၁။
မြန်မာနိုင်ငံရှိ
ဗုဒ္ဓဘာသာလောကတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် အတိုင်းအတာ
တခုအားဖြင့်
ကျော်ကြားမှု၊ ထင်ရှားမှု၊ အခြွေအရံများမှု၊ လူရှင်ရဟန်းတို့ ၏ ပူဇော်ဂါရဝပြုမှုတို
့ကို ရရှိခဲ့သော ရဟန်းတော်တပါးဖြစ်ခဲ့၏။ ဆရာတော်ကြီး၏ သီလဂုဏ်၊ စရဏဂုဏ်တို
့ကြောင့် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်
လာလျှင်
သမာသမတ်ကျ၍ ဖြောင့်မတ်ရိုးသားမှန်ကန်သော အယူအဆရှိလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ထိုအထင်
သည်
စိတ်ကူးယဉ်သက်သက်မျှသာဖြစ်ကြောင်း အနည်းငယ်သော တောင်ပုလုတောရကမ္ဘာအေးဆရာတော်
အရှင်နန္ဒိယ၏
ဟောပြောချက်များကို လေ့လာဖတ်ရှုရင်း သတိပြု တွေ့ မြင်လာ၏။ ထိုဟောပြောချက်တို့ မှာ
လည်း
သက်ဆိုင်ရာတို့ မှ တရားဝင်ထုတ်ဝေထားသော စာအုပ်စာတမ်းများသာ ဖြစ်ပါ၏။ တကယ်လက်တွေ့ 
အားဖြင့်မူ
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် ထေရဝါဒဗုဒ္ဓသာသနာတော် သန့် ရှင်းစွာ
တည်တံ့ပြန့် ပွားရေးအတွက် အန္တရာယ်ပြုနိုင်သော ဓမ္မကိုဆန်
့ကျင်သူပုဂ္ဂိုလ်များစွာနှင့် "အသွေးတူအမွှေးတူ"
တဦးမျှသာ
ဖြစ်ကြောင်း သူ၏ဟောပြောချက်များက သက်သေပြနေပါ၏။
၂။
ဗုဒ္ဓမြတ်စွာသာသနာတော်တွင်
ဓမ္မဝါဒ၏ဆန့် ကျင်ဘက် ဓမ္မန္တရာယ်များ ပေါ်ပေါက်ရာတွင် အခြေခံယုံကြည်ချက် ၂
မျိုးကြောင့် ပေါ်ပေါက်လာကြောင်း တွေ့ ရှိရ၏။ တမျိုးမှာ
ခေတ်ပေါ်အတွေးအခေါ်ပညာရပ်များ၊ သိပ္ပံပညာလေ့
လာတွေ
့ရှိချက်များကို ကိုးကားပြီး သံဂါယနာ ၆ တန်တင် ထေရဝါဒပိဋကတ်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာဟူသော
ဗုဒ္ဓတရားတော်အဆိုများကို ပစ်ပယ်ခြင်းဖြစ်၏။ အခြားတမျိုးမှာ သံဂါယနာ ၆ တန်တင်
ထေရဝါဒပိဋကတ်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအဆိုများကို ယုံကြည်သယောင်ယောင်ဖြင့်
ဝိပဿနာကိုပစ်ပယ်ခြင်း၊ ပုညကိရိယဝတ္ထုများကို ပစ်ပယ်ခြင်း
စသည်ကို ပြုလုပ်သည်။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံဆိုင်ရာ ဟောပြောချက်နှင့်
အခြားဟောပြောချက်များမှာ ဒုတိယအမျိုးအစားတွင် ပါဝင်သည်ကို တွေ့ ရ၏။ တောင်ပုလုတောရကမ္ဘာအေး
ဆရာတော်အရှင်နန္ဒိယ၏
သရဏဂုံဆိုင်ရာဟောပြောချက်သည် ထေရဝါဒပိဋကတ်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာနှင့်
ဆန့် ကျင်ရုံသာမက
သူကိုယ်တိုင်ပြုလုပ်ခဲ့သော ကျင့်ကြံအားထုတ်မှုလက်တွေ့ လုပ်ဆောင်မှုများနှင့်ပါ
ဆန့် ကျင်သွေဖည်နေကြောင်းလည်း တွေ့ ရ၏။
၃။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်
သူ၏ "သရဏဂုံတည်ခြင်းအကျိုး"ဟောပြောချက်တွင် တရားအားထုတ်ခြင်းနှင့်ပတ်သက်၍
အကြိမ်များစွာထပ်တလဲလဲ ပြောဆိုသည်ကို တွေ့ ရ၏။
(၁) "တရားကို
အားမထုတ်ရဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရနိုင်တယ်"ဟု ၁ ကြိမ်ပြော၏။
(၂-၃) "လာဘ်ကိုစွန်
့ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို
အားမထုတ်ဘဲနဲ့ 
ရနိုင်တယ်"ဟု
၂ ကြိမ်တိုင်တိုင်ပြော၏။
(၄)
ဒီလိုစွန့် နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတို့ တွင် တပါးပါးကိုစွန့် ပြီး
ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်
လို
့ရှိရင် တရားကို အားမထုတ်ဘဲနဲ့ ရနိုင်တယ်"ဟု ၁ ကြိမ်ပြော၏။
အထက်ဖော်ပြပါစကားရပ်များအတွက်
ကာယကံရှင်တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသာ သက်ရှိထင်ရှားရှိနေသေးလျှင်
တိုက်ရိုက်လျှောက်ထားမေးမြန်းလိုပါ၏။
"သရဏဂုံတည်ခြင်းအကျိုးတရားကို
ဟောပြောတော်မူသော ဆရာတော်ကြီးဘုရား---၊ တရားကို အထူးအားမ
ထုတ်ရဘဲ
သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရနိုင်သည်ဟု ဆိုပါက အရှင်ဘုရားကိုယ်တိုင် ဓုတင်
(၁၃)ပါးနှင့်တကွ ဝိပဿနာတရားကို ဘာကြောင့် ကြိုးစားပမ်းစားအားထုတ်ခဲ့ပါသလဲ---။
အရှင်ဘုရားသည် (ပျော်ဘွယ်မြို့ နယ်) ရှမ်းရိုးမအနောက်ခြမ်းရှိ
တွင်းရွာနှင့်မနီးမဝေးဒေသ တောတွင်းမှာ အပြင်းအထန်တရားအားထုတ်ခဲ့ရာ
ငှက်ဖျားရောဂါစွဲကပ်ပြီး အိပ်ရာထဲလဲနေခဲ့ကြောင်း
၊ တောလိုက်မုဆိုးများကတွေ့ ရှိပြီး
အရှင်ဘုရားကို ထမ်းစင်ဖြင့် မြေပြန့် ဒေသသို့  ပင့်ဆောင်ပြီးဆေးကုသပေးခဲ့ကြောင်း စသည်စသည်သိရပါသည်။
ယင်းနောက်တွင်လည်း တတောမှ တတော၊ တတောင်မှတတောင် ကူးပြောင်းသီတင်းသုံးရင်း
တရားအားထုတ်ခဲ့ကြောင်း သိရပါသည်။ သီလ၊သမာဓိ၊ဝိပဿနာပညာနှင့်တကွ ဗုဒ္ဓဘာသာအခြခံ
သရဏဂုံများလည်း အရှင်ဘုရားသန္တာန်တွင် ကိန်းအောင်းနေပြီးဖြစ်ရာ အရှင်ဘုရားဟောသလို
အရိယမဂ်ကို တရားအားမထုတ်ဘဲ ရနိုင်ပါလျှက် ဝိပဿနာတရားကို အဘယ်ကြောင့် စွန့် စွန်
့စားစား ကျင့်ခဲ့ပါသလဲ--ဘုရား၊ တဖက်တွင် သရဏဂုံတည်က တရားအားမထုတ်ဘဲ
မဂ်ရနိုင်သည်ပြောပြီး တဖက်တွင် ဝိပဿနာတရားအားထုတ်နေပြန်ရာ အရှင်ဘုရားဟောပြောသည်နှင့်
အရှင်ဘုရားလက်တွေ့ လုပ်နေတာတို့ မှာ ဆန့် ကျင်ဘက်ဖြစ်နေပါသည်၊ အရှင်ဘုရားဟောပြောတာပဲ မှားနေသလား၊
အရှင်ဘုရား လက်တွေ့ လုပ်နေတာပဲ မှားသလား၊ ရှင်းပြပေးတော်မူပါ"ဟု
မေးလျှောက်မိမည်။
သို
့သော် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ အဖြေစကားကိုကား
မကြားသိနိုင်တော့ပြီ။ ဆရာတော်ကြီးသည် ၁၉၈၆ ခုနှစ်တွင်
ကွယ်လွန်တော်မူပြီးဖြစ်ကြောင်း သိရ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏
"သရဏဂုံတည်ခြင်းအကျိုးတရား"ကို "ကြက်တူရွေးစာအံသလို"
"၏၊ သည်"မလွဲ အလွတ်အာဂုံကျက်မှတ်ကာ "မှားမှန်းမသိ၊မှန်မှန်းမသိ"ဟောပြောနေကြသော
"တောင်ပုလုတပည့်အရင်း"
ဆိုသူတွေကို မေးမြန်းစုံစမ်းရန် နည်းလမ်းတရပ်သာ
ရှိပေတော့၏။
၎။
ပဋာစာရာ၊
ကိသာဂေါတမီ၊ အဂုင်္လိမာလ၊ သန္တတိအမတ်၊ အရိယတံငါသည်စသူတို့ နှင့်တကွ အခြားအခြားသော
သူတို့ သည် ဘုရားရှင်နှင့် တွေ့ ဆုံရပြီး တရားနာကြားခွင့်ရခဲ့ကြ၏။
သူတို
့တရားနာနေစဉ်တွင်ပင် (တရားနာစဉ်အခိုက်အတန်
့မှာပင်)မဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြသည်။
ထိုအကြောင်းအရာကို လိုရာဆွဲတွေးပြီး "တရားနာဖို
့သာ လိုသည်၊ တရားကျင့်စရာမလို"ဟုလည်းကောင်း၊ "တရားနာပြီးသိဖို
့သာလိုသည်၊ တရားကျင့်ဖို့ မလို"ဟုလည်းကောင်း အမျိုးမျိုးယူဆပြောဟောခဲ့ကြ၏။
ထေရဝါဒဗုဒ္ဓစာပေကျမ်းဂန်များက
ထိုအယူအဆများကို လုံးဝပယ်ထား၏။ ရုပ်ကိုယ်၊ ခံစားမှု၊စိတ်၊ သဘောတရား
ဟူသော
သတိပဋ္ဌာန်တရား ၄ ပါးတို့ တွင် တခုခုသောသတိပဋ္ဌာန်ကို မသုံးသပ်မရှုမှတ်ဘဲ နာကြားရသော
တရား
ကို
သဘောကျရုံမျှဖြင့် မဂ်ဖိုလ်ကို ရသွားသည်မဟုတ်ချေ။ ဆိုခဲ့ပြီးသတိပဋ္ဌာန်တရား ၎
ပါးတွင် တခုခုသော သတိပဋ္ဌာန်ကို ရှုမှတ်သုံးသပ်မှသာ မဂ်ဖိုလ်ကို ရရှိ၊
ဆိုက်ရောက်နိုင်သည်။
အရေးကြီးသောစကားကို
ဆိုရသည့်အတွက် သုတ်မဟာဝါဋ္ဌကထာ (ဒီ၊ ဋ္ဌ၊ ၂၊ ၃၃၉) စကားကို ထုတ်ပြပါရစေ--။
"ယသ္မာ
ပန ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာနာမ နတ္ထိ၊ တသ္မာ တေပိ ဣမိနာဝ
မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ= ထိုသို့ ပင် ဂါထာကို ကြားနာရ၍ မဂ်ဖိုလ်သို့  ရောက်ကြပါကုန်သော်လည်း
ကာယ ဝေဒနာ စိတ္တ ဓမ္မ ဟူသော တရားတို့ တွင် တခုခုသောတရားကို မသုံးသပ် မရှုမှတ်ဘဲ
ဝိပဿနာပညာ
မဂ်ပညာဖြစ်ပွားခြင်းမည်သည်မရှိ၊ ထို ကြောင့် သန္တတိအမတ်နှင့်ပဋာစာရာတို
့သည် ဤသတိပဋ္ဌာန် ၄ပါးတည်းဟူသော ဧကာယနလမ်းစဉ်ဖြင့်သာလျှင် စိုးရိမ်ပူဆွေး
ငိုကြွေးခြင်းတို့ ကို လွန်မြောက်ကြကုန်၏
"
"သရဏဂုံတည်ရင်
တရားအားထုတ်စရာမလိုဘဲ မဂ်ကိုရစေနိုင်တယ်"ဟူသော တောင်ပုလုတောရကမ္ဘာအေး
ဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်မှာ
ဖော်ပြပါ အဋ္ဌကထာစကားနှင့် မညီညွတ်ကြောင်း အထူးပြောဖွယ်မ
လိုတော့ပြီဟုယူဆပါ၏။
၅။
"စိတ်သည်
လျင်မြန်စွာပြောင်းလဲတတ်သကဲ့သို့  ဤအတူလျင်မြန်စွာပြောင်းလဲသော အခြားတခုသောအရာကို
မျှလည်း ငါဘုရားမမြင်"ဟု ဗုဒ္ဓဟောမိန့် တော်မူ၏။ (အဂုင်္တ္တရနိကာယ်၊ ဧကနိပါတပါဠိ၊
၁။ ၉။)
အဘိဓမ္မာသဘောအရကြည့်လျှင်
တရားနာနေစဉ်အတောအတွင်း တရားနာနေသူတို့ မှာ မရေမတွက်နိုင်သော စိတ်ဝီထိတို့ 
ဖြစ်ပျက်နေကြသည်။ သံယုတ်အဋ္ဌကထာ၊ ၂၊ ၉၂ နှင့် ယင်းဋီကာတို့ မှာ "မျက်စိတမှိတ်၊
လျှပ်တပြက်၊ လက်ဖျစ်တတွက်အတွင်းကာလမှာ ကုဋေတသိန်းမျှလောက်သော စိတ်တို့ ဖြစ်ကြသည်"ဟု
ဆိုထား၏။
တရားနာစဉ်တထိုင်အတွင်းမှာပင်
(တရားသံကို နားထောင်၊ ဉာဏ်ကို ခန္ဓာထဲလွှတ်ခြင်းဖြင့်) ရုပ်နာမ်ခန္ဓာဖြစ်ပျက်
အစဉ်အတန်းကို
ရှုမှတ်၍ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်အစဉ်အားဖြင့်
သောတာပန်၊သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ကြသည်။
ရုပ်နာမ်ခန္ဓာအစဉ်ကိုမရှုမှတ်ဘဲ (ဝါ) တရားအားမထုတ်ဘဲ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ကို
မရရှိနိုင်ပေ---။
ပုဂ္ဂိုလ်တဦးစီ၏
သီးခြားအရည်အသွေးအခြေအနေများအရ တချို့ က
အချိန်တိုအတွင်းမှာ အရိယာဖြစ်ကြ၏။ အချို့ က အရိယာဖြစ်ရန် နှစ်ပေါင်းများစွာ
ကြိုးစားရ၏။ တရားအားထုတ်ချိန် ရေတို-ရေရှည်ကာလသာ ကွာခြားမည်။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယဟောပြောသလို တရားအားမထုတ်ဘဲ
သရဏဂုံတည်ရုံမျှဖြင့် မဂ်ဆိုက်ဖိုလ်ဆိုက်ဖြစ်သူများ ရှေးဘုရားများသာသနာမှာလည်း
မရှိခဲ့၊ ဤဘုရားသာသနာလည်း
မရှိ၊
နောင်ဘုရားသာသနာလည်း ရှိမည်မဟုတ်ချေ။ ဤသည်မှာ ထေရဝါဒပိဋကတ်၏ အဆိုဖြစ်၏။
ဖော်ပြခဲ့သော
အကြောင်းပြများအရ တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံတည်က
တရားအားမထုတ်ဘဲ မဂ်ရသည်ဟူသော ဟောပြောချက်သည် ထေရဝါဒပိဋကတ်နှင့်မညီညွတ်သော
အယူမှားသာ ဖြစ်၏။ ယခုအခါ တောင်ပုလုမူ၊ တောင်ပုလုဟန်သရဏဂုံတည်အကျိုးတရားကို
ဟောပြောနေသူ အမေရိကန်နိုင်ငံနေ
"တောင်ပုလုတပည့်ရင်း"ဆိုသူသည်လည်း "အယူမှားကို
ဟောပြောနေသူ"သာ ဖြစ်၏။
၆။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်
လူတိုင်းကိုဗုဒ္ဓဘာသာအခြေခံ သရဏဂုံတည်စေလို
သော
မေတ္တာ စေတနာအားကြီးတော်မူကြောင်းသိရပါ၏။ သို့ သော် အလုပ်တခုတွင် မေတ္တာစေတနာ
အားကြီးရုံ
နှင့်
မပြီးသေး၊မပြည့်စုံသေးကြောင်း နားလည်ရပေမည်။ ဆရာတော်ကြီး၏ဟောပြောချက်သည်ဗုဒ္ဓဒေသနာတော်
နှင့်ညီညွတ်မှသာ
ပညာရှင်တို့  ချီးမွမ်းဖွယ်၊ နှစ်သက်ဖွယ် ဖြစ်နိုင်ပေမည်။
ဗုဒ္ဓဒေသနာတော်နှင့်မညီညွတ်လျှင်ကားချီးမွမ်းဖွယ်၊
မြတ်နိုးဖွယ်ဖြစ်မည်မဟုတ်ပေ။ ထို့ ပြင် ဗုဒ္ဓသာသနာတော်
အတွက်လည်း တစုံတခုသော အတိုင်းအတာအထိ
ဆိုးကျိုးဖြစ်စေနိုင်သည်။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏
နောက်လိုက်တပည့်တို့ သည်လည်း "တို့ ဆရာ ပြောရင် မှန်မှာပါပဲ"ဟူသော
မျက်ကန်းယုံကြည်ချက်မျိုးကို ပြောင်းလဲပြုပြင်၍ ပိဋကတ်စာပေပညာရှင်တို
့၏အကူအညီဖြင့် ပိဋကတ်စာပေနှင့်အညီ ဝေဖန်ဆန်းစစ်၍ ဟောပြောမှသာ ကွယ်လွန်လေပြီးသော
မိမိတို့ ဆရာ တောင်ပုလု
တောရ
ကမ္ဘာအေးဆရာတော်ကြီးကို ဓမ္မအားဖြင့် ပူဇော်ရာရောက်ပေမည်။ မိမိတို
့၏ဂုဏ်သိက္ခာအရည်အသွေး
ကိုလည်း
ပညာရှင်တို့  လေးစားချီးမွမ်းပေလိမ့်မည်-----။
၇။
ယခုအခါသည် မြတ်စွာဘုရားရှင်၏ စစ်မှန်သော
အဆုံးအမတော်ကိုလူတိုင်း ရယူနိုင်သော အခွင့်ကောင်း အခါကောင်းဖြစ်၏။ ဗုဒ္ဓသာသနာနှင့်တွေ့ ဆုံခိုက်၊ အခါသမယကောင်းနှင့်ကြုံကြိုက်ခိုက်
အသုံးချတတ်လျှင် အဖိုးတန်မွန်မြတ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ပါ၏။
သစ္စာ ၎
ပါးအစစ်အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိစေနိုင်သော ဝိပဿနာရှုနည်းများ (ဝါ)
တရားအားထုတ်နည်း
များ
(ဝါ) ကမ္မဋ္ဌာန်းနည်းများသည် ဘုရားရှင်များ ကမ္ဘေကမ္ဘာမကကြာအောင်
ခက်ခဲပင်ပန်းစွာရှာဖွေမှ တွေ့ ရှိ
ခဲ့ရသော
အဆုံအမနည်းစနစ်များဖြစ်၏။ စစ်မှန်သော ဝိပဿနာရှုနည်း (တရားအားထုတ်နည်း၊
ကမ္မဋ္ဌာန်းနည်း)
များကို
"ဒါတွေလုပ်စရာမလိုဘူး၊ သရဏဂုံတည်ရင် မဂ်ရပြီ"ဟု ပြောပြီး ပယ်ရှားမိလျှင်
ဘုရားအဆုံးအမတော်ကို ပယ်ရာရောက်လေတော့၏။
ယုံကြည်လိုလားသူတို
့၏ သဒ္ဓါနှင့်ဆန္ဒကို ဖျက်ဆီးရာရောက်၏။ အားထုတ်လိုသူအားဖြစ်ထိုက်သည့် ဝိပဿနာ
ဉာဏ်၊
မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ မှ ဆုံးရှုံးလွဲချော်စေရာ ရောက်၏။ လမ်းမှားကို ပြရာရောက်၏။
"တရားအားထုတ်စရာမလို၊
သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရစေနိုင်၏"ဟူသော စကားသည် ဤမျှအထိ ဘေးထွက်
ဆိုးကျိုးကို ပေါ်ပေါက်စေနိုင်၏။ မည်မျှအပြစ်ကြီးကြောင်း မြတ်စွာဘုရားဟောတော်မူသော
ဓမ္မပဒပါဠိတော်
(ဂါထာအမှတ် ၁၆၄) ဖြင့် သိရာ၏။
ယော
သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ
ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ
ကဋ္ဌကေဿဝ၊ အတ္တဃာတာယ ဖလ္လတိ။
မြန်မာပြန်
ပညာမဲ့သူသည်
ယုတ်မာသောမိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သော တရားသဖြင့်
အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့ ၏ အဆုံးအမကို တားမြစ်၏။ ဝါးသီးတို့ သည်
ဝါးပင်ကို သတ်ရန်
အလို
့ငှါ သီးကုန်သကဲ့သို့  ထိုပုဂ္ဂိုလ်၏မိစ္ဆာအယူသည်လည်း မိမိကိုယ်ကို သတ်ရန်အလို
့ငှါသာ ဖြစ်၏။
(ခုဒ္ဒကပါဌပါဠိတော်မြန်မာပြန်၊
၃၆။)
အမရဒီပ
၎-၂၁-၂ဝ၁၂
No comments:
Post a Comment