တွင်းသင်းမင်းကြီးမဟာစည်သူဘွဲ့ ခံ
ဦးထွန်းညိုရဟန်းဘဝ သျှင်လင်္ကာသာရအဖြစ်ရှိစဉ် မုဒုလက္ခဏပျို့ အမည်ဖြင့်
မြန်မာကဗျာရှည်ရေးစပ်သော ဇာတ်တော်မှာ မုဒုလက္ခဏဇာတ်ပင်ဖြစ်၏။
ဇာတကအဋ္ဌကထာ၊
ဧကကနိပါတ်၊ အပဏ္ဏကဝဂ်၊ ဣတ္ထိဝဂ်၊ အမှတ် ၆မုဒုလက္ခဏဇာတ်ဖြစ်၏။
ညောင်ကန်ဆရာတော်မြန်မာပြန်ဆိုစီရင်တော်မူသော
ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ စာမျက်နှာ ၃ဝဝ တွင် မုဒုလက္ခဏဇာတ်တော်ကို
လေ့လာနိုင်သည်။
မုဒုလက္ခဏဇာတ်အကျဉ်းချုပ်မှာ ဘုရားလောင်းဟရိတစသတို
့သား တောထွက်၊ ဈာန်အဘိ
ညာဉ်ရ၊ တောမှ မြို
့သို့ ကြွလာ၊ မင်းကြည်ညို၍ မင်းဥယျာဉ်မှာနေထိုင်၊ မင်းနန်းတော်သို့  နေ့ စဉ်ဆွမ်း
ခံကြွ ၊ ပြည်စွန်ပြည်ဖျားတွင်
သောင်းကျန်းပုန်ကန်သည်ကို နှိမ်နင်းဖို့ မင်းကိုယ်တိုင်စစ်ထွက်၊ မိဖုရားအား နေ
့စဉ်ဆွမ်းဝတ်မပျက်အောင်ဂရုစိုက်ဖို့ မှာကြား၊ ရသေ့က ကောင်းကင်မှဈာန်ပျံပြီး
နန်းတော်ကြွအဝင်၊ မိဖုရားက ညောင်စောင်းမှအလျင်အမြန်ထအရပ် အဝတ်လျောကျ၊ မ-အာရုံ
မ-အလှကို တပ်မက်မိသော ရသေ့ဈာန်လျော၊ ဆွမ်းယူပြီး မင်းဥယျာဉ်ပြန်ကြွ၊ ဆွမ်းမစားဘဲ
ညောင်စောင်းပေါ် ၇ ရက်တိတိလျောင်းအိပ်ကာ မိဖုရားကိုတမ်းတ၊ မင်းစစ်ထွက်ရာမှ
ပြန်ရောက်၊ ရသေ့ကျောင်းအဝင် အခြေအနေသိရ၊ မိဖုရားကြီးကို ရသေ့အားပေးလှု၊ မိဖုရားကြီးက
ရသေ့ကြီး အသိစိတ်ပုံမှန်လာအောင် အသိဉာဏ်ပေးဆုံးမ၊ ရသေ့သတိပြန်ရကာ မင်းထံ
မိဖုရားကိုပြန်အပ်၊ တောသို့ ပြန်ကြွ….ဟု ဖြစ်သည်။
ရသေ့အမည်
ဟရိတစအမည်ဖြင့်ဇာတ်တော်မှာ ဇာတကအဋ္ဌကထာ၊ နဝကနိပါတ်လာ ဇာတ်အမှတ် ၅ ဖြစ်သည်။ ညောင်ကန်ဆရာတော်မြန်မာပြန်ဆိုစီရင်တော်မူသော
ငါးရာငါးဆယ်ဇာတ်တော်၊ တတိယ
တွဲ ၊ စာမျက်နှာ
၅ဝ၉ တွင် ဟရိတစဇာတ်တော်ကို လေ့လာနိုင်သည်။
ဟရိတစဇာတ်အကျဉ်းချုပ်မှာ
ဟရိတစသတိုးသားတောထွက်သည်မှစ၍ မိဖုရားအဝတ်လျောကျ
သည်အထိ
မုဒုလက္ခဏဇာတ်နှင့် တူသည်။ ထူးခြားသည်မှာ မိဖုရားအဝတ်လျောကျသည်ကိုမြင်ပြီး
ရသေ့စိတ်မထိန်းနိုင်ဖြစ်ကာ မိဖုရားလက်ကိုကိုင်ဆွဲပြီး ကာမမှုကျူးလွန်သည်။
နန်းတွင်းရှိ အခြွေအရံ တို့ က အရံအကာဖုံးကွယ်ပေးရသည်။
ရသေ့သည်
မိဖုရားနှင့် လူတို့ အကျင့်ကို နေ့ စဉ်ပြုလေရာ နန်းတွင်းမှသတင်းသည် ပြည်အနှံ့ ပြန်
့၏။
အမတ်တို့ က ယင်းသတင်းကို မင်းအားသတင်းပို့ ကြ၏။ ရသေ့အပေါ် မလိုလား၍ပြောသည်ထင်ကာ
မင်းကိုယ်တိုင် မယုံကြည်ချေ။ နန်းတော်သို့ ပြန်ရောက်ပြီး မိဖုရားအားမေးသည်။
မိဖုရားက ဟုတ်မှန်တိုင်း ဝန်ခံသည်။ မင်းသည် မိဖုရားစကားကိုလည်းမယုံကြည်ချေ။
ရသေ့အားမေးပြန်သည်။ ရသေ့က သတင်းမှန်ကြောင်း ဝန်ခံမှ မင်းယုံကြည်လေ၏။ မင်းကိုယ်တိုင် ရသေ့အား သတိပေးဆုံးမသည်။ ရသေ့လည်း
အသိနောင်တရကာ ဈာန်အကျင့်ပြန်ကျင့်သည်။ မိန်းမအနံ့ ကင်းရာ တောသို့ ပြန်မည်နှုတ်ဆက်၍ ရသေ့
ဟိမဝန္တာတောသို့ ပြန်သည်။
မုဒုလက္ခဏဇာတ်က
ရသေ့မင်းဥယျာဉ်မှာနေသည့်သက်တမ်းကို ၁၆ နှစ်ဟုပြသည်။ ဟရိတစဇာတ်က ၁၂ နှစ်ဟု ပြသည်။
ဟရိတစရသေ့က
ရာဂ၊ဒေါသ၊မာန၊မောဟ တရား ၄ မျိုးတို့ အားကြီးပြင်းထန်လာလျှင် အသိပညာ နေရာမရှိပြီဟု
မင်းအား ပြောသည်မှာ မှတ်သားဖွယ်ဖြစ်၏။
မုဒုလက္ခဏဇာတ်နှင့်
ဟရိတစဇာတ်ကို နှိုင်းယှဉ်ကြည့်ပါက ဟရိတစဇာတ်မှာ လွမ်းဆွေးစရာအခန်း
ဖြစ်ဖြစ်မြောက်မြောက်မပါဝင်ချေ။ စိတ်မြန်ကိုယ်မြန်ရှိလှသော အလောင်းတော်ရသေ့သည် ထီကနဲ
ပတ်မသံကြားသည်နှင့်
ကြိုးဝိုင်းတွင်း လွှားကနဲခုန်ဝင်ကာ လက်ဝှေ့ ရေးပြသူပမာတူလှသည်။ စားစရာမြင်သည်နှင့်
လက်ဆိုင်းမနေ ဆွဲစားလိုက်သည်နှင့်တူ၏။ မုဒုလက္ခဏဇာတ်လာရသေ့ကတော့ ကွယ်ရာရောက်မှ
စိတ်ကူးယဉ်အသဲကွဲ၊ လွမ်းနာကျသူဖြစ်သည်။ ဤသည်ကား ကဗျာဆရာအကြိုက်
အသဲကွဲ
ကဗျာရေးရမည့်ဇာတ်ဆောင်စရိုက်ဖြစ်လာ၏။
ညောင်ကန်ဆရာတော်၏မြန်မာပြန်တွင်
ရသေ့ဖြစ်ပုံကို ဤသို့ ပြ၏။
"ထိုရသေ့သည်
ရပ်လျက်သာလျှင် အာဟာရကိုယူ၍ မစားမူ၍သာလျှင် ကိလေသာသည် တုန်လှုပ်စေ
အပ်သည်ဖြစ်၍
ပြာသာဒ်မှသက်ခဲ့ပြီးလျှင် ဥယျာဉ်သို့ သွား၍ သစ်ရွက်မိုးသောကျောင်းသို့ ဝင်၍
ပျဉ်ခင်းသောနေရာ၏အောက်၌
အာဟာရကိုထား၍ ဝိသဘာဂအာရုံဖြင့် ဖွဲ့ ယှက်အပ်သည်ဖြစ်၍ ဤကိလေသာမီးသည်
လောင်သည်ရှိသော် အာဟာရကင်းသည်၏အဖြစ်ကြောင့် ခြောက်ကပ်လျက် ခုနစ်ရက်တို့ ပတ်လုံး
ပျဉ်အခင်း၌ အိပ်၏….။"
တွင်းသင်းမင်းကြီးက
ရသေ့၏ကိလေသာဖမ်းစားခံရပုံအကြောင်း ကဗျာဖြင့် ဤသို့ ဖွဲ့ လေ၏။
အများဖော်လော် ၊
ရသေ့ကျော်လည်း
မတော်စွာကြုံ ၊
စက္ခာရုံကြောင့်
ငါးစုံမြတ်မော ၊
ဈာန်မှလျှော၍
လျှင်ဆောတိမ်းမပ်၊
ဆွမ်းရပ်ပြီးသော်
မင်းအိမ်တော်တွင် ၊
စားတော်ခေါ်မြဲ
မခေါ်ဘဲလျှက် ၊
စိန်ရွှဲရောင်ချက်
ရွှေနန်းထက်မှ ၊
ဆင်းသက်ဆောလျင်
ဥယျာဉ်ဝင်ပြီး ၊
နေပင်အမြဲ
သင်္ခမ်းထဲ၌ ၊
ကျိန်းနွဲစက်လျောင်း
ညောင်စောင်းပျဉ်အောက်
၊ ရမြောက်ကြိုင်ရှား
ဆွမ်းခွက်ထား၍ ၊
မစားတလုပ်
အာဟာချုပ်လျက် ၊
နတ်ရုပ်ရွယ်ပျို
လဲ့လဲ့ညိုကို
သွေးချိုဤသို
့တ-လတည်း။ (၃၉)
အမရဒီပ
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
No comments:
Post a Comment