ဒုတိယအင်းဝခေတ် လို့ ဆိုရတဲ့ ညောင်ရမ်းခေတ် သက္ကရာဇ် ၉၉၆ မှာ သာလွန်မင်းတရားကြီးထံ
ကျော်အောင်စံထားဆရာတော်ကြီးရဲ့တပည့် ရှင်ကရဝိကက "တက်ထွန်းလျှံဝါ" ချီ ပိုဒ်စုံရတု ဆက်
သွင်းရာမှာ--
"ဖြူရိပ်ဖြန့် လွှား၊ လူ့ ဘုရားလျှင်
လေးပါးတန်ခိုး၊ နေ့ တိုင်းတိုးလျက်"---ဆိုတဲ့ ထောမနာစကားလည်း ပါဝင်ပါတယ်။
သာလွန်မင်းတရားကြီးက ဒီရတုကို နှစ်သက်သဘောကျတယ်။ ထန်းရွက်ညွန့် ရှည်မှာ ရေးစီထားတဲ့
ဒီရတုကို ရွှေကျည်တောက်မှာထည့်၊ ခေါင်းရင်းမှာ အမြဲထားတော်မူတယ်။ နုတ်တက်အာဂုံ ဆောင်
တော်မူတယ်။
ဒီရတုမှာ ဘုရင်မင်းတရားကြီးရဲ့ ရင်ဘတ်ကို အထိဆုံးစာသားကတော့ ဘုရင်ကို "လူ့ ဘုရား" လို့ 
ခေါ်ထားတာပါပဲ။ (ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း၊ ၁၇၁။)
ကုန်းဘောင်မင်းဆက်ခေတ်နှောင်းစာဆိုတော်တဦးဖြစ်တဲ့ မန်လည်ဆရာတော်ကြီးကလည်း "လူ့ ဘုရား"
ဆိုတဲ့ စကားလုံးကို အမွေဆက်ခံပြီး မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်းထဲမှာ အသုံးပြုထားတာ
တွေ့ ရပြန်ပါတယ်။
-ရွှေအိမ့်သခင် ၊ နန်းကြီးရှင်တို့ 
လူတွင်လူနတ် ၊ လူမြတ်ထွတ်ဖျား
လူ့ ဘုရားတည့် ........။ (အပိုဒ် ၂၂၇)
ရှေးရှေးစာဆိုတော်တွေရဲ့ စကားလုံးတွေ ကောင်းပြီ၊ လှပြီဆိုရင် နောက်နောက်စာဆိုတော်တွေကလည်း
ဒီစကားလုံးကို ဆက်ကာဆက်ကာ သုံးစွဲကြတာတွေ့ ရပါတယ်။
အမရဒီပ
ဇန်နဝါရီ ၂၄၊ ၂ဝ၁၄
No comments:
Post a Comment