ဘုန်းကြီးသည် အမြဲတစေ "ငွေတွင်းနက်နေသူ"ဖြစ်သည်။
မည်သည့်အခါမှ လက်ထဲငွေကြေးဟူသည်
မရှိခဲ့ချေ။ နေရေး အခမဲ့။ အစားအတွက် ဆွမ်းခံစား။
ပြဋ္ဌာန်းကျမ်းစာအုပ်များကို
ဝယ်မည့်အစား မိတ်ဆွေများထံမှ ငှါးရမ်းသည်။ လက်ရေးဖြင့် ရေးကူးသည်။ ဤနည်းဖြင့်
ပညာရေးဆုံးခန်းတိုင်ဖို့ လိုအပ်သမျှ ရနိုင်သည်ဟု ဘုန်းကြီး ရိုးရှင်းစွာ
ယုံကြည်ခဲ့သည်။
မိမိကိုယ်ကိုလည်း ယုံကြည်သည်။
ရတနာသုံးပါးကိုလည်း ယုံကြည်သည်။
ဗုဒ္ဓဘုရားရှင်သည်
သက်ရှိထင်ရှားရှိဆဲ…။ ဘုန်းကြီး၏တသက်တာလုံး ဘုန်းကြီးနှင့်အတူ လျှောက်လှမ်းကာ
ဘုန်းကြီးလိုအပ်သမျှ ဘုရားရှင်က ပေးနေခဲ့သည်ဟု ခံစားမိသည်။
သင်ယူရန် ဘုန်းကြီးသည်
အားကြီုးမာန်တက်ကြိုးစားနေသောကြောင့် ဖြစ်သည်။ ဘုန်းကြီးသည် ရဟန်းတပါး
ဖြစ်သောကြောင့် လိုအပ်သော ပစ္စည်းမှန်သမျှ ရရှိပိုင်ဆိုင်ဖို့ လည်း
မည်သည့်အခက်အခဲမျှပင် မရှိခဲ့ပါဟုလည်း တွေးမိပါသည်။ ယင်းအတွေးမှန်ကန်ကြောင်း
ခက်ခဲပင်ပန်းကြီးစွာမကြိုးစားရဘဲရလာသည့် ပစ္စည်းလေးပါးရုပ်ဝတ္ထုဆိုင်ရာ
ကျေနပ်နှစ်သက်ဖွယ်အားလုံးတို့ က အထင်အရှား သက်သေပြနေသည်။
တနေ့ တွင် ဦးဇင်းကြီးတပါးက
ဘုန်းကြီးအား သူ့ ဦးခေါင်းကိုရိတ်ပေးဖို့ ပြောလာသည်။ ခေါင်းရိတ်သည်မှာ
ဘုန်းကြီးကျောင်း၏လုပ်ရိုးလုပ်စဉ်တရပ်သာ ဖြစ်သည်။ သို့ သော် ဘုန်းကြီးသည်
ခေါင်းမရိတ်တတ်..။
ခေါင်းမရိတ်တတ်ကြောင်း
ဘုန်းကြီးက သူ့ ကိုပြောသည်။ သို့ သော် သူက အတင်းရောဇွတ်ပါ ပြောလာသည်။
"မင်း
အခုတတ်အောင်လုပ်ရမယ့်အချိန်ကွ"
သူကပြောသည်။
ဦးပြည်းထားခြင်းသည်
ဝိနည်းစည်းကမ်းပိုင်းဆိုင်ရာအရ အရေးကြီးသည့်အချက်မှာပါဝင်သည်။
ရဟန်းယောက်ျား၊
ရဟန်းမိန်းမ နှစ်ဦးလုံး ဦးပြည်းထားရသည်။ ဦးပြည်းထားခြင်းသည် သန့် ရှင်းမှုနှင့်
နှိမ့်ချမှုကို အထောက်အကူပြုသည်။ သန်းရှာ၊ သန်းတုတ်ပြဿနာကို ရှောင်ရှားနိုင်သည်။
တောထွက်ခြင်း၏အထိမ်းအမှတ်
ဖြစ်သလို ကိုယ်အလှပြုပြင်မှုနှင့်သက်ဆိုင်သည့်
တဏှာလောဘကိုလည်း လျော့ပါးစေနိုင်သည်။
ခေါင်းလျှော်၊ ခေါင်းဖြီး၊ဆံသအလုပ်တွေမှာ
အချိန်မကုန်ဘဲ တရားကျင့်သည့်အလုပ်တွင် အချိန်ပိုမိုရလာနိုင်သည်။
ဝိနည်းဥပဒေတော်အရ ရဟန်း၊
ရဟန်းမတို့ သည် ဆံပင်ကို နှစ်လက်မအထိ အရှည်ထားနိုင်သည်။
အချို့ က တလတကြိမ်(လဆန်း ၁၄
ရက်နေ့ တိုင်းသာ) ဦးခေါင်းရိတ်သည်။ အချို့ က ခုနစ်ရက် တကြိမ်
သို့ မဟုတ် တနေ့ တကြိမ် ဦးခေါင်းရိတ်သည်။
ရှင်ပြု၊ ရဟန်းခံပွဲများတွင် "ပရိက္ခရာ"ဟု
ခေါ်ကြသော ဘုန်းကြီးကျောင်းသုံးဆိုင်ရာပစ္စည်းများတွင် သင်တုန်းဓားလည်း ပါသည်။
(အခြားပစ္စည်းများမှာ ခါးဝတ်သင်းပိုင်၊ ကိုယ်ဝတ်ဧကသီသင်္ကန်း၊
နှစ်ထပ်ဒုကုဋ်သင်္ကန်း၊
ခါးပတ်ကြိုး၊ ရေစစ်၊ အပ်၊ သပိတ်တို့ ဖြစ်ကြသည်။)
ဦးဇင်းကြီးက
အတင်းအကြပ်ခေါင်းရိတ်ခိုင်းသောအခါ "အစဉ်အလာတောင်းဆိုချက်"ဖြစ်နေ၍
ဘုန်းကြီး သူ့ ကို အလျှော့ပေးကာ သူ့ အလိုအတိုင်း သဘောတူလိုက်ရသည်။ ဦးခေါင်းကို
ရေဆွတ်၊ ဆပ်ပြာပွတ်ပေးပြီး သင်တုန်းဓားကို လက်နှင့်ကိုင်လိုက်သည်။
ဦးဇင်းကြီး၏နောက်ကျောဖက်မှရပ်ကာ ဦးခေါင်းပေါ်ဓားသွားတင်ကာ ဖိဆွဲချလိုက်သည်။
ဦးခေါင်းခွံ၏အရေပြားတလက်မလောက် အလွှားလိုက်ပြတ်ရှသွားလေတော့သည်။ တခဏတွင်းမှာ
ဦးဇင်းကြီး၏ဦးခေါင်းတခုလုံးသွေးခြင်းခြင်းနီစွေးသွား၏။ ဘုန်းကြီးအကြောက်လွန်ကာ
တဆတ်ဆတ်တုန်နေ၏။
"အရှင်ဘုရား…..၊
တပည့်တော်ကို ခွင့်လွှတ်ပါဘုရား"
ဘုန်းကြီးပြောဆိုပြီး
နောက်တပါးကို အပြေးအလွှားသွားခေါ်ရသည်။ ရောက်လာသော ရဟန်းက ရေအေး
တခွက်ခပ်ကာ ဒဏ်ရာကို ဆေးကြောသန်
့စင်သည်။ ထိုရဟန်းကပင် ကံဆိုးသူဦးဇင်းကြီး၏ဦးခေါင်းကို အပြီး
သတ်ရိတ်ပေးလိုက်သည်။
ဘုန်းကြီးမှာ ရှက်စိတ်၊ကြောက်စိတ်ရင်ဝယ်ပိုက်ကာ သူတို့ ကို ကြည့်နေခဲ့ရသည်။
ယင်းအချိန်က ဆေးပလာစတာ
(ဆေးပတ်တီး)မပေါ်သေးသောကြောင့် ဓားဒဏ်ရာရကိုယ်တော်သည်
ဦးခေါင်းတော်မှာတိုင်းရင်းဆေးလိမ်းဆီကို အကွက်ကြီးကြီးလိမ်းကာ ဆွမ်းခံကြွရလေသည်။
+++++++++++++
ဓာတ်ပုံရိုက်သလို
ပုံရိပ်ထင်မှတ်ဉာဏ်မျိုးကိုပိုင်ဆိုင်ထားသောကြောင့် သင်္ခန်းစာများကို
မြန်မြန်ဆန်ဆန်ဖြတ်
သန်းနိုင်ခဲ့သည်။
ဆင်ဟာလီစ်၊ပါဠိ၊ သက္ကတတို့ မှာ မသင်မနေရ ဘာသာရပ်များ ဖြစ်ကြသည်။ တမီးလ်၊ ဟိန္ဒီ
နှင့်
အင်္ဂလိပ်ဘာသာတို့ မှာ
စိတ်ကြိုက်ဘာသာရပ်များဖြစ်ကြ၏။ အပြင်းအထန်မကြိုးစားရဘဲ ထိုဘာသာရပ်အားလုံး
ကို
ဘုန်းကြီးပိုင်ပိုင်နိုင်နိုင် ကျေညက်ခဲ့ပါသည်။ ဆုအဖြစ်
အဆောင်နေထိုင်ခမပေးနိုင်သော်လည်း အခြားစာသင်
သားများလိုပင် ဘုံအိပ်ခန်းမှာ
နေထိုင်ခွင့်ရခဲ့သည်။
ကံမကောင်းသည့်အရာလည်း ရှိလာ၏။
ဘုန်းကြီး၏အခန်းဖော်သည် ဘုန်းကြီးကို မနာလိုသူဖြစ်နေ၏။ တနေ့ ..
စာသင်ဖက်တဦးထံမှငှားရမ်းလာသော
အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်အပါးလေးကိုဆွဲထုတ်ကြည့်မိရာနှစ်ခြမ်းဆွဲဖြဲထား
သည်ကို တွေ့ ရ၏။
စာအုပ်ပြန်လျော်ရမည့်အရေးကိုတွေးပူပြီး ဝမ်းနည်းလာသောကြောင့် ဘုန်းကြီးငိုမိသည်။
တဖက်ခန်းရှိ ရဟန်းတပါးသည် ဘုန်းကြီး၏တရှုပ်ရှုပ်ငိုသံကို ကြားသွားပြီး
အစားထိုးစာအုပ်ကို သူဝယ်ပေးမည်
ဟု ပြောလာပါသည်။
လူသိများမှု၊ ကျောင်းစာတော်မှုတို
့ကြောင့် ဘုန်းကြီးကို မနာလိုမရှုစိမ့်ဖြစ်ကာ အင်္ဂလိပ်စာအုပ်ကို သူဆုတ်ဖြဲပစ်ခဲ့
ကြောင်း
ရက်များစွာကုန်လွန်ခဲ့ပြီးနောက်တွင် အခန်းဖော်က သူ့ အပြစ်ကို ဝန်ခံလာသည်။
ထိုညနေကဘုန်းကြီး
တို့ နှစ်ဦးသား
ရင်းနှီးပွင့်လင်းသောဆွေးနွေးခြင်းဖြင့် ပြေလည်အောင် လုပ်နိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် မိတ်ဆွေကောင်းများ
ဖြစ်လာခဲ့ကြသည်။
++++++++++++
ဘုန်းကြီး၏ရဟန်းခံပွဲအတွက်
ရက်သတ်မှတ်ပြီးသွားသည်။
ဇွန်လ ၂၅ ရက် ၊ ၁၉၄၇ ခုနှစ်မှာ
ရဟန်းခံမည်။ စိတ်လှုပ်ရှားမိသည်။ ပျော်ရွှင်မိသည်။ နောက်ဆုံးတော့
ရဟန်းတပါးဖြစ်လာတော့မည်ကိုး….။ အနှစ်နှစ်အလလ စောင့်မျှော်လာခဲ့ရသော ပန်းတိုင်သို
့တကယ်ပင် တက်လှမ်းနိုင်တော့မည်တကား…..။
မဟာထေရ်ဆရာတော်ကြီးများ၏
အရှိန်သြဇာညောင်းလှသော အစည်းအဝေးမတိုင်ခင် ပိုမိုလေးနက်သော အာမခံချက်အသစ်ကို
ဘုန်းကြီး ကတိပြုရပေတော့မည်။ ဆယ်ပါးသီကို လိုက်နာစောင့်ထိန်းသော ရှင်သာမဏေ
ဘဝအစား ယခုအခါ ရဟန်းတော်များ၏
၂၂၇ သွယ်သိက္ခာပုဒ်များကို လိုက်နာရန်ဝန်ခံသဘောတူရပေတာ့မည်။
ဘုန်းကြီးသည် (ဤအချိန်ကို) မရမက စောင့်မျှော်ခဲ့ရ၏။
"အစကတည်းကယဉ်သကိုး"ဆိုတာလို
အခမ်းအနားအစီအစဉ်များအပေါ် ရှေးဦးကဆွကတည်းက စိတ်မချမ်းမြေ့
စရာ အရိပ်တခု စိုးမိုးနေခဲ့သည်။ ပြဿနာမှာ
ဘုန်းကြီးသည် ရဟန်းပြုရန် အရည်အချင်းမပြည့်စုံ၊ ချွတ်ယွင်းနေမှု
ကြောင့် မဟုတ်ချေ။
အမှန်စင်စစ်အားဖြင့် စီလုံကျွန်းရှိဗုဒ္ဓဘာသာရဟန်းတော်များ၏ နိုင်ငံရေးကြောင့်ပင်
ဖြစ်သည်။ ဤ နိုင်ငံရေးဆိုသောအရာက ဘဝတလျှောက်လုံး ဆုပ်ကိုင်လာခဲ့ရသော အိမ်မက်ကို
လမ်းချော်တိမ်း
စောင်းသွားအောင်
ခြိမ်းခြောက်လာခဲ့လေပြီကော…..။
အခန်း ၅ ပြီးပြီ….။
အမရဒီပ
သြဂုတ်လ ၁၃ ၊ ၂ဝ၁၃
No comments:
Post a Comment