အချိန်ကာလ၊
နေရာဒေသတို့ သာ ကွာခြားပေမည်။ ဇာတ်လမ်း ၊ ခံစားမှု၊ အတွေ့ အကြုံ မှာ
ထပ်တူထပ်မျှဟုဆိုနိုင်သော ဖြစ်ရပ်တို့ တခေတ်ပြီး တခေတ်ပေါ်ပေါက်နေကြသည်။ ဗုဒ္ဓရှင်ပင်လက်
ထက်က
အသစ်စက်စက် နှလုံးသားသစ်ကိုင်းတခုပေါ် ခဏနားပြီး ဖြတ်ကနဲပျံသန်းသွားသော အချစ်ငှက်ငယ်လေးတကောင်ကြောင့်
သစ်ကိုင်းလေး လှုပ်ရမ်းကျန်နေရစ်သည်။ သစ်ကိုင်းလေးလှုပ်
တော့
သစ်ရွက်တွေပါ လှုပ်ရှားကြလေ၏။
ထိုသစ်ကိုင်းလေးကတော့ ရဟန်းတပါးဖြစ်၏။
သစ်ရွက်တွေကတော့ သူ့ အဖော်အပေါင်းရ
ဟန်းတွေဖြစ်ကြ၏။
ငှက်ကလေးကတော့ လှရှာသူကလေးတယောက်ပင်ဖြစ်လေသည်။ သူကလေး
ကို
အခိုက်အတန့် တခုမျှ မြင်ခွင့်ရသော ရဟန်းသည် ညှို့ အလှစက်ကွင်းမှ ရုန်းမထွက်နိုင်ဖြစ်သွားရ
တော့သည်။ စားလည်း
ဒီစိတ်၊ အိပ်လည်း ဒီစိတ်၊ တချိန်လုံးလည်း ဒီစိတ်ဖြစ်နေသည်ကို ယခုခေတ် လူငယ်တွေက အဆိုတော်တွေရဲ့သီချင်းလို
"
ရောဂါ-
ရောဂါ"ဟု ဆိုကြလိမ့်မည်။ ဟုတ်ပါ၏။ အလှကြောင့် ရောဂါတက်ခဲ့ရသည်။ ဤသည်ကား
ဟိုးလွန်လေပြီးသော နှစ်ထောင့်ငါးရာကျော် က အဖြစ်အပျက်ပင်ဖြစ်သည်။
ကုန်းဘောင်ခေတ်အကြို
-ညောင်ရမ်း (ဒုတိယအင်းဝ)ခေတ်နေဝင်ချိန် မဟာဓမ္မရာဇာဓိပတိ (ခ)
ဟံသာဝတီရောက်မင်းလက်ထက်
ညောင်ကန်ရွာ ၊ ရွှေကန်ကျောင်းမှာ သီတင်းသုံးသည့် သျှင်လင်္ကာသာရရဟန်းငယ်သည်
တယောက်သောသူနှင့် သံယောဇဉ်ကြိုးချင်းရစ်တွယ်ငြိကာ အချစ်ငှက်ဖြစ်သွားဖူးသည်။
ဗုဒ္ဓခေတ် နှင့်
ညောင်ရမ်းခေတ်က အချစ်ငှက်တို့ သည် ဆိုခဲ့သလို နေရာ၊ အချိန်တို့ သာ ကွာသည်။
ခံစားချက်၊
ဘာသာဗေဒ၊ အတွေးအမြင်ဆိုတာ ထူးမခြားနား..။
သျှင်လင်္ကာသာရသည်
စာပေလေ့လာမှုအားဖြင့် ဗုဒ္ဓခေတ်တုန်းက အချစ်ငှက်ရဟန်းတပါးကို သွား
တွေ့ သည်။ ရင်ခုံသံတူ၊
ခံစားမှုတူပြီဆိုတော့ ဘာသာဗေဒလည်း တူပြီတည်း။ သို့ နှင့် သျှင်လင်္ကာသာ
ရသည် သူ့ ခံစားမှု၊
သူ့ အတွေ့ အကြုံကို ဗုဒ္ဓခေတ်ရဟန်းနှင့် ထပ်တူခံစားရင်း မဟာကဗျာတပုဒ်
မွေးဖွားလိုက်သည်။
ယင်းမဟာကဗျာမှာ …..
မုဒုလက္ခဏပျို့ ပင်ဖြစ်သည်။
မုဒုလက္ခဏပျို့ ကို တွင်းသင်းမင်းကြီး မဟာစည်သူ ရေးသည်ဟု
စာပေမှတ်တမ်းရှိသည်။
တကယ်တော့ အတိအကျပြောရလျှင် တွင်းသင်းမင်းကြီးမဖြစ်ခင်ကတည်းက ရဟန်းတော်
အသျှင်လင်္ကာသာရဘဝဖြင့်မုဒုလက္ခဏပျို
့ကို ရေးသားသည်။
ယင်းနောက်
ဘုရင်လည်းပါတော်မူ၊ အင်းဝလည်းပျက်လေရာ သျှင်လင်္ကာသာရသည် လူဝတ်လဲကာ
အလောင်းမင်းတရားထံတော် ခိုဝင်ခစားသည်။ မင်းတရားကြီးက တတိယသားတော် ဗဒုံမြို့ စား
မင်းသား၏
အကြီးတော်အဖြစ်ဖြင့် ခစားစေသည်။ ဗဒုံမြို့ စားအထွတ်အထိပ်ရောက်သောအခါ
ရာထူးအဆင့်ဆင့်မြင့်တက်ခန့် ထားခြင်းခံရသည်။ မဟာစည်သူဘွဲ့ နှင့်
တွင်းသင်းတိုက်ဝန်ရာထူးမှာ အမြင့်ဆုံးဖြစ်သည်။
ဤနေရာတွင်
စိတ်ဝင်စားဖွယ်အချက်ကား အမတ်ကြီးသည် လူဝတ်လဲပြီးနောက်သူ၏အချစ်ငှက်
ကလေးနှင့်
တကိုင်းတည်းနား ဖူးစာဖက်လေသည်ဟူ၏။ ဤတချက်ကား ဟိုရဟန်းနှင့် မတူပါလေ…။
တွင်းသင်းမင်းကြီး၏
မုဒုလက္ခဏကဗျာကျမ်းသည် ငယ်လက်ရာတခုဖြစ်ကြောင်း မင်းကြီးကိုယ်တိုင် ဝန်ခံထား၏။
ကဗျာကျမ်းပြုစုခြင်း၏ရည်ရွယ်ချက်ကိုလည်း ပြောပြထားလေသည်။
ရွှေကန်ဟူသည် ၊
ကျောင်းရွှေရည်ဝယ်
မထေရ်ပုဂ္ဂိုလ် ၊
ထိုထိုကျမ်းတတ်
သူမြတ်တို့ ထံ ၊
ကြိုးနွံထင်ရှား
သုံးပါးပရိယတ်၊
ဝမ်းဝယ်မှတ်၍
အမြတ်တသင်း ၊ မွေ
့လျော်ခြင်းတွင်
သန့် ရှင်းဝါဒ ၊
ကျင့်စာရနှင့်
ဓမ္မရတိ ၊
လွန်မောဘိဟု
အသိဝင်စား၊
သတိထားလျက်
ချုပ်တားမှတ်ပိုက်
၊ နေစဉ်ခိုက်ဝယ်
ရှေး၌ဝါသနာ ၊
ထုံရင်းပါ၍
လင်္ကာသာရ ၊ နာမခေါ်ဆို
ငါသည်ကိုလျှင်၊ နုပျိုရွယ်အောက်
ငါးဝါမြောက်တွင်၊
နောက်နောင်သူအား
ကျိုးစီးပွားလျှင်
၊ များပစေငှါ
အကြောင်းစွာလျှင် ၊
ကရုဏာတိုက်မှု
ကြီးစွာပြုသား ၊
မုဒုလက္ခဏ
ဇာတကဟု ၊
အိုင်မအချာ
ရေသီတာဝယ် ၊
တဏှာစေးညွှန်
ပူပန်သသူ ၊
ခပ်သိမ်းသူတို့ 
ကြည်ဖြူရွှန်ဖြိုး ၊
နှလုံးနိုး၍
သွန်းချိုးဆွတ်ကြစေကုန်သတည်း။
(၉၉)
ညောင်ကန်ဆရာတော်၏
မုဒုလက္ခဏဇာတ်မြန်မာပြန်တွင်-----------၊
"နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော
သဗ္ဗညုမြတ်စွာဘုရားသည် "ဧကာ ဣစ္ဆာ ပုရေ အာသိ " အစရှိသော ဂါထာပုဒ်ဖြင့်
တန်ဆာဆင်အပ်သော ဤမုဒုလက္ခဏဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်
တယောက်သောအမျိုးသားကို အကြောင်းပြု၍ ဟောတော်မူ၏။ " ဟု ပြန်ဆိုတော်မူ၏။
မုဒုလက္ခဏဇာတ်အဋ္ဌကထာပါဠိတွင်--------------၊
"ဧကာ ဣစ ၦာ
ပုရေ အာသီ"တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော သံကိလေသံ အာရဗ္ဘ ကထေသိ"ဟု
ပြဆိုလေရာ (သံကိလေသံ= ညစ်ညူးကြောင်းကိလေသာကို) ဟူသည့်ပါဠိနှင့်ဆက်စပ်ပြီး
ညောင်ကန်ဆရာတော်၏မြန်မာပြန်တွင် တစုံတရာပြဆိုခြင်းမတွေ့ ရချေ။
တွင်းသင်းမင်းကြီး၏
မုဒုလက္ခဏကဗျာကျမ်းတွင်----၊
တို့ ချစ်ရှင်ကား ၊
သုံးခွင်ဘုံသူ
နတ်နှင့်လူကို ၊
ပင့်ကူကိလေ
မငြိစေတည့် ၊
အောင်မြေပူရိ
သာဝတ္ထိဟု ၊
ပြည်ကြီးတံခွန်
တောင်လက်စွန်၌ ၊
ဇေတဝန်ဝိဟာ
စံသောခါတွင် ၊
သဒ္ဓါညှိုးချုံး
မောဟဖုံး၍ ၊
နှလုံးတိမ်းပါး
ယွင်းသောအားဖြင့် ၊
တရားမမြင်
စိတ်ဆန့် ကျင်သည့်
၊ ရှင်တယောက်အား
မျက်မှောက်ထား၍ ၊
ဆန်းပြားချိုသာ
ဟောလို့ ငှါလျှင် ၊
ဧကာ ဣစ ၦာ
အစျဖာသား ၊ ဂါထာတခု
တိုင်တည်ပြု၍ ၊
မုဒုလက္ခဏ
ရှေးဘဝကို ၊
သံမြချီငေါ်
မိန့် မြွက်ဖော်သည်
၊ ရှင်တော်သုံးလူသနင်းတည်း…..။ (၁) ဟု စပ်ဆိုပြ၏။
"သံကိလေသံ"ပါဠိအတွက်
"သဒ္ဓါညှိုးချုံး ၊ မောဟဖုံး၍ ၊ နှလုံးတိမ်းပါး၊ ယွင်းသောအားဖြင့်၊ တရားမမြင် ၊
စိတ်ဆန့် ကျင်သည့်၊ရှင်တယောက်အား" ဟူသော ဘာသာပြန်မှာ အတုယူဖွယ်ကောင်းလှပါ၏။
ပုဂ္ဂိုလ်ဆိုသည့်
ပညတ်၊ မောဟ-တဏှာဆိုသည့် ပရမတ်တို့ ကို စုံအောင် ပြထားလေ၏။
ညောင်ကန်ဆရာတော်၏ဇာတ်မြန်မာပြန်စကားပြေတွင်
"တယောက်သော သာဝတ္ထိမြို့ ၌နေသော
အမျိုးသားသည် မြတ်စွာဘုရား တရားတော်ကို နာရ၍ ရတနာတည်းဟူသော သာသနာ၌ ဝမ်းရေးကို
မငဲ့ဘဲ ရဟန်းပြုပြီးလျှင် အဖန်တလဲလဲ ကမ္မဋ္ဌာန်း၌လုံ့ လပြုသည်,ကမ္မဋ္ဌာန်း၌အမြဲယှဉ်သည်,မလွတ်
သော ကမ္မဋ္ဌာန်းရှိသည်ဖြစ်၍ တနေ့ သ၌ သာဝတ္ထိမြို့ သို
့ဆွမ်းအလို့ ငှါ သွားသည်ရှိသော် တယောက်
သော တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ တင့်တယ်၏ဟု
နှလုံးသွင်းသည်၏အစွမ်းအားဖြင့် ဣနြေ္ဒ
တို့ ကိုဖျက်၍ ကြည့်သတတ်……." ဟု
ဇာတ်လမ်းကို အစချီဖွင့်ပြလေ၏။ မူရင်းဇာတ်အဋ္ဌကထာပါဠိဝါ
ကျတကြောင်းတည်းကို
မြန်မာပြန်ဝါကျတကြောင်းတည်းဖြင့် ဘာသာပြန်ဆိုထား၏။
ပျို
့ကဗျာဆရာသည်ကား အတိအကျ၊ အပိုအလိုမရှိသော ဘာသာပြန်နည်းကို မသုံးချေ။ သိုင်းဝိုင်းသင့်
တန် သိုင်းဝိုင်း၊
ချဲ့ တန်ချဲ့ ၊ ချုံ့ တန်ချုံ့ ကာ စိတ်ကူးဉာဏ်ကူးကွန်
့မြူးဝေဆာခွင့်လိုင်စင်ရသူဖြစ်လေရာ သာဝတ္ထိမြို့ သား ရဟန်းပြုပုံ၊ စာသင် တရားကျင့်၊
မြို့ တွင်းသို့ ဆွမ်းခံကြွပုံ၊ အမျိုးသမီးကိုမြင်ပုံ၊ အချစ်စိတ်တို
့ယိုဖိတ်တသွင်သွင်ဖြစ်ပုံကို အားပါးတရဖွဲ့ ပြလေတော့၏။
သာဝတ်ရသေ့ ၊
ပျော်မွေ့ စင်စစ်
နေရာဖြစ်၍ ၊ ကြားလစ်နှံ
့သိ
သာဝတ္ထိဟု ၊
ပြည်ကြီးစတေ
ကျော်နှံ့ မွေတွင်
၊ ချက်ကြွေမြှပ်ရာ
ဆင်းအင်္ဂါနှင့် ၊
လက္ခဏာကွေးလွေး
သူကောင်းသွေးလျှင်
၊ သံလေးချီငေါ်
သုံးလူ့ ဘော်၏၊
နှုတ်တော်ထွေသာ
ဒေသနာကို ၊
ကြားကာငြိမ့်ငြိမ့်
သဒ္ဓါစိမ့်၍ ၊
နှစ်သိမ့်ဝမ်းသာ
သာသနာ၌ ၊ မျက်နှာလှည့်လည်
ရင်းရှေ့ တည်လျက် ၊
ဖန်ရည်နီမြန်း
ဝတ်သင်္ကန်းနှင့် ၊ ရဟန်းသူမွန်
ဖြစ်ပြီးထွန်သော် ၊
ကျမ်းဂန်ကြီးငယ်
အသွယ်သွယ်ကို ၊ ဝမ်းဝယ်ပြတ်သား
မှတ်ပိုက်သားလျက် ၊
ဆန်းပြားတုံလစ်
ဆစ်ဆစ်မျက်မျက် ၊
ခဲခက်ရာရာ
ဖွေကရှာ၍ ၊ လင်္ကာ,တောဒည်း
ကစ္စည်းမလွတ်၊
ပရမတ်ကျယ်ဝင်း
ခုနစ်ကွင်းလည်း ၊
ချင်းနင်းသိမ်မွေ့ 
တတ်စုံစေ့လျက် ၊
မမေ့မလျော့
မျဉ်းပျော့သေသတ်၊
ပရိဝသ်နှင့်
မာနတ်ဝိနည်း၊ စောင့်စည်းမှတ်ပိုက်
ဆိုခြင်း၌လည်း ၊
စိုက်စိုက်ဖြောင့်ညံ့
ခန့် သားနှလုံး ၊ သုံးသားသီလ
အာစာရတုံ ၊
ထဲပညီလစ်
ရွှေစင်နစ်သို့ ၊
မညစ်ညူးအောင်
သိမ်းထားဆောင်သည် ။ ။ နောက်နောင်ကျင့်ပုံခင်းခင်းတည်း။
(၂)
ဖြစ်ရပ်ဇာတ်လမ်းမှာ
ဗုဒ္ဓခေတ်နောက်ခံပေငြား သာသနာနှစ် ၁၇ဝဝ ကျော်ကာလရေး သီဟိုဠ်
အရှင်သံဃရက္ခိတ၏
သုဗောဓာလင်္ကာရ (အလင်္ကာ)၊ ဝုတ္တောဒယ (တောဒည်း)ကျမ်း၊ အရှင်ကစ္စာယနထေရ်၏
ကစ္စည်းသဒ္ဒါကျမ်းတို့ လို နှောင်းခေတ်စာသင်သားပြဋ္ဌာန်းကျမ်းစာအမည်တွေ ပါလာသည်။ ပရမတ္ထတရားစုကိုပြဆိုရာ
အဘိဓမ္မာ ၇ ကျမ်းကို "ပရမတ်ကျယ်ဝင်း ၊ ခုနစ်ကွင်း"ဟု ပြသည်။
ဝိနည်းပိုင်းရာ ပရိဝသ်ဆောက်တည်ပုံ၊ မာနတ်ကျင့်ပုံအကြောင်းကိုလည်း မမေ့မလျော့
ရေးသားသည်။ ဤသင်ခန်းစာတို့ သည် တွင်းသင်းမင်းကြီး ရဟန်းဝတ်ဘဝကာလကစာသင်သား
သင်စာတွေဖြစ်မည်ဟု
ခန့် မှန်းမိပါသည်။
မုဒုလက္ခဏဇာတ်ပါဠိ
နှင့် မြန်မာပြန်မှာ သာဝတ္ထိသားရဟန်းသည် စာသင်ကြောင်းမရေး၊ သို့ သော်
အခြားဇာတ်လမ်းများတွင် ရဟန်းပြုလာသူသည် ၅ ဝါရသည်အထိ ဆရာသမားအထံ ဝိနည်းကျင့်ဝတ်
နှင့် အထွေထွေသိမှတ်ဖွယ်တို့ ကို သင်ယူရကြောင်းဆိုသည်။ ယင်းနောက် ကမ္မဋ္ဌာန်းယူကာ
တရား
ကျင့်ကြသည်။
ထိုအဆိုကိုကြည့်ပြီး မုဒုလက္ခဏပျို့ ဆရာက ရဟန်းသစ် စာသင်ပုံအကြောင်း ရေး
ခြင်းဖြစ်ပေသည်။ ဇာတ်ပါဠိအဋ္ဌကထာကို အခြေပြုဖွဲ့ ဆိုသော မြန်မာပျို
့ကဗျာဆရာသည် ထပ်ဆင့်ဖွင့်ဆိုရှင်းလင်းခြင်းလုပ်ငန်းဋီကာဆရာအလုပ်ကိုလည်း
မရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်၍ဖြစ်
စေ လုပ်ဆောင်လေ၏။
ကမ္မဋ္ဌာန်း၌လုံ့ လပြု,အမြဲယှဉ်တွဲ,ကမ္မဋ္ဌာန်းမလွတ်သော
ရဟန်းအမူအရာကိုလည်း စာဖတ်သူ၏
အတွေးမှာမြင်သာလာအောင်
ဖွဲ့ ပြန်၏။
ဝိပဿနာဓူရ ၊
ကြီးလုံ့ လဖြင့်
ဓမ္မစာရီ ၊ ကျော်ညီမှန်ဘိ
ရဲသတ္တိနှင့် ၊
ပရိသုဒ္ဓ
သာရကြိုင်သင်း၊ မှဲ
့မြူကင်းလျက်
မထင်းမမှို ၊
အကုသိုလ်ကို
ထိုထိုလွှင့်လိုက် ၊
တနေ့ ၌ဝယ်….။ (၃)
"တနေ့ သ၌
(ဧကဒိဝသံ) " ဟူသည်ကိုပင် ဖွဲ့ ထားနွဲ့ ထားလိုက်မှာ စကားလုံးလှိုင်းကြက်ခွပ်တို
့တအိ
အိရှိလွန်းလှ၏။ အကုသိုလ်အစွန်းအထင်း၊
အကုသိုလ်မှိုတက်သည်ကို ထိုထိုနည်းဖြင့် လွင်စင်စေ (လွှင့်လိုက်)ပြီးသော တနေ
့သ၌….တဲ့။ ကဗျာဆန်လှသည်။
ရောင်မြိုက်ရှင်လှ
၊ စောစောထ၍
ထိုမျှဝတ်ကုံ ၊
ပြီးပြည့်စုံသော်
အာရုံရှုကွက် ၊
နေရုဏ်တက်က……။(၃)
ရဟန်းသည်
နံနက်စောစောထ၍ ကျေးဇူးရှင်ဆရာတို့ အပေါ် အာစရိယဝတ်၊ ဥပဇ္ဈာယဝတ်
ဝတ်ပြုမည်။ ယင်းနောက်
မိမိနေရာ (သို့ မဟုတ်) စုပေါင်းဝတ်ပြုနေရာခန်းမတွင် သတိပဋ္ဌာန်ကမ္မဋ္ဌာန်း
ကို အားထုတ်ပေမည်။ ဤတွင်
"အာရုံရှုကွက် ၊ နေရုဏ်တက်က"စကားမှာ ဆန်းပြားလှသည်။
သတိပဋ္ဌာန်အာရုံရှုကွက်အပေါ်
စူးစိုက်ချိန်သားကိုက်ဖြစ်နေသည့် မှတ်စိတ်သတိသည် လုပ်ငန်းခွင်တွင်တဖြည်းဖြည်းအရှိန်တက်လာသည်။
ရဟန်း၏တရားအာရုံအရှိန်မြင့်တက်သည်နှင့်အမျှ နေ့ သစ်အကြို နေအရုဏ်ကလည်း အရှေ
့လောကဓာတ်ဆီမှ ရောင်နီဖြာတက် ထွက်ပြူစပြုလာသည်။
တရားရှုကွက်လည်း
မြင့်တက်လာ…၊ နေအရုဏ်လည်း မြင့်တက်လာသော ဖြစ်ရပ် ၂ ခုကို နှိုင်းယှဉ်ပြလိုက်သော
ကဗျာဆရာ၏ အတတ်ပညာပါပေ။
ကိုယ်လက်သုတ်သင် ၊
ပြုပြင်သပ္ပါယ်
သပိတ်လွယ်လျက် ၊
တင့်တယ်ကြွားကြွား
အသွးအပြန် ၊
နှစ်တန်စိတ်ဖြာ
ဘာဝနာနှင့် ၊
မျက်လွှာချမှိန်း
စောင့်ထိန်းဣနြေ္ဒ ၊
တည်နေမြဲချုပ်
ရေငုံလုပ်သို့ ၊
မလှုပ်မရှက်
ငြိမ်သက်မူနည် ၊
သူတော်ရည်ဖြင့် …….။ (၃)
ကိုယ်ကာယသန်
့ရှင်းရေးပြုသည်။ သင်းပိုင်ပြင်ဝတ်-ခါးပန်းကြိုးပြန်ဖွဲ့ -ဧကသီကိုရုံသည်။ သပိတ်လွယ်
သည်။ ရဟန်းတပါး၏ဝတ်စုံပြည့်ပြင်ဆင်မှုကား
ခမ်းနားတင့်တယ်ပါပေ၏။ နံနက်စောစော ဝမ်းဟာနေ
သော ယောဂီရဟန်းသည်
ဆွမ်းခံအသွား၊ အပြန်မှာ သတိကပ်ပါနေရသည်။ သတိကပ်ပါနေဖို့ ဆို
သည်က
အပြောလွယ်သလောက် အလုပ်ခက်သည်။ အသွားတွင် သတိနှင့် သွားပြီး အပြန်တွင်
သတိပြုတ်ကျခဲ့သူရှိသည်။ အချို့ က အသွားတွင် သတိလွတ်သည်။ အပြန်ကျမှ သတိတင်ဖို့ 
အမှတ်ရတတ်သည်။
မျက်နှာတူရူသို
့လေးတောင်ခန့် မျှကြည့်သော မျက်လွှာချခြင်း၊
လက်လှုပ်-ခြေလှုပ်-ကိုယ်လုံးလှုပ်ခြင်းမရှိ၊ မျက်စိ-နား-နှာခေါင်း-လျှာ-ကိုယ်-စိတ်တို
့ကို ငြိမ်သက်အောင် ချုပ်ထိန်းထား
သည်။ ဆွမ်းခံရင်း
မလိုအပ်ဘဲစကားဆိုလျှင် သတိလွတ်မည်စိုး၍ ခံတွင်းမှာ ရေငုံထားလိုက်သေး၏။
ရွှေပြည်ပူရိ ၊
သာဝတ္ထိဟု
ဘူမိအောင်မြို့ ၊
နန်းရိပ်သို့ လျှင်
နှစ်လို့ ကြည်လင် ၊
ဆွမ်းခံဝင်သော်
မြိတ်သင်လွတ်စ ၊
အိမ်ခန်းဝတွင်
မြင်ကပြုံးပြုံး ၊
သူ့ နှလုံးကို
ကျူံးဘိသောလား ၊ ရှုဘွယ်များနှင့်
ဝတ်စားပြုပြင် ၊
တန်ဆာဆင်သား
ငါးအင်ကြန်သင့် ၊
တင်ပြစ်လွှင့်လျက်
ပွင့်စပန်းဦး ၊
ဖူးစရွှေငုံ
လှနိတုံကို ၊ လမ်းဆုံလမ်းကူး
လမ်းနဖူး၌၊
ခွေးရူးကျားရဲ
ဘေးခပဲအား၊
ရှောင်လွှဲအံ့ငှါ
အကြောင်းခွါဖြင့် ၊
မျက်နှာလည့်မော်
မြှော်စင်ခိုက်တွင်
၊ ရှုလိုက်မြင်သည်
သခင်စိတ်တော်ယွင်းယွင်းတည်း။
(၃)
မူရင်းဇာတ်အဋ္ဌကထာတွင်
အမျိုးသမီးသည် အိမ်ပေါ်နေတာလား၊ လမ်းပေါ်လမ်းလျှောက်နေတာလား၊ သို့ မဟုတ် လမ်းပေါ်
ယာဉ်တခုခုစီနင်းနေတာလား အတိအကျမဆိုပါ။ သို့ သော် ပျို့ ဆရာက အိမ်ပေါ်ဟု အတိအကျပြောလိုက်သည်။ အိမ်ပေါ်ဆိုရာမှာလည်း
အိမ်ရှေ့ ၊ အိမ်နောက်အကူး
အသန်းပြုရာ
အိမ်ခန်းဝကအထွက်၊ ခန်းစီးအဝတ်စပါးပါးလွာလွာလည်း ကွယ်ကာမထားသော အမျိုးသမီးကို
မြင်ရသည်..တဲ့။ ဦးခေါင်းမှသည် ခြေဖျားအဆုံးတန်ဆာဆင်ထားသောအမျိုးသမီးကို
မြင်လိုက်ရသည်။
ပျို
့ကဗျာဆရာအများစုတို့ ဖွဲ့ နေကြ ကောင်းခြင်း ၅ ဖြာပါလာသည်။ အသား၏ကောင်းခြင်း၊
အရေ၏ကောင်းခြင်း၊ အကြော (ဆံပင်-မူကွဲ)၏ကောင်းခြင်း၊ အရိုး၏ကောင်းခြင်း၊
အရွယ်၏ကောင်းခြင်းတို့ နှင့် ပြည့်စုံသည်။ ဤစကားတွေမှာ သူပြောငါပြောစကားမို
့မထူးလှချေ။
ထူးခြားသည့်စကားကတော့
-----------၊
"ပွင့်စပန်းဦး
၊ ဖူးစရွှေငုံ "
မိန်းမတို
့အာဝေဏိကဒုက္ခ ၅ မျိုးတွင် တပါးအပါအဝင်ဖြစ်သည့် တလတကြိမ်ဓမ္မတာကိစ္စ စတင်ဖူးပွင့်
သူ၊
ဓမ္မတာပေါ်တာမကြာသေးသူ ၊ အပျိုဖော်ဝင်တာမကြာသေးသူကို "ပွင့်စပန်းဦး " ဟု ဆိုထား၏။
"ရွှေငုံ "ကတော့
သားမြတ်ကို ဆိုလိုသည်။ သားမြတ်ပေါ်ခါစကို "ဖူးစရွှေငုံ
"ဟု ဆိုလိုက်သည်။
ဤသည်တို့ ကား
ကဗျာဆရာ၏ကွန့် မြူးချက်သာဖြစ်ချေသည်။ ကိုယ်တွေ့ ကို ထည့်ရေးပုံပေါ်သည်။
အဆင်အပြင်၊အချယ်အသ၊အမွမ်းအချယ်နှင့်
ပင်ကိုယ်လှသွေးကြွယ်မှုတို့ စုပေါင်းထားသူကို "လှနိတုံ " ဟု ကဗျာဆရာအမည်တပ်ပြန်၏။
ကောင်းပြီ။ သူ့ အလိုကျ လှနိတုံ ဟုခေါ်လိုက်ကြပါစို့ ။
အဋ္ဌကထာဆရာနှင့်
ကဗျာဆရာတွေ့ လျှင် ရန်ဖြစ်ကြမည်မှာ သေချာသည်။ အဋ္ဌကထာဆရာက ပြောသည်။ "တင့်တယ်၏ဟု နှလုံးသွင်းသည်၏အစွမ်းအားဖြင့်
ဣနြေ္ဒ တို့ ကိုဖျက်၍ ကြည့်သတတ်"
ကဗျာဆရာတော့
လေးတောင်ခန့် မျှကြည့်လျက်ချအပ်သော မျက်လွှာရှိသော ရဟန်းသည် လမ်းဆုံလမ်းကူးအရောက်
ဘေးရန်ကင်း-မကင်းကိုကြည့်ရန် မျက်လွှာကိုပင့်ပြီးအကြည့်မှာ လှနိတုံကို
မြင်လေသည်…တဲ့။
မည်သို
့မြင်မြင်…ကြည့်မိသူထိုအရှင်ခမျာ ကမ္မဋ္ဌာန်းအမှတ်လွတ်ခိုက်ပေမို့ ကိလေသာအသရမ်းတို့ 
ကြားဝင်လျက် အလစ်အငိုက်ဗျူဟာသုံးကာ
တိုက်ခိုက်ကြလေပြီတည်း….။
အမရဒီပ
ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၅
No comments:
Post a Comment