"အလှဟူသည်
ကြည့်သူ၏မျက်လုံးမှာ တည်ရှိ၏" ဟု အဆိုစကား ရှိဖူးသည်။ အကြည့်အမြင်ခံ အရာဝတ္ထု၊
သက်ရှိ၏ လှပမှု ၊ အကျည်းတန်မှုသည် ထိုအရာ၊ ထိုပုဂ္ဂိုလ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း
မရှိဘဲ ထိုအရာ ၊ ထိုပုဂ္ဂိုလ်ကို ကြည့်သူ၏အပေါ်မှာ မူတည်သည်။ ကြည့်သူက
လှပသည်ထင်လျှင် ထိုအရာ လှပလေ၏။ ကြည့်သူကအကျည်းတန်သည်ထင်လျှင် ထိုအရာ အကျည်းတန်လေ၏။
ထိုသို့ လှပမှု၊
မလှပမှုအတွက် ကြည့်သူမှာ ချစ်မြတ်နိုးစိတ်၊ စက်ဆုပ်မုန်းတီးစိတ်ကို အခြေခံပြန်သည်။ ချစ်မြတ်နိုးစိတ်ဖြင့်ကြည့်လျှင်
မလှပသောအရာ၊ ပုဂ္ဂိုလ်သည် လှပလာ၏။ စက်ဆုပ်မုန်းတီးစိတ်ဖြင့် ကြည့်လျှင် လှပသောအရာ၊
ပုဂ္ဂိုလ်သည် အကျည်းတန်လေ၏။ ထို့ ကြောင့် အလှဟူသည် ကြည့်သူ၏ မျက်လုံးမှာတည်၏။
ရသပညာရှင်တို
့ကလည်း ဆိုကြ၏။ "ရသသည် ရသခံစားသူမှာသာ တည်၏" ဟူသတည်း။
ဝေဿန္တရာဇာတ်တော်လာ
ဇာလီ နှင့် ကဏှာဇိန်မောင်နှမအား ဇူစကာပုဏ္ဏားကြီး အကြမ်းပတမ်း
ဆောင်ယူခန်းကို
ကြည့်သူ၊ ဖတ်သူတို့ အတွေးမြင်ကွင်းမှာ သနားစဖွယ်ကလေးတို့ အမူအရာ၊ မုန်းစဖွယ်ပုဏ္ဏားအို၏
ကိုယ်ချင်းမစာအပြုအမူတို့ ကို သရုပ်ဆောင်တို့ က ပီပြင်စွာသရုပ်ဆောင်၏။
ထိုသရုပ်ဆောင်တွေမှာ ရသဖြစ်ပေါ်ခြင်းမရှိချေ။ ပွဲကြည့်သူတို့ က သရုပ်ဆောင်ကို
သရုပ်ဆောင်သူဟုမမြင်တော့ဘဲ
ဇာလီအစစ်၊ ကဏှာဇိန်အစစ်ဟုမြင်လာမည်။ ဇာလီ၊ကဏှာဇိန်တို့ နေရာမှာ
ကိုယ်တိုင်ခံစားမည်။ ထိုအချိန်တွင် ရသဟူသည် ကြည့်သူအပေါ်မှာတည်လေ၏။
သြော်…အလှတရား
နှင့် ရသတရားသည် သည်သို့ သည်နှယ် သရုပ်သကန်ချင်းနီးစပ်နေကြ၏။
ဆွမ်းခံကြွသော
ရဟန်းသည် တန်ဆာဆင်ထားသည့်အမျိုးသမီးကို မြင်လိုက်၏။ "ချောလိုက် လှလိုက်တာ"ဟူသော
အမှတ်ဖြင့် ကြည့်မိ၏။ ပါဠိစာအတိုင်းဆိုက "သုဘဝသေန သြလောကေသိ=
တင့်တယ်၏ဟုအမှတ်ဖြင့်ကြည့်မိ၏" ။ သည်လိုဆိုကတည်းက "အလှတရားသည်
ကြည့်သူရဟန်း
၏မျက်လုံးမှာ
ယှဉ်တွဲပါနေလေပြီ"
နောက်ပုဂ္ဂိုလ်တဦးကိုကြည့်ဦးမလား။
အလောင်းတော် ဟရိတစရသေ့ ကောင်းကင်ခရီးကို ဈာန်ယာဉ်စီးကာ နန်းတော်သို့ ကြွလာသည်။ နန်းတော်ဦးရှိ
ခြင်္သေ့ခံ မြကျောက်စီလေသာပြတင်းမှ နန်းတွင်းဝင်သည်။ သလွန်ပေါ်လျောင်းအိပ်နေသော
မုဒုလက္ခဏဒေဝီကလည်း ဖျတ်ကနဲ ထရပ်လိုက်ရာ ကိုယ်ဝတ်လျှောကျသည်။
သည်တွင်လည်း ကြည့်သူက "သုဘဝသေန သြလောကေသိ= တင့်တယ်လှပပေစွ"အမြင်ဖြင့်
ကြည့်မိ၏။ အလှ နှင့် ရသကိုပူးတွဲခံစားမိသော ဟရိတစရသေ့၏အပြန်ခရီးကား
ကောင်းကင်ခရီးမဟုတ်ပြီ။ ဈာန်လျှောကာ မြေလျှောက်ရသေ့ဖြစ်သွားလေ၏။
ဆွမ်းခံကြွရဟန်း
နှင့် ဟရိတစရသေ့တို့ ၏ အလှ၊ ရသခံစားပုံအကြောင်း တွင်းသင်းမင်းကြီးဖွဲ့ ဆိုပုံ
ပြန်ကြည့်ကြဦးစို့ …။
ထိုခါ၌ဝယ် ၊
ရစ်ကျိုက်သွယ်ကာ
ငယ်ပျူငှါနှင့် ၊ ရတနာစံကျော်
လှမနော်ကို၊
မျက်မြော်တည့်ထင်
ဖြုတ်ခြည်းမြင်သော်
၊ ကောင်းအင်စံမှတ်
သူ့ အတတ်ဖြင့် ၊
ဖြောင့်မတ်လမ်းကြီး
ဝေမနီးက ၊ တန်
့ဘီးမျက်နှာ
မြှော်လိုက်ကာမျှ ၊
ကိလေသာ ကျား
ခြံကိုလွှားသော် ၊
စိတ်နွားလန့် ဖျတ်
တန့် မရပ်လျက်
…….။(၄)
အဋ္ဌကထာပါဠိက "တဿ
အဗ္ဘန္တရေ ကိလေသော စလိ"ဟု ဆို၏။ ညောင်ကန်ဆရာတော်က "ထိုရဟန်း၏ကိုယ်တွင်း၌
ကိလေသာသည်လှုပ်၏"ဟု မြန်မာပြန်၏။ ကိလေသာလှုပ်ပုံကား သရုပ်မပေါ်လှချေ။
ယင်းကို ပျို့ ဆရာက
"ကိလေသာကို ကျားအဖြစ်၊ စိတ်ကိုနွားအဖြစ်၊ မျက်စိကိုစောင့်စည်းခြင်းဆိုင်ရာ
ဝိနည်းသိက္ခာပုဒ်ကို ခြံစည်းရိုးအဖြစ်" ဥပမာပေးပြလိုက်၏။ ကျားရဲသည် အကာအရံကို
လွှားကနဲ ခုန်ကျော်ကာဝင်လိုက်၏။ တင်းကုပ်ထဲက နွားသည် ကျားနံ့ ကြောင့် ဆောက်တည်ရာမရ
ကြောက်
လန်
့တုန်လှုပ်နေပုံမှာ ရုပ်ရှင်ကားပြကွက်တခုလို မြင်လာ၏။
သရုပ်ဖော်စာကား
မကုန်သေးပေ။ "ဝါသိယာ အာကောဋိတခီရရုက္ခော ဝိယ အဟောသိ" ဟု အဋ္ဌကထာဆို၏။ ညောင်ကန်ဆရာတော်က
"ပဲခွပ်ဖြင့်ခတ်အပ်သော အစေးရှိသော သစ်ပင်ကဲ့သို့ ဖြစ်
၏" ဟု
မြန်မာပြန်၏။
တွင်းသင်းမင်းကြီးက
ယင်းစာတို့ ကို ဤသို့ ဖွဲ့ လေ၏။
ပဲခွတ်ခတ်သင့် ၊
နို့ ရည်ပွင့်သား
သစ်ပင့်အရောင်…..။(၄)
ရာဘာပင်၊
ပိန္နဲပင်လိုအပင်မျိုးကို ဓားဖြင့်ခုတ်ထစ်လိုက်ပါက အစေးစီးယိုကျလာသည်။ စိတ် (ရဟန်း၊
ရသေ့တို့ ၏စိတ်)သစ်ပင်ကို အဆင်းအမြင်အာရုံဓားနှင့်ခုတ်လိုက်တော့ ကိလေသာအစေးများ
တသွင်
သွင်ကျပုံကို
မြင်ရလေ၏။
အဋ္ဌကထာမူရင်းစာတွင်
မပြဘိသော ဥပမာတခုကိုလည်း တွင်းသင်းမင်းကြီးက ဆက်တိုက် ရေးပြလေ၏။
ဆင်ပြောင်မုန်အိုင်
၊ ချွန်းမနိုင်သို့ 
ယိမ်းယိုင်းမူးဝေ ၊
ဣနြေ္ဒလည်း
ပျက်လေရှင်းရှင်း ၊
တခဏချင်းဖြင့်
တင်းတင်းမမျှ ၊
ကြက်သီးထလျက်
ရာဂစုတေ ၊ တောတစေ
ၦကုိ
လွတ်လေဖြန်းဖြန်း၊
ကမ္မဋ္ဌာန်းလည်း
ရွတ်မန်းမပျော် ၊
တဖျော်ဖျော်သည်
ကိုယ်တော်တိမ်းတိမ်းပင်းပင်းတည်း…..။(၄)
ဆွမ်းခံရဟန်းသည်
လှနိတုံကလေးကို မြင်မြင်ချင်းဖြစ်သွားပုံကလေးကို ဖွဲ့ ဆိုပြီးနောက် ဟရိတစရသေ့
မုဒုလက္ခဏဒေဝီ၏ ရွှန်းရွှန်းစားစား ပြက်ပြက်ဝင်းဝင်းအလှအပကိုမြင်ပြီး
ဖြစ်သွားပုံကိုလည်း နှိုင်းယှဉ်ရှု
စားသင့်ပါ၏။
ရသေ့ရှင်လည်း ၊
ကောင်းကင်မိုးထက်
လျှောလျှောသက်၍ ၊
ကိုးမျက်ပြည့်မံ
ခြင်္သေ့ခံသား ၊
ရောင်လျှံထွန်းတောက်
လေနန်းပေါက်ဖြင့် ၊
ချောက်ချောက်ကိုယ်တော်
ရှုမြှော်မရဲ ၊ အသာဆွဲ၍
ဖောက်ခွဲမြေက ၊
ပေါ်လှစ်ပြသည်
နာဂသဏ္ဌာန် ခန့် မှန်တူရူ
ဝင်တော်မူသော် ၊
နှစ်ဆူလဝန်း ၊
ဝိဒေကျွန်းက
ပေါ်ထွန်းသောယောင် ၊
ရွှေနန်းချောင်ဝယ်
အရောင်ပေါင်းစု ၊
စောမုဒု၏
ဖွံ့ နုပျို
့ပျို့ ၊ ရွှေရင်စို့ ကို
နှစ်လို့ လေးမြတ် ၊
ရှုမိလတ်သည်
ရိုးပြတ်ခြင်ဆီ
ချင်းချင်းတည်း……။ (၃၇)
သည်နေရာမှာ ဝါဒကွဲ
တွေ ရှိသည်။ သူတမျိုး ငါတဖုံပြောကြသည်ကို တွေ့ ရ၏။ တွင်းသင်းမင်းကြီးက ရသေ့သည်
မုဒုလက္ခဏဒေဝီ၏ "ဖွံ့ နုပျို့ ပျို
့ရွှေရင်စို့ " ကို မြင်သည်ဟု ဆို၏။အဆိုတရပ်။
"မဋ္ဌသာဋကော ဘဿိ"ဟူသော
အဋ္ဌကထာစကားကို ညောင်ကန်ဆရာတော်က "မိဖုရား၏ပြေပြစ်
သောအဝတ်သည်
လျှောကျ၏"ဟု မြန်မာပြန်လေရာ ရွှေရင်စို့ စို့ သာမက တကိုယ်လုံးအလှတရား
ကို အတိုင်းသား
မြင်သည်ဟု ယူဆဖွယ်လည်း ရှိ၏။ အဆိုတရပ်။
ဒေဝစ္ဆရာ ၊
မလ္လာညွန့် သို့ 
ရွှေရင်စို့ နှင့် ၊
ချစ်ပျို့ စံပ
ပွရရွကို ၊ ကာယယိမ်းညွှတ်
ရှုမိလတ်၍ ၊
သက်ပြတ်သောသူ
ငါတမူလည်း ……။(၅၂)
"ရွှေရင်စို့ "ကိုမြင်သည့်အပြင်
"ပွရရွ"ကိုလည်း မြင်လိုက်သေးသည်ဟူရာ "ပွရရွ" ဆိုတာ ဘာလဲ
တွေးရခက်နေပါသေးသည်။ တွေးကြပါကုန်။
အမြင်အကြောင်းဝါဒကွဲပြားသော်လည်း
မြင်သူခံစားချက်ကား ဝါဒမကွဲပါချေ။ ကိလေသာလှုပ်၊ သစ်ပင်ခုတ်တော့ အစေးယိုဆင်း၊
ကျီးကန်းငှက်အတောင်ပြတ်သလို ရသေ့ခမျာ ဖြစ်ရရှာလေ၏။
မိစံလွတ်အား ၊
မျက်မှတ်တူရူ
မြင်တော်မူသော် ၊
ရှင်ဖြူမဟာ
ဂုဏဝါလည်း ၊
သည်းချာလှုပ်ခြွေ
ပြတ်မူးသေမျှ ၊
ကိလေမုန်တိုင်း
လှိုင်း၍လှုပ်ဖြို ၊
တောင်လုံးပြိုလျက်
ရွက်ညိုနွယ်ရှင် ၊
အုပ်မွမ်းပင်ကို
သံရှင်နုတ်ချွတ် ၊
ခုတ်ကပြတ်သို့ 
ဈာန်မြတ်ပျောက်ကွယ်
၊ မှောက်ချင်းပြယ်၍
မိုးလယ်ပျံတက် ၊
ကျီးတောင်ပြတ်နှင့်
နှိုင်းခတ်မမှား ၊
ရသေ့ဖျားသည်
ဖဝါးမြေပြင်
နင်းနင်းတည်း…… ။ (၃၈)
အမြင်ဒဏ်မြှားချက်ကြောင့်
အလှတရားအဆိပ်၊ ရသတရားအဆိပ်သင့်ကာ ဆွမ်းခံရပ်ရွာမှ ကျောင်းဝိဟာအပြန်ခရီးဆက်ရှာသော
ရဟန်း၊ ရသေ့တို့ ကား ကမ္မဋ္ဌာန်းအမှတ်၊ ဈာန်သမာဓိ ပါမလာတော့ပြီ။ အလဲလဲအပြိုပြို
နှလုံးသားဒဏ်ရာမှ ရဲရဲနီးစွေး ဓမ္မသွေးတို့ တစက်စက် ခန်းခြောက်ကြလေပြီ။
အကျိုးဆက်ကား
အစုန်လမ်းသို့ ပြန်လည်လိုကြခြင်းပါတည်း။ ကိလေသာကို ချုပ်တည်းထားနိုင်ခိုက်
မှာ အဆန်လမ်းပေါ်
မိမိအရိပ်သာအဖော်အဖြစ်ဖြင့် တကိုယ်တော်ခရီးနှင်နေရခြင်းကို ပျော်နိုင်၊
နှစ်သက်နိုင်၏။ ကိလေသာလွှမ်းမိုးခံချိန်မှာတော့ တကိုယ်တော်ဘဝကို စွန်
့လွှတ်ချင်လာသည်။ ကြင်ဖော်နှင့် ရွှေလက်တွဲမည့်ဘဝကို မျှော်မှန်းလာသည်။ သို့ သော်
ဘဝသည် ဘဝ။ ဆန္ဒသည် ဆန္ဒ။
ဘဝ နှင့် ဆန္ဒ တသားတည်းထပ်တူထပ်မျှမဖြစ်တော့
ညဉ်းတွားငိုရှိုက်၊ ဘဝအမော ၊ ဘဝသောကတို့ 
လူသားကို
လွှမ်းမိုးချုပ်ကိုင်လာသည်။ ထိုအခါတွင် တမ်းချင်းကဗျာ၊ လွမ်းချင်းကဗျာတို
့ထွက်ပေါ်လာ
ကြ၏။အမရဒီပ
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၅
No comments:
Post a Comment