်မည်ဟု ရသေ့
သတိရသည်ကား
အာဒီနဝပင်ဖြစ်သည်။
အသိမယှဉ်ဉာဏ်မြင်ကန်းနေခိုက် သူ့ မယားမှာ
နတ်သမီး ဟု မြင်သာအောင် ကဗျာဖွဲ့ ပြ
သည်ကား
တပ်မက်သာယာမှု အဿာဒကို ပြသည်။ အသိပြန်ဝင် ဉာဏ်သက်ဝင်ခိုက် သူ့ မယားမှာ
ဘီလူးမဟုမြင်သာအောင်ကဗျာဖွဲ့ ပြသည်ကား ငြီးငွေ့ ကြောက်လန့် တုန်လှုပ်မှု အာဒီနဝကို
ပြသည်။
ပဒဋ္ဌာနာဟာရနေတ္တိနည်းအရ လွတ်မြောက်ရာ "နိဿရဏ"ကိုလည်း
မြင်အောင် ကြည့်ရပေ
မည်။ "မိဖုရားကို
မင်းထံပြန်အပ်ပြီး ယနေ့ ပင် ဟိမဝန္တာသို့ ပြန်ကြွတော့မည်"ဟု ပြသည်ကား
လွတ်မြောက်ရာကို ပြခြင်းတည်း။
ပဒဋ္ဌာနာဟာရနေတ္တိနည်းအရ မိန်းမ၏လျှို
့ဝှက်အင်္ဂါကို မက်မောစရာဖြစ်အောင်ဖွဲ့ ပြပြီး သည်မှာတင် ရပ်နေလျှင်
တွင်းသင်းမင်းကြီးစာဖွဲ့ ကြမ်းသည် (ဝါ)ညစ်ပတ်သည်ဟု ဆိုရပေမည်။ ယခုသော်ကား အပြစ်အာဒီနဝ၊
လွတ်မြောက်ရာနိဿရဏတို့ ကို စုံလင်အောင်ပြသောကြောင့် ကဗျာကောင်းဖွဲ့ သူတဦး၏
ကဗျာကောင်း၊စာကောင်းဖြစ်လာကြောင်း တွေ့ ရပေသည်။
ရုရှားစာရေးဆရာကြီး အန်တန် ချက်ကော့
(Anton Chekhov, 1860- 1904) ၏ ဇာတ်လမ်း
ရေးသားမှုအတတ်ပညာလမ်းညွှန်နှင့်လည်း
တိုက်ဆိုင်ကြည့်လိုပါသည်။ ဇာတ်လမ်းနှင့်မသက်ဆိုင်
သည်ကို မထည့်ရ၊
နံရံတွင် ရိုင်ဖယ်သေနတ်တလက်ချိတ်ထားကြောင်း ပထမအခန်းမှာရေးသားဖော်ပြ
ပါက
ဒုတိအခန်းမှာဖြစ်စေ၊ တတိယအခန်းမှာဖြစ်စေ ရိုင်ဖယ်သေနတ်ကို အသုံးပြုပစ်ခတ်ကြောင်း
ပါဝင်သင့်သည်။ သေနတ်ကိုမပစ်ပါက နံရံမှာလည်း ချိတ်မထားပါနှင့်…ဟု ချက်ကောက ပြောသည်။
တွင်းသင်းမင်းကြီးသည် သျှတ္တရကျမ်းလာအရ
မ-အင်္ဂါအကြောင်း ကဗျာဖွဲ့ ပြ၏။ သေနတ်အကြောင်းရေးပြသည်နှင့်တူသည်။ သူ
့မယား၏အင်္ဂါဇာတ်မှာ ကာမဆက်ဆံခြင်းသည် မြွေခံတွင်း၊ မီးကျီးစုမှာ
ကျားအင်္ဂါဇာတ်ကိုထည့်သွင်းခြင်းလောက်မမြတ်ဟု ပြခြင်းမှာ သေနတ်ကို ပစ်ခတ်ပြသည်နှင့်
တူလေ၏။
တွင်းသင်းမင်းကြီးသည်
ပဒဋ္ဌာနာဟာရနေတ္တိနည်း၊ ချက်ကောနည်းတို့ နှင့်အညီ ညီညွတ်
အောင်
ကဗျာရေးနိုင်သည့်အတွက် ညစ်ပတ်သည် ၊ ကြမ်းတမ်းသည်ဟု ကဲ့ရဲ့ပြစ်တင်ခြင်းငှါ ထိုက်သူ
မဟုတ်ပါချေ။
အမရဒီပ
မတ်လ ၂ ၊ ၂ဝ၁၅
No comments:
Post a Comment