စာသင်တိုက်တွင် ဘုန်းကြီးသည် လပြည့်နေ
့တိုင်း နာရီဝက်တရား ဟောပြောပါသည်။
ဟောပြောသည့်
တရားများမှာ ပုံမှန်အားဖြင့်
ဖတ်ထားသည့်စာအုပ်အပေါ် အခြေခံမူတည်ထားသည်။ တခါတွင် ဤသို့ ဟောပြော
ခြင်းမှာ ပရိသတ်အတွက် ငြီးငွေ
့စရာဖြစ်နိုင်သည်၊ ထို့ ကြောင့် ကြုံသလိုမီးစဉ်ကြည့်ဟောမည်ဟု ဆုံးဖြတ်လိုက်
သည်။ စာမျက်နှာသုံးမျက်နှာပါသည့်
ဝိသာခါဥပေါသထသုတ်တရားကို ဘုန်းကြီးကျက်မှတ်သည်။ ယင်းနောက် ပရိသတ်ရှေ့ တွင် ထိုတရားစာပြန်ရွတ်ပြသည်။
စမ်းသပ်ချက်တရားစာမှာ လှလှကြီးပျက်စီးလေ၏။
ဆယ်မိနစ်အတွင်း တရားစာရွတ်ပြီးသွားသည်။
နောက်ငါးမိနစ်ကို မပီမသလုပ်ကာ
ဝါးချလိုက်ရသည်။ ရွတ်မိသည့်စာကို သေချာစွာ မမှတ်မိတော့ပြီ။ ရှက်ဖွယ်ကောင်းလှ၏။
ထိုဖြစ်ရပ်က လုံ့ လစိုက်ကာကြိုတင်ပြင်ဆင်ခြင်းနှင့်ပတ်သက်သည့် တန်ဖိုးကြီး
သင်ခန်းစာတခုအား ဘုန်းကြီးကို ပေးခဲ့ပါသည်။ ထိုအခါမှအစပြု၍ တရားဟောပြောချက်များကို
သေသေချာချာ ပြင်ဆင်ပါတော့သည်။
ဓမ္မပဒဂါထာတပုဒ်ကို ရွေးထုတ်ပြီး
၎င်းအဋ္ဌကထာလာ ဂါထာ၏ဇာတ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဓမ္မပဒကျမ်းတွင်ဂါထာပေါင်း
၄၂၃ ပုဒ်ပါဝင်ပြီး အများစုမှာ နီတိနှင့် ကိုယ်ကျင့်သီလအကြောင်းကို သင်ကြားထား
သည်။ ဓမ္မပဒကျမ်းစာပါ
ခေါင်းစဉ်အကြောင်းအရာများကို အကျယ်ရှင်းလင်းထားသည့် ရာပေါင်းများစွာသော
ဇာတ်လမ်းများ
ဗုဒ္ဓစာပေကျမ်းစာအနှံ့ အပြားတွင် ရှိလေသည်။ ဘုန်းကြီးအနေဖြင့်
၎င်းဓမ္မပဒဇာတ်လမ်းများအား
ဗုဒ္ဓသာသနာရှိ ကိုယ်ကျင့်အခြေခံအုတ်မြစ်တခုအနေဖြင့်
တရားနာသူများကို ဟောပြောခွင့်ရသည့်အတွက် ဝမ်းမြောက်ခဲ့ပါသည်။
ဟောမည့်တရားကို ကြိုတင်ပြင်ဆင်တတ်သည့်အကျင့်သည်
ရဟန်းပြီးနောက်အချိန်ကာလအထိ ကပ်ပါမလာခဲ့ပါ။
အကြောင်းမှာကြိုတင်ပြင်ဆင်မှုမပြုလုပ်ဘဲ တရားတပုဒ်ကို ဟောနိုင်သည်ဟု လုံလောက်သည့်
ယုံကြည်မှုကို ပြန်လည်ရရှိလာသောကြောင့် ဖြစ်ပါသည်။
အသက်ဆယ့်ခုနစ်နှစ်အရွယ်တွင်
စာသင်တိုက်ရောက်ပြီးနောက် နှစ်အတန်ကြာစွဲလာခဲ့သည် ဆေးလိပ်သောက်
ခြင်းကို ဘုန်းကြီး စွန်
့လွှတ်နိုင်ခဲ့သည်။ သို့ သော် အကောင်းကြီးဖြစ်သည်ကားမဟုတ်။ ဆေးလိပ်သောက်သည်
ကို အခြားစွဲလမ်းခြင်းနောက်တမျိုးနှင့်
အလဲအလှယ်လုပ်လိုက်ခြင်းမျိုးသာ ဖြစ်လေသည်။ ဘုန်းကြီး၏အကျင့်အ
သစ်မှာ ကွမ်းဝါးခြင်းဖြစ်သည်။
အနှေးနှင့်အမြန်ဆိုသလို
ဘုန်းကြီးသည် စာသင်တိုက်၏ ပျော်တော်ဆက်တဦးလည်း ဖြစ်လာသည်။ ညစဉ်ညတိုင်း တနာရီ သို
့မဟုတ် တနာရီကျော်မျှလောက် စာသင်သားများအား ရယ်စရာမောစရာများ ပြောပြရင်း ဘုန်းကြီး
ပွဲထိန်းထားခဲ့သည်။ စာသင်များကို ရယ်မောအောင်လုပ်ပေးနိုင်ခဲ့သည့်အတွက် ဘုန်းကြီးကိုယ်တိုင်လည်း
ပျော်ခဲ့ပါသည်။
ဘုန်းကြီး၏ပြက်လုံးများစွာတွင်
ကျောင်းဒကာတယောက်အကြောင်းပြက်လုံးလည်း တခုအပါအဝင်ဖြစ်သည်။
ကျောင်းဘုန်းကြီးသည်
ကျောင်းမှာသီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား မည်သည့်လှူဖွယ်ဝတ္ထုကို
မျှ မလှူမကပ်သောကြောင့်
ကျောင်းဒကာ စိတ်ဆိုးသည်။ သို့ ဖြစ်လေရာ ကျောင်းဒကာသည် ဗုဒ္ဓရုပ်ပွားတော်၏
လည်ပင်းတွင် ကြိုးချည်ပြီး ကျောင်းထုပ်တန်းမှာ ချည်နှောင်တွဲလောင်းချထားလိုက်၏။
ကျောင်းဒကာ၏လုပ်ရပ်
ဟုသိပြီး ကျောင်းဘုန်းကြီးက
အကျိုးအကြောင်းမေးသည်။
“ဗုဒ္ဓ၏
ကိုယ့်ကိုကိုယ်သေကြောင်းကြံခြင်း“ဟု ကျောင်းဒကာ ဖြေသည်။ “သို့ ကလောက်ငတ်ပြတ်သော
နေရာမျိုးမှာ ဗုဒ္ဓသီတင်းမသုံးနိုင်တော့ကြောင်း“ ဆက်ပြောသည်။
အံ့သြမိသည်မှာ
ကျောင်းအုပ်ဆရာတော်သည် အနှီအဂါရဝပြက်လုံးကို မပြောရန်တားဆီးတာမျိုး မပြုလုပ်ခြင်း
ဖြစ်သည်။
ဘုန်းကြီး၏တင်ဆက်မှုပွဲသိမ်းပြီးနောက် ဘုန်းကြီးတို့ သည်
ကျောင်းအုပ်ဆရာတော်အခန်းသို့ သွား
ကာ အတူတကွ ဝိုင်းဖွဲ
့ကွမ်းစားကြသည်။
ဆရာတော်သည်
ဆယ်ကျော်သက်ကိုရင်ကြီးများကို မည်သို့ မည်ပုံ ကိုင်တွယ်ထိန်းသိမ်းရမည်ကို သိသည်။ သူသည်
စည်းကမ်းကြီးသူဖြစ်သလို အလွန်သိမ်မွေ့ ညင်သာသူလည်း ဖြစ်သည်။ စာသင်သားများ
စိတ်ဓာတ်ရေးရာ
ပျက်စီးထွေပြားနိုင်သောအမှုကိစ္စကိုအပြင်းအထန်ဖိအားပေးတင်းကျပ်ခြင်းမျိုးကို
သူမလုပ်။ အသာတကြည်ပင် စည်းရုံးသိမ်းသွင်းတတ်သည်။ ဘုန်းကြီးတို
့ဝိနည်းလေးစားတတ်အောင် သူက အားပေးပါသည်။
“ငါ့ရှင်တို့ ကို လူတွေက
ကြည့်လိမ့်မယ်။ ငါ့ရှင့်တို့ ဟာ ပျော်ရွှင်စရာ ကာမဂုဏ်ခံစားမှုတွေကို စတေးပစ်ပြီး
ငါ့ရှင်တို့ ဘဝတွေကို တရားကျင့်ကြံဖို့ ရင်းနှီးမြုပ်နှံထားတယ်ဆိုတာ လူတွေသိပါတယ်။
ဒါကြောင့် ငါ့ရှင်တို့ ဟာ
အဲဒီလို ရိုသေဂါရဝထားမှုကို
ရသင့်ပါတယ်”
ဤသည်မှာ ဆရာတော်၏
ဆုံးမစကားဖြစ်သည်။
အမရဒီပ
သြဂုတ်လ ၁၂၊ ၂ဝ၁၃
No comments:
Post a Comment