ဘုရားလောင်းလျာ
ဟရိတစရသေ့ မိန်းမအပြစ်အာဒီနဝကိုဆင်ခြင်ရှုမြင်သည့် အစိတ်အပိုင်းတခုအဖြစ်
တွင်းသင်းမင်းကြီးက ဖော်ပြပါအတိုင်း ကဗျာဖွဲ့ လိုက်လေ၏။
ရပ်ကျူးမြေခေါင်
စစ်ပွဲဘောင်က
ရန်အောင်သနင်း
မင်းကစေဖန်
အတန်တန်သား
တမန်လေးပါး
ခြောက်ကျိပ်သားနှင့်
မိဖုရားညစ်ညူး
မေတ္တာဖြူး၏….။ (၆၈)
ရှေ
့တန်းစစ်မျက်နှာရောက်ဘုရင်တပါး၏ မိဖုရားတပါး တမန် ၆၄ ယောက်နှင့် ကာမဂုဏ်ဖောက်ပြန်
မှားသည့်အကြောင်းဖြစ်၏။
မိန်းမအကြောင်းကဗျာဆိုလျှင်
မန်လည်ဆရာတော်၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကိုလည်း လျစ်လျူထားလို့ မရပါချေ။ သို့ နှင့်
မဃဒေဝလင်္ကာသစ်ကို ဖတ်မိပြန်သည်။ တွေ့ ပါပြီ။
ကျွန်တော်ရင်းစစ်
သုံးကျိပ်နှစ်နှင့်
ကျင့်ညစ်ဘောက်ပြန်…။
(၃ဝ၇)
ကျွန်ရင်း ၃၂
ယောက်နှင့် ကာမဂုဏ်ကျင့်မှားသည့် မိဖုရားအကြောင်းကိုပင် မန်လည်ဆရာတော်
ကဗျာဖွဲ့ ဆို၏။
၃၂ ယောက်ကိစ္စမှာ ဧကနိပါတ်၊
ဗန္ဓနာမောက္ခဇာတ်လာ စိဉ္စမာနအလောင်းမိဖုရားကို ရည်ရွယ်စပ်ဆိုသည်ဟု
မန်လည်ဆရာတော်ကိုယ်တိုင်ရေး လီနတ္ထဒီပနီ၌ ရှင်းလင်းချက်ပေးသည်။
ဗန္ဓနာမောက္ခဇာတ်အကျဉ်းမှာ ဤသို့ ဖြစ်သည်။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းပြုသောအခါ ဘုရားလောင်းသည် ပညာရှိအမတ်ဖြစ်၏။
နယ်စွန်နယ်ဖျားသူပုန်များကို နှိမ်နင်းရန် ဘုရင်ကိုယ်တိုင် စစ်ချီတက်သည်။ မြို
့တော်နှင့် ၁ ယူဇနာအကွာ ခရီးရောက်လျှင် ဘုရင်နှင့်မိဖုရားအကြား သတင်း
ဖလှယ်နိုင်ရန်
တမန်တဦးကို မိဖုရားထံသို့ စေလွှတ်သတင်းပါးစေသည်။ မိဖုရားသည် ရောက်လာသော
တမန်နှင့်
အကျင့်မှားကျင့်၏။ ဘုရင် ၃၂ ယူဇနာခရီးသို
့ရောက်သောအခါ မိဖုရားသည် တမန် ၃၂ ယောက်နှင့် ဖောက်ပြန်ကျင့်မှားပြီးဖြစ်၏။
နယ်စပ်ဒေသဆူပူမှုကို ငြိမ်သက်စေပြီးနောက်
ဘုရင်သည် မြို့ တော်သို့ ပြန်လေ၏။ အပြန်ခရီးတွင်လည်း ၃၂ ဦးသော တမန်ကို
မိဖုရားဆီသို့ စေလွှတ်သည်။ မိဖုရားသည် ရှေးနည်းအတူပင် တမန်များနှင့်
ဖောက်ပြန်လေသည်။
မြို့ စောင့်တပ်ကိုတာဝန်ယူရသော
ဘုရားလောင်းကို မိဖုရားက သူနှင့်ပျော်ပါးဖို့ ဖိတ်ခေါ်ပြန်၏။
ဘုရားလောင်းကငြင်းဆိုရာ မိဖုရားကလုပ်ကြံဇာတ်ခင်းပြီး ဘုရင်ထံတိုင်ကြားသည်။
မိဖုရားစကားကို ယုံသော ဘုရင်က ဘုရားလောင်းကို သေဒဏ်ပေးသည်။ သို့ သော် မကြာမီ
အဖြစ်မှန်ပေါ်၍ အသက်
ချမ်းသာရာရသည်။
ဘုရင် တမန် ၆၄ နှင့် မိဖုရားတို့ ကို
ခေါင်းဖြတ်သတ်စေ၏။ သို့ သော် ပညာရှိအမတ်က တမန် ၆၄ ယောက်တို့ သည် သူတို
့အလိုအတိုင်းပြုမှားကြသည်မဟုတ်၊ မိဖုရားအလိုသို့ သာ လိုက်ကြရချေ
သည်။ မေထုန်အမှုကို
မရောင့်ရဲနိုင်ခြင်းသည် မိန်းမတို့ ဇာတိသဘောဖြစ်ရကား တမန် ၆၄ ဦး နှင့် မိဖုရားကို
အသက်ချမ်းသာပေးပါဟု တောင်းပန်သောကြောင့် မည်သူမျှ အသက်မသေကြချေ။
ဇာတ်တော်အထောက်အထားရ
ဘုရင်စစ်မြေပြင်သို့ အသွားတွင် စေလွှတ်သောတမန် ၃၂ ယောက်၊ အပြန်တွင်စေလွှတ်သော တမန်
၃၂ စုစုပေါင်း ၆၄ ယောက်နှင့် မိဖုရားပျော်ပါးမှားယွင်းသည်။ ထိုအဆိုအတိုင်းပင်
တွင်းသင်းမင်းကြီးကဗျာစပ်ဆိုပါ၏။
မန်လည်ဆရာတော်ကမူ
အသွားဖြစ်စေ၊ အပြန်ဖြစ်စေစေလွှတ်ခံရသော တမန် ၃၂ ယောက်နှင့် မိဖုရားပျော်ပါးသည်ဟု
ဆိုလိုချင်ပုံပေါ်သည်။ ခေတ်စကားနှင့်ဆိုလျှင် တွင်းသင်းမင်းကြီးက Round trip
အသွားအပြန် ၂ ခုလုံးကို ဆိုသည်။ မန်လည်ဆရာတော်က One way trip အပြန်မပါအသွား
သက်သက်၊ သို့ မဟုတ်
အပြန်သက်သက်အသွားမပါခရီးကိုသာ ဆိုသည်။
အချုပ်အားဖြင့်
တွင်းသင်းမင်းကြီးက ဇာတ်တော်ဖြစ်ရပ်တခုလုံးကို ခြုံမိငုံမိအောင် ပြောပြနိုင်သည်။
တွင်းသင်းမင်းကြီးက
မြန်မာသက္ကရာဇ် ၁ဝ၈၈ မှာမွေးသည်။ မန်လည်ဆရာတော်က မြန်မာသက္ကရာဇ် ၁၂ဝ၃ မှာမွေးသည်။
ပညာရှိနှစ်ဦးကြား နှစ်ပေါင်း ၁၁၅ နှစ်ကွာသည်။ တဦးက ၆၄ ဟု ရေးသည်ကို တဦးက ၃၂ ဟု
ရေးသည်မှာ သင်္ချာသဘောအရ အထူးမဟုတ်။ ၃၂ နှစ်လီ ၆၄ ပင် မဟုတ်လား။
အမရဒီပ
မတ်လ ၃ ၊ ၂ဝ၁၅
No comments:
Post a Comment