သူဌေးသား၊
ခေတ်ပညာတတ် ဟရိတစအမျိုးသားသည် လောကီဘုံသား ဆုံလည်နွားဘဝကို စွန့် လွှတ်ကာ
ဟေမလယတောတောင်ရိပ်သို့ မှီဝင်ခိုအောင်းလျက် စိတ်တလုံးကို စေလိုရာစေအသုံးချ
မည့်ယောဂကျင့်စဉ်များအားထုတ်ကျင့်၍ ဈာန်အဘိညာဉ်၊ သမာပတ်ရသည်အထိ အောင်မြင်ပေါက်
မြောက်ခဲ့ပါ၏။
တောပျော်ရသေ့တဦးအတွက် တောရိပ်တောင်နံ့ ကို ပွေ့ ဖက်၊ လေးမျက်နှာက
အဆီးအတားမဲ့
တိုက်ခတ်လာသော
ညှင်းလေသွဲ့ ကိုအေဖ်ာပြု ၊ ရာသီပေါ် သစ်သီးသစ်ရွက်တို့ ကိုအလုပ်
အလွေးပြုပြီး
အသက်ရှင်သန်ရသော ဘဝပါတည်း။
သစ်သီးသစ်ရွက်တို့ ကား
ချိုမြလတ်ဆတ်ကြပေ၏။ သုံးဆောင်မှီဝဲသူတို့  ကိုယ်ကာယအား သူတို့ တတ်စွမ်းသမျှ
အာဟာရသတ္တိထောက်ပံ့ပေးစွမ်းကြပါ၏။ တဖက်တွင် သစ်သီးသစ်ရွက်တို့ မှ မရနိုင်သော
အာဟာရဓာတ်ကိုလည်း သက်ရှိကိုယ်ကာယတို့ လိုအပ်နေပြန်၏။ အထူးသဖြင့် ဟရိတစ ရသေ့အတွက်
မဖြစ်မနေလိုအပ်လာသည်ကား ………"ချဉ်ဆား"……..။
ဟုတ်၏။ ချဉ်ဆားပါတည်း။
ဧကစာရံ
ခြိုးခြံစွာစွာ
တရံခါတွင်
ရသာထူးခြား
ချဉ်ဆားတပ်ပြွေ
့
မှီးလို၍လျှင်
ပျော်မွေ့ စရာ
ဟိမဝါမှ
ဈာန်သာငင်ငင်
ပျံလေကျင်သည်
လူ
့ခွင်ဌာနတူရူတည်း…..။(၂၂)
သားရဲပျော်ပါး
စုံမြိုင်ဖျားမှ
ချဉ်ဆားမှီးချင်
ထက်ကောင်းကင်သို့ 
ငှက်သွင်ပျံသုန်
လေကြောင်းစုန်၍
ဈာန်ဟုန်ခက်သိုင်း
တိမ်ညွှန်
့ပိုင်းကို
ဒိုင်းဒိုင်းတိုးလွှား
တန်ခိုးအားနှင့်
ရှစ်ပါးပရိက္ခရာ
စုံညီစွာလျှင်……။
(၂၃)
မုဒုလက္ခဏဇာတ်အဋ္ဌကထာပါဠိက "သော ဧကသ္မိ
ံ ကာလေ လောဏမ္ဗိလသေဝနတ္တ္ထာယ ဟိမဝန္တာ သြတရိတွာ ဗာရာဏသိံ ပတွာ" ဟု ပြဆို၏။ ညောင်ကန်ဆရာတော်၏
ဇာတ်မြန်မာပြန်တွင်
"ထိုဘုရားလောင်းသည်
တရံရောအခါ၌ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှသက်ခဲ့၍ ဗာရာဏသီ ပြည်သို
့ရောက်လျှင်……"ဟု ဘာသာပြန်၏။
စာပေတရပ်၊ အယူဝါဒတရပ်သည် သက်တမ်းကြာရှည်လာလေလေ
နှောင်းလူတို့ နားလည်ရ
ခက်လာလေလေ ဖြစ်၏။
ဤစကားအတွက် ကျယ်ဝန်းစွာ ပြောဆိုဆွေနွေးစရာများရှိပါ၏။ သို့ သော်ဤတွင်
ယခုစာတမ်းနှင့်သက်ဆိုင်သည့်ထေရဝါဒပါဠိပိဋကတ်စာပေအကြောင်းအရာကိုသာပြောပါမည်။
ပါဠိပိဋကတ်စာပေ၏သက်တမ်းမှာသက်တမ်းထောင်ချီကြာမြင့်လာသောအခါ
ခေတ်အဆက်ဆက်
စာပေပညာရှင်ကျေးဇူးရှင်ကြီးများ၏
ဖွင့်ဆိုရှင်းပြချက်ရှိသော်ငြားလည်း ကျယ်ကျယ်ပြန့် ပြန့် အားစိုက်
လေ့လာနိုင်သူအနည်းစုမှအပ
အများစုသောသူတို့ မှာ စကားလုံး၊ ဝေါဟာရ၊ဆိုလိုချက်တို့ အပေါ်
နားလည်နိုင်စွမ်းနည်းပါးလာပါသည်။
အခု… ချဉ်ဆားကိစ္စလည်း ထိုနည်းနှင်နှင်။ "ချဉ်ဆား"ဟူသည်
ချဉ်သောဆားအမျိုးအစားကို
ဆိုလိုလေသလား။ သို
့မဟုတ် အချဉ်အရသာ (မန်ကျည်း၊ သံပုရာ၊ ရှောက်) နှင့် အငန်အရအသာ (ဆား)တို့ ကို
ပေါင်းစပ်နာမ်အတိုကောက်အဖြစ် "ချဉ်ဆား"ဟု သုံးစွဲထားလေသလား အတွေးများစရာ
ဖြစ်နေ၏။
တိပိဋကပါဠိအဘိဓာန်၊ အ-ဝဂ်၊ အတွဲ ၁၈၊
လ-ဝဠာဟရဏတွင် ………………၊
"လောဏမ္ဗိလ ---- လောဏ+ အမ္ဗိလ =ဆား -အချဉ် ၊
ချဉ် နှင့်ဆား ၊ ချဉ်ဆား။ ဓာတ်သမုဒ္ဒရာကျမ်း ၂၅၉ ၌ကား လဝဏမ္ဗလ=ဆားချဉ် =Hydro
Chloric Acid=ဆားငရဲမီးပျော့ "ဆေးသုံးငရဲမီးဆေးရည်"
ဟုဖော်ပြ၏။ "
အဆိုပါအဘိဓာန်က "လောဏမ္ဗိလသေဝနတ္ထ=
ဆား၊ ချဉ်ဆားကိုမှီဝဲခြင်းဟူသောအကျိုး"ဟု မြန်မာပြန်၏။ ထိုမြန်မာပြန်အလို "ချဉ်ဆား"ဟူသည်
ချဉ်သောအရသာပါသည့်ဆားတမျိုးဟု အဓိပ္ပါယ်ဆောင်လေသည်။
တဖန်
အဆိုပါအဘိဓာန်မှာပင် ဆားကို အမျိုးအစား ၃ မျိုးတနည်း ၊ ၅ မျိုးတနည်း ဖော်ပြထား၏။
(၁) ဆား (၂)
ဆားငန် မြေညက် ၊ သဲဆပ်ပြာ (၃) ဆားငန်ရေ။
ဆားသည် ………၊
(၁) သမုဒ္ဒရာမြစ်ကမ်းအနီး သဲကဲ့သို့ ဖြစ်ထွန်းပေါ်ပေါက်သော
ဆား၊
(၂)
သိန္ဓရမည်သောတောင်၌ပေါက်သောဆား ၊ သိန္ဓောဆား၊ အဖြူရောင်။
(၃) မည်းနက်သောအဆင်းရှိသောဆား ၊ ဆားပုပ်။ (၁)
(၃) ပကတိဆား ၊ ဆားရိုးရိုး ။ (၂)
(၄) မြေမှအညွန့် ပေါက်သောဆား ၊ မြေပေါက်ဆား ၊
တွင်းထွက်ဆား။
(၅) ဓာတုဗေဒပစ္စည်းတို့ ဖြင့် ချက်အပ်သောဆား ၊ ချက်ဆား၊
အနီရောင်။
ဤရှင်းပြချက်အရ
ချဉ်ဆားဟု သီးခြားမရှိကြောင်း နားလည်ရပြန်၏။
ဦးဟုတ်စိန်၏ပါဠိအဘိဓာန်တွင် "ဆားအချဉ်
၊ လောဏမ္ဗိလ"ဟု ပြပြန်၏။ ချဉ်သော
အရသာပါဝင်သည့်ဆားဟု
နားလည်ရပြန်၏။
"ဆေးကျမ်းလာဆားမျိုးဝင်အပေါင်း"ဟု
ဆိုကာ သုတေသနသရုပ်ပြအဘိဓာန်တွင် ဆားမျိုး ၅ ပါး ကို ၃ နည်းခွဲကာ ပြလေသည်။
ချဉ်ဆားပါ-မပါစူးစမ်းကြဦးစို့ ။
(က) ၁- ဇဝက်သာ
၂- သိန္ဓော ၃- ဆားပုပ် ၄- သမုဒ္ဒရာဆား ၅-
ရုက္ခမူဆား။
(ခ) ၁- ဆား ၂-
သိန္ဓော ၃- သဲဆပ်ပြာ ၄- ယမ်း ၅- ကျပ်ခိုး။
(ဂ)
၁-သမုဒ္ဒရာဆား ၂- သိန္ဓော ၃- ဆားပုပ် ၄- ကျပ်ခိုး ၅ - မြေပေါက်ဆား။
ဤသု-ပြအဘိဓာန်အလို
ချဉ်ဆားဟု မရှိကြောင်း နားလည်ရပြန်၏။
ရသေ့ရဟန်းဟူသည် ဆားကိုပင်
သိုမှီးသိမ်းဆည်းထားမှုမပြုရကြောင်း ဇာတကအဋ္ဌကထာ၊ သတ္တကနိပါတ်၊ ဂန္ဓာရဇာတ်တော်ကို
သာဓကဆောင်ပြဟောကြားသည့် မဟာစည်ဆရာတော်၏ တုဝဋကသုတ်တရားတော်တနေရာ (စာမျက်နှာ
၁ဝ၆)တွင် "အချဉ်ဓာတ် နှင့် ဆားဓာတ်ကို မှီဝဲသုံးဆောင်လိုသောကြောင့်
ရသေ့များ ဟိမဝန္တာမှ
ဆင်းသက်ပြီး တောရွာအနီးအပါးသို့ ရောက်လာကြကြောင်း "တွေ
့ရပါသည်။
ဂန္ဓာရဇာတ်အဋ္ဌကထာ၌လည်း
"လောဏမ္ဗိလသေဝနတ္ထာယ=ချဉ်ဆားမှီဝဲစိမ့်သောငှါ"
ဟု ဖော်ပြသည်။
ယင်းကို မဟာစည်ဆရာတော်က အချဉ်က သီးခြားတခု၊ ဆားကသီးခြားတခုဟု ခွဲခြားပြပါသည်။
တောတောင်ရိပ်နေ ရသေ့များ မြို့ ရွာအရပ်သို
့ချဉ်းကပ်ကြသည့်အကြောင်းကိစ္စကို ဇာတက
အဋ္ဌကထာတွင် "ချဉ်ဆားမှီဝဲခြင်းငှါ"ဟု
အများအားဖြင့် ပြဆိုပါသည်။ ယနေ့ ခေတ် တောင်ပေါ်ဒေသ
များတွင်လည်း
ဆားသည် ရှားပါးကုန်ပစ္စည်းတခုဖြစ်ပြီး ဆားရရေးအတွက် မြေပြန့် ဒေသကို အားထား
ကြရသည်။
တောတောင်ဒေသတွင် အချဉ်ဓာတ်အတွက် အသီး၊ အရွက်များ ပေါပေါများများရနိုင်၏။ သို့ သော်
အချဉ်နှင့်တွဲဖက်စားသုံးရန် ဆားသည် မရှိမဖြစ်လိုအပ်နေသေးသည်သာပင်။ သို့ အတွက် "ချဉ်ဆား"တွင်
အချဉ်ဆိုတာ သီးခြားတခု၊ ဆားဆိုတာ သီးခြားတခုဖြစ်ဖွယ် အလေးသာလျက်ရှိပါ
သည်ကို တွေ့ ရ၏။
အလောင်းတော်ဟရိတစရသေ့သည် တောတွင်းတွင်
ဆားမပါသည့် သစ်သီးသစ်ဥတို့ ကို စားနေရသောကြောင့် အဟာရဓာတ်မပြည့်ဝ (ဝါ) အာဟာရချို
့တဲ့လာသည်။ တောတောင်မှာ အချဉ်သီး၊ အချဉ်ရွက်များ ရှိပါ၏။ ဆားမရှိလို
့စားရန်အဆင်မပြေ။ သို့ ဖြစ်လေရာ ဆား နှင့် အချဉ် တို့ ကို
အတူတကွပြည့်ပြည့်စုံစုံရနိုင်သော လူနေမြို့ ပြကျေးရွာများသို
့ကြွမြန်းတော်မူလာရပေတော့သတည်း။
အမရဒီပ
မတ်လ ၄ ၊ ၂ဝ၁၅
No comments:
Post a Comment