အခန်း ၆၊ ရဟန်းဖြစ်ခြင်း
သီရိလင်္ကာနိုင်ငံရှိ
ထေရဝါဒဗုဒ္ဓသာသနာတော်တွင် အဓိကဂိုဏ်းကြီး ၃ ရပ်ရှိသည်။ သက်တမ်းအကြာမြင့်ဆုံးနှင့်
အင်အားအများဆုံးမှာ "သျှာမနိကာယ" (သျှမ်းဂိုဏ်း)ဖြစ်သည်။ ဘုန်းကြီးက
ဤဂိုဏ်းဝင်ဖြစ်သည်။ ဤဂိုဏ်း
သည်
ဘုန်းကြီးကျောင်းအရေအတွက်နှင့် ရဟန်းသံဃာအရေအတွက် အခြားဂိုဏ်းထက် ပိုများသည်။
နိုင်ငံ၏ ရှေးအကျဆုံးကျောင်းတိုက်များသည်လည်း ဤဂိုဏ်းအတွင်းမှာ အများဆုံးရှိသည်။
"သျှာမနိကာယ"
အမည်ရပုံကား ဤသို့ ဖြစ်၏…..။
အတိတ်ကာလတုန်းက စီလုံကျွန်းကို
နယ်ချဲ့ ဗြိတိသျှတို့ အုပ်ချုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဒတ်ခ်ျ နှင့်
ပေါ်တူဂီသာသနာပြုအဖွဲ့ များကြောင့်လည်းကောင်း ရဟန်းသံဃာအရေအတွက် တဖြည်းဖြည်း
လျော့ပါးကျဆင်းခဲ့ရလေသည်။
ရှင်သာမဏေအရေအတွက် တိုးတက်များပြားလာသည်။သို
့သော် ၂၂၇ သွယ်သိက္ခာပုဒ်ကိုထိန်းသိမ်းပြီး သာမဏေများကိုရဟန်းဖြစ်အောင်
ဥပသမ္ပဒကံဆောင်ပေးနိုင်သူ ရဟန်းတော်တပါးတလေမျှ သီရိလင်္ကာတခွင် မကျန်ရစ်တော့ချေ။
ဆင်ဟာလီစ်လူမျိုးရှင်သာမဏေတပါးသည်
(ပါဠိဘာသာဖြင့် သျှာမ) "ထိုင်းလန်း" ဟုယခုခေါ်တွင်သည့် "ဆီယမ်"သို
့ရဟန်းခံရန် ထွက်ခွါသွားခဲ့ရသည်။ ယင်းနောက် သူသည် စီလုံကျွန်းသို့ ပြန်ကြွလာသည်။
၁၇၅၃ ခုနှစ်တွင် ရဟန်းအစုအဖွဲ့ ကို ပြန်လည်အခြေချပေးခဲ့သည်။
စီလုံကျွန်းတွင် "ဂေါယီဂါမ"ဟုခေါ်သည့်
ဇာတ်မြင့်မိသားစုဝင်များကိုသာ သျှာမနိကာယအတွင်း ရဟန်းခံခွင့်ပြု
ထားသည်။ ဘုန်းကြီး၏မိသားစုသည်
ဆင်းရဲနွမ်းပါးသော်လည်း ဂေါယီဂါမဇာတ်မြင့်အနွယ်ဝင်များ ဖြစ်ကြသည်။
စီလုံကျွန်းတွင် ဇာတ်အဆင့်အတန်းသည်
ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ မျိုးရိုးစဉ်ဆက်အပေါ်မှာသာ အခြေခံသည်။
နှစ်ပေါင်းများကြာပြီးနောက်တွင်
ဂေါယီဂါမဇာတ်ဝင်မဟုတ်သူ ရှင်သာမဏေတစုသည် မြန်မာနိုင်ငံ၊ အမရပူရမြို့ 
တော်သို့ သွားရောက်ကာ
ရဟန်းခံကြသည်။ ထိုအစုအဖွဲ့ စီလုံကျွန်းသို့ ပြန်လည်ရောက်လာသောအခါ ၁၈ဝဝ
ပြည့်နှစ်တွင် "အမရပူရနိကာယ"ကို ထူထောင်လိုက်ကြသည်။
မြန်မာနိုင်ငံ၊ ရာမညဒိစတြိက်သို
့သွားရောက်ခဲ့ကြသော ရဟန်းတော်များက ၁၈၁ဝ ခုနှစ်တွင် တည်ထောင်လိုက်
သော တတိယမြောက်ဂိုဏ်းမှာ "ရာမညနိကာယ"
ဖြစ်လာသည်။
မူလကနဦးက ဂိုဏ်းများအကြားတွင်
အားပြိုင်မှုအကြီးအကျယ်ရှိခဲ့သည်။ ဂိုဏ်းတခုစီက အခြားဂိုဏ်းများသည်
ဝိနည်းစည်းကမ်းကို ပြန်ဆိုယူဆကြရာတွင် လောက်လောက်လားလား တိကျမှုမရှိဟု ယူဆခဲ့ကြသည်။
ဥပမာ-
သျှာမနိကာယဝင်ရဟန်းတို့ သည်
ဦးခေါင်းဆံပင်ရိတ်သလို မျက်ခုံးမွှေးလည်း ရိတ်ပယ်ကြသည်။ အခြားနိကာယ
ဝင်ရဟန်းတို့ ကမူ
မျက်ခုံးမွှေးမရိတ်ကြပေ။
အခြားတဖက်တွင် သျှာမနိကာယဝင်
ရဟန်းတို့ သည် ကျောင်းတိုက်ပြင်ပသို့ သွားလာကြလျှင် သင်္ကန်းမရုံဘဲ သင်္ကန်းကို
ပခုံးတဖက်ဖော်ဝတ်ကာသာ သွားလာကြသည်။ အခြားဂိုဏ်းဝင် ရဟန်းတော်များသည် ပခုံး
နှစ်ဖက်လုံး လုံခြုံစေလျက်
သင်္ကန်းရုံကာ သွားလာကြသည်။
ဘုန်းကြီး၏ဆရာရင်း
ဆရာတော်အရှင်သောဏုတ္တရသည် သျှာမနိကာယဝင်ရဟန်းတပါးဖြစ်သည်။ သူ၏ဆရာ
တော်မှာ ဂိုဏ်းချုပ်ဆရာတော်ကြီး
ဘဒန္တ ဖဟမုနေသုမင်္ဂလ၏ တပည့်ကြီးတပါးဖြစ်သည်။
အရှင်သောဏုတ္တရ အသက် ၂၅ နှစ်အရွယ်
၁၉၁၁ ခုနှစ်တွင် သူ၏ဆရာတော်က မလံဒေနီယရွာတွင်
ကျောင်းသစ်ဖွင့်ရန် စေလွှတ်လိုက်သည်။
မမျှော်လင့်ဘဲ ရွာနီးစပ်ချင်း ကေဘိလိတီဂေါဓရွာကျောင်းထိုင်နှင့်
ပြဿနာတက်သည်။
အရှင်သောဏုတ္တရ မလံဒေနီယရွာသို့ မရောက်ခင် ဆယ်နှစ်လောက်စောပြီး ကေဘိလိတီ
ဂေါဓရွာကျောင်း တည်ထားနှင့်ပြီးဖြစ်သည်။
ထိုသို့ ပင်ဖြစ်စေကာမူ ကေဘိလိတီဂေါဓရွာ ဆရာတော်သည် ဆရာတော်အရှင်သောဏုတ္တရကို
မနာလိုဖြစ်ကာ ကျောင်းသစ်၏ပစ္စည်းပိုင်ဆိုင်ခွင့်ကို တရားတဘောင်စွဲဆိုရင်
ဆိုင်ခြင်း ပြုလုပ်လာခဲ့သည်။
ယင်း၏အကျိုးဆက်အဖြစ်
ဘုန်းကြီး၏ဆရာတော်သည် ကေဘိလိတီဂေါဓရွာဆရာတော်၏ လက်အောက်ခံဖြစ်
သွားပြီး အရိုအသေပြုရန် နေ
့စဉ်သွားနေရသည်။
အတိုချုပ်လိုက်လျှင်
ကေဘိလိတီဂေါဓရွာဆရာတော်ဟူသည် ဘုန်းကြီးအသက် ၁၃ နှစ်သားအရွယ် ရှင်ပြုစဉ်က
ဥပဇ္ဈယ်ပေးသော ဆရာတော် အရှင်သုမနတိဿ ဖြစ်သည်။ ထိုအချိန်က သူသည် ဘုန်းကြီးကို သူ့ "တပည့်
လက်သား" အဖြစ်တောင်းဆိုခဲ့သည်။
သို့ သော် သူတောင်းဆိုတိုင်း မရရှိခဲ့ချေ။ ဤနေရာတွင် ဘုန်းကြီးသည်
သီးခြားအပေးအယူလုပ်ခြင်းခံထားရသူ ကိုရင်တပါးဖြစ်မည်မဟုတ်ဟု ယူဆပါသည်။
ဘုန်းကြီးကျောင်း ၂
ကျောင်းအကြားတွင် ရန်ငြိုးအာဃာတဖွဲ့ မှု တအုံနွေးနွေးဖြစ်နေခဲ့သည်မှာ နှစ်ပရိစ္ဆေဒ
များစွာကြာမြင့်ခဲ့ပြီ။ ဘုန်းကြီးရဟန်းခံမည့် ၁၉၄၇ ခုနှစ်ရောက်သောအခါ
ဘုန်းကြီးကိုယ်တိုင်ပင် အငြင်းပွားမှု
ပြဿနာတုံးကြီးကို တရှိန်ထိုး
တိုးတိုက်မိပါတော့သည်။
ထုံးတမ်းစဉ်လာအရ ကိုရင်တပါး
ရဟန်းခံခါနီးလျှင် ရဟန်းခံအခမ်းအနားအကြောင်းကြေညာချက်ကို
မိတ်ဆွေများ၊ဆွေမျိုးဉာတိများ၊ကျောင်းကပ္ပိယများနှင့် ကိုရင်နေထိုင်ခဲ့ရာ
အခြားကျောင်းတိုက်များသို့ 
ဝေငှလေ့ရှိသည်။ ယင်းကြေညာချက်ကို
ဈေးနှုန်းချိုသာသည့် စာရွက်များဖြင့် ပုံနှိပ်ပြီး စာတိုက်မှဖြစ်စေ၊
လက်ဆင့်ကမ်း၍ဖြစ်စေ ဖြန့် ဝေကြသည်။
စာသင်တိုက်ကျောင်းအုပ်ဆရာတော်က
ဘုန်းကြီးအတွက်ကြေညာချက်တစောင် ရေးပေးသည်။ ထုံးစံအရ ထိုကြေညာချက်ကို
ဘုန်းကြီး၏ဆရာတော်ထံ လက်မှတ်ထိုးရန် ယူဆောင်လာခဲ့သည်။ အကြောင်းကြောင်းများ ကြောင့်
ဆရာတော်အရှင်သောဏုတ္တရသည် မလံဒေနီယရွာကျောင်းထိုင်အဖြစ် လက်မှတ်ထိုးရေးအတွက် လေးတွဲ
့ ဆုတ်ဆိုင်းနေခဲ့သည်။
ဘုန်းကြီးက ဆရာတော့်ကို
လျှောက်ထားသည်။
"ဒီကျောင်းကို ၁၉၁၁ မှာ
အရှင်ဘုရား စတည်ထောင်တယ်။ အရှင်ဘုရားပဲ ဒီကျောင်းကို ဆောက်ခဲ့တာ။ ဒီကျောင်းမှာ
နေ-နေတဲ့ ဘုန်းကြီးဆိုတာလည်း အရှင်ဘုရားပဲ အမြဲတမ်းနေတာပဲ။ ဒီကျောင်းရဲ့
ကျောင်းထိုင်ဘုန်းကြီးဆိုတာ အခြားဘယ်သူ ဖြစ်ရဦးမှာလဲ"
ဆရာတော်အရှင်သောဏုတ္တရက
ဘာမျှပြန်မပြော…။ နောက်ဆုံးတွင် စာရွက်ပေါ် သူ့ လက်မှတ်ထိုးပေးလိုက်
သည်။ စာရွက်ကို မိတ္တူထပ်ပွားကာ
ပထမတစောင်ကို ရွာနီးချင်းကျောင်းရှိ ဘုန်းကြီး၏မူလဥပဇ္ဈယ်ဆရာ အရှင်သုမနတိဿ
ထံတော်သို့ ကိုယ်တိုင်သွားရောက် ဆက်ကပ်သည်။ တဖက်ရွာ၏ကျောင်းထိုင်ဘုန်းကြီးအဖြစ်
အရှင်သောဏုတ္တရ၏လက်မှတ်ကို မြင်လျှင်မြင်ချင်း သူဒေါသပုန်ထလေသည်။
"မလံဒေနီယကျောင်းထိုင်က
ဦးသောဏုတ္တရမဟုတ်ဘူးကွ၊ ငါပဲကွ…။ ဒီစာရင်းထဲမှာ မင်းဆရာသမားအဖြစ်
တောင် ငါမပါဘူး…"
သူက မိုးခြိမ်းသလို
ကြိမ်းမောင်းပြောဆိုသည်။
ဆရာတော်အရှင်သုမနတိဿသည် ကန္ဒီမြို
့ရှိ သျှာမနိကာယဌာနချုပ်သို့ အချိန်မဆိုင်းတော့ဘဲ ကြွသွားကာ
ဘုန်းကြီး၏ရဟန်းခံပွဲကို ဖျက်သိမ်းပေးရန် တောင်းဆိုလျှောက်ထားသည်။
ဆရာတော်အရှင်သောဏုတ္တရနှင့် ဘုန်းကြီးတို့ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။
သို့ သော် အငြင်းပွားမှုကို တနည်းတဖုံနှင့်
ဖြေရှင်းနိုင်မည်ဟု မျှော်လင့်လျက်
ရဟန်းခံပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ခဲ့ကြပါသည်။
ရဟန်းခံပွဲမတိုင်ခင်
အကြိုညတွင်မလံဒေနီယရွာသူရွာသားများသည် ထုံးတမ်းစဉ်လာအတိုင်း စီတန်းလှည့်လည်
ခြင်း၊ ကျောင်းတွင် ပူဇော်ပွဲ၊
ကြိုဆိုဧည့်ခံပွဲများ စီစဉ်ခင်းကျင်းကြသည်။
ဆရာတော်အရှင်သုမနတိဿက
စီတန်းလှည့်လည်ပွဲမလုပ်ဆောင်ရန်ခြိမ်းခြောက်သော်လည်း ပြဿနာ
တစုံတရာ မပေါ်ဘဲ
ကျင်းပနိုင်ခဲ့ကြသည်။
အမရဒီပ
သြဂုတ်လ ၁၄၊ ၂ဝ၁၃
No comments:
Post a Comment