အခန်း ၃ ၊ လွတ်မြောက်ပြီ
သင်္ကန်းချွတ်ပြီး
ဘုန်းတော်ကြီးကျောင်းမှထွက်ခွါလာသောအခါ ဘုန်းကြီးစိတ်ထဲဦးတည်သော
နေရာကား
မေးခွန်းထုတ်စရာမလို…..။ အိမ်…။
သို့ သော် အရင်ဦးစွာ အမကြီးအိမ်
ဝင်သည်။ယောက်ဖသည် ဘုန်းကြီးမြင်သည့်အခါ အံ့သြသော်လည်း
ထိန်းထိန်းသိမ်းသိမ်းရှိလှသည်။ ဘုန်းကြီးကြိုးပမ်းခဲ့ရပုံကို သူနားထောင်ပြီး
ပြုံးလျက်ပင် ပြောသည်။
"အဲဒီလိုဘုန်းကြီးကျောင်းမျိုးကနေ
မင်းထွက်လာတာ ကောင်းပါတယ်၊ တို့ အိမ် ခဏဖြစ်ဖြစ် နေလိုက်ဦး။ မင်းအတွက်
နောက်တကျောင်း ငါရှာကြည့်ပါဦးမယ်"
သို့ သော် ယောက်ဖအိမ်နေလျှင်
နောက်ကျောမလုံ ။ ဆရာတော်အရှင်သောဏုတ္တရလာပြီး ဘုန်းကြီးကို ရှာနိုင်သည်။ ထို
့ကြောင့် မိဘအိမ်သို့  ဘုန်းကြီးပြေးပြန်သည်။
ဘုန်းကြီးကိုမြင်သည်နှင့်
မိခင်ခမျာ အံ့သြတုန်လှုပ်သွားသည်။ ဘုန်းကြီးကျောင်းကနေ ထွက်လာခြင်းအကြောင်း
ကို မေးသည်။ ဘုန်းကြီးကလည်း
ဖြစ်သမျှအလုံးစုံကို ပြောပြသည်။ မိခင်သည် စကားများများမဆို ၊ ငိုတော့၏။
ညနေပိုင်း လယ်ကွင်းအလုပ်မှ
ဖခင်ပြန်လာသည်။ ဘုန်းကြီးကျောင်းမှာဖြစ်သမျှ ဆဲဆိုမှုအကြောင်း သူ့ ကို
ပြောပြရပြန်သည်။ သူ့ မျက်နှာအရိပ်အကဲကိုကြည့်ရသည်မှာ ဘုန်းကြီးပြောသည်ကို
သူယုံကြည်ပုံမရ၊ တည်တည်ငြိမ်ငြိမ် ရှိလှသည်။ အကို နှင့်အမများသည်လည်း
ဘုန်းကြီးပြန်ရောက်လာသည့်အတွက် ဝမ်းမြောက်
ကြသည်။ မည်သူမျှ စကားများများ
မပြောကြပေ။ ဘုန်းကြီး အိမ်ပြန်ရောက်သည်ကို အခြေအနေအရ
လက်ခံကြပုံ ပေါ်၏။
လက်ရှိအနေအထားအတိုင်းဆက်သွားလို
့မရနိုင်တော့မှန်း မိသားစုအားလုံး နားလည်ကြသည်။ ကိုရင် ၊ ရဟန်း တပါး
လူဝတ်လဲခြင်းသည် မလုပ်စကောင်းအရာတခုဖြစ်သည်။ တမိသားစုလုံး အရှက်တကွဲ
ကိုယ်ကျိုးနည်းသည်
အထိဖြစ်တတ်ပြီး ကံဆိုးမိုးမှောင်ကျတတ်သည်။
နောက်တနေ့ နေ့ လယ်ပိုင်း ဆရာတော်
အိမ်သို့ ကြွလာသည်။ ဘုန်းကြီး၏မိဘများမှာ ဆရာတော်ကို
ရိုသေလေးစားသမှုပြုသည့်အနေဖြင့် သူ့ ထံမှဘုန်းကြီးထွက်ပြေးလာသည့်အကြောင်းကို မမေး။
ဖြစ်ခဲ့သမျှကို သူတို့  မသိကျိုးကျွံ
ပြုနေကြသည်။
စကားပြောပြီးနောက်အချိန်အနည်းငယ်အကြာ
ဆရာတော်က ဘုန်းကြီးကို သူနှင့်အတူ ကျောင်းပြန်လိုက်ရန် အမိန့် ရှိပါသည်။ ဘုန်းကြီးသည် ဆိတ်ဆိတ်နေကာ မိဘများဆီ
အကူအညီရလိုရငြား ကြည့်လိုက်သည်။ ဘုန်းကြီးဘက်ကရပ်တည်ပြီး ပြောပေးကြလိမ့်မည်၊
ဘုန်းကြီးကို သူတို့ နှင့်အတူနေစေလိုကြောင်း ပြောလိမ့်မည်
ဟုလည်း မျှော်လင့်ထားသည်။
တမိနစ် နှစ်မိနစ်လောက်ကြာသည်။
မည်သူမျှ စကားမပြော။ နုတ်ဆိတ်နေကြသည်။ မိဘတို့ သည် ဘုန်းကြီးကို
မကြည့်ရက်နိုင်ဖြစ်ပုံပေါ်သည်။ ဆရာတော်က သူ၏ကမ်းလှမ်းချက်ကို ထပ်ပြောပြန်၏။
ဖခင်က ဦးခေါင်းငြိမ့်လိုက်ပြီး
လေသံဖြင့်ပြောသည်။
"ဟုတ်တယ်…၊ ဆရာတော်နဲ့ အတူ
ပြန်လိုက်သွား"
ဘုန်းကြီးစိတ်ပျက်သွားသည်။ အကယ်၍
ဘုန်းကြီးဇွတ်ပေကပ်ပြီးဆက်နေလျှင်လည်း တရက်ပြီးတရက် ဘုန်းကြီးကျောင်းပြန်သွားအောင်
ဖခင်က ဖိအားပေးတော့မည်။ ဘုန်းကြီးသည် မိသားစုကို အရှက်မကွဲစေလိုပါ။
ထိုအကြောင်းများနှင့်ပင်
ဆရာတော်နှင့်အတူ ဘုန်းကြီးပြန်ပါလာခဲ့ပြန်သည်။ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်ပြီး
နောက် ဆရာတော်က ဘုန်းကြီးကို
ထပ်မံရှင်ပြုပေးသည်။ပထမအကြိမ် အခမ်းအနားလောက်ကား မကြီးကျယ်။
ဒုတိယအကြိမ်ရှင်ပြုပြီးတွင်
လိမ္မော်ရောင်သင်္ကန်းကို ဘုန်းကြီးဝတ်ဆင်သည်။ ဤတကြိမ် ပိုအဆင်ပြေပါစေ
ဟုသာ မျှော်လင့်မိပါတော့သည်။
ဘုန်းကြီး၏ဆရာတော်သည် ဆိုင်ရာသံဃာဂိုဏ်း၏
သံဃာ့ကောင်စီအဖွဲ့ ဝင်တပါးဖြစ်သည်။ ဇွန်လပြည့်နှင့် ဇူလိုင်လပြည့် တို့ အကြား
ကာလများတွင် ကန္ဒီမြို့ သို့ ကြွရောက်သီတင်းသုံးရသည်။ ထိုနှစ်လအတွင်း
သံဃာ့ကောင်စီသည် ကိုရင်များအတွက် သိမ်တက်ရဟန်းခံပွဲများ ကျင်းပပါသည်။ တနေ့ တာအတွင်းမှာပင်
လူငယ်သုံးဆယ်လောက်ကို
ရဟန်းတက်ပေးသည်။ ဆရာတော်ခရီးကြွစဉ်ကာလတွင် ဘုန်းကြီးသည် အသက် ဆယ့်သုံးနှစ်သားကိုရင်ပင်ဖြစ်သော်လည်း
ကျောင်းတိုက်အကြီးအကဲအဖြစ် တာဝန်ယူရပါသည်။
ဆရာတော်မရှိ၍ ဘုန်းကြီးသည်
ကျောင်းတာဝန်ခံဖြစ်နေခိုက်တနေ့ တွင် ရွာသားတယောက် လိမ္မော်သီး
လာတောင်းသည်။
ကျောင်းဝင်းခြံအတွင်း လိမ္မော်ပင်နှစ်ပင်ရှိရာ လိမ္မော်သီးလိုလျှင် ရွာသားများ
အချိန်မရွေး ကျောင်းသို့ ရောက်လာတတ်သည်။ ထိုသူက လိမ္မော်သီးအတွက်
ငွေတမတ်ပေးသွားခဲ့သည်။
ဘုန်းကြီးကျောင်းသားတယောက်မှာ
ဆရာတော်နှင့်အတူ ကန္ဒီမြို့ သို့ လိုက်ပါသွားသည်။ ဟန္နီမဟတ္တယ ခေါ်သည့် ကျောင်းသားမှာ
ဘုန်းကြီးနှင့်အတူ ကျောင်းမှာကျန်ရစ်သည်။ ပုံမှန်အားဖြင့် ဘုန်းကြီးတို
့နှစ်ဦးသည် ရောင်းရင်းများလို အရာရာ ဝေစားမျှစားဖြစ်ကြသည်။ လိမ္မော်သီးအိတ်ထမ်းပြီး
ရွာသားထွက်သွားသည်နှင့် ဟန္နီမဟတ္တယသည် သူ့ အတွက် ဝေစုကို ဘုန်းကြီးထံတောင်းတော့သည်။
"သူက
ပိုက်ဆံတမတ်ပဲပေးသွားတာကွ ၊ သကြားရယ် ၊ လက်ဖက်ခြောက်ရယ်၊ ဒီည မီးခွက်ထွန်းဖို
့ရေနံဆီရယ် ဝယ်စရာရှိတယ်"
ဟန္နီမဟတ္တယကို ဘုန်းကြီးပြောသည်။
သူအလွန်စိတ်ဆိုးသည်။ အယုတ္တအနတ္တစကားလုံးများ သူ ထံမှ ထွက်လာတော့သည်။ ဘုန်းကြီး သူ
့ကို ရိုက်ပစ်လိုက်သည်။
နောက်တကြိမ်ဖြစ်ရပ်မှာ မီးခွက်မီးတို
့ရန် မီးခြစ်ကုန်သွားပြန်သည်။ ခြံနီးနားချင်းတအိမ်အိမ်ပြေးပြီး
ထင်းမီးစတချောင်းယူပေးရန် ဟန္နီမဟတ္တယကို ဘုန်းကြီးခိုင်းပြန်၏။ "ထင်းမီးစတောင်းသည့်ကိစ္စ"မှာ
ထိုခေတ်အခါက လုပ်ရိုးလုပ်စဉ်တခုဖြစ်သည်။
သို့ သော် သူမသွားလိုဟု
ဟန္နီမဟတ္တယငြင်းသည်။ သို့ နှင့်သူ့ ကိုဘုန်းကြီး အကျပ်ကိုင်ရသည်။ သူထင်းမီးစ
မယူပေးလျှင် နောင်စီးကရက်သောက်က
သူ့ ကိုတဝက်မပေးနိုင်ဟု ပြောခြင်းပင်…။ (သူနှင့် ဘုန်းကြီးမှာ စီကရက်ဝေသောက်နေကျ၊
ဘုန်းကြီးတဝက်သောက်သည်၊ သူ့ ကို တဝက်ပေးသည်။) သူကား စည်းရုံး၍ မရနိုင်သူဖြစ်နေချေပြီ။
တောက်တိုမယ်ရလုပ်ပေးခစီးကရက်တပိုင်းတစကိုပင် စွန့် လွှတ်နိုင်သူဖြစ်၏။
ဘုန်းကြီးကိုယ်တိုင်ပင်
ထင်းမီးစသွားယူသည်။ ကျောင်းပြန်ရောက်သည့်အခါ စီးကရက်ကို မီးညှိသောက်
သည်။အစပိုင်းတွင် သူက
ဘုန်းကြီးကို စောင့်ကြည့်နေ၏။ စီကရက်မီးစာတဝက်ကျိုးသောအခါ နောက်တဝက်
သူ့ ကို ပေးပါဟု တောင်းဆိုလာ၏။
"မေ့ထားစမ်းကွာ၊ အပေးအယူဟာ
အပေးအယူပဲကွ၊ ငါ့ဖာသာ ထင်းမီးစသွားယူတာလေကွာ၊
အဲဒီတော့ မင်းစီးကရက်ဝေစု မင်းမရဘူးပေါ့"
ဘုန်းကြီးပြောလိုက်သည်။
ဤတွင် ဟန္နီမဟတ္တယသည် ဘုန်းကြီးကို
ကျိန်စာတိုက်တော့၏။ ဘုန်းကြီးဒေါသထွက်အောင်လုပ်လာသည်။ သူ့ 
ကို နံရံနှင့်ညှပ်တွန်းထားပြီး
ချုပ်ထားကာ သူ့ နုတ်ခမ်းထောင့်စွန်းနှစ်ဖက်စုံကို စီးကရက်မီးနှင့် တို့ ပစ်ရှို
့ပစ်လိုက်
သည်။
အခြားအဖြစ်အပျက်များလည်း
ရှိပါသည်။ ဆရာတော် ကန္ဒီကို ခရီးကြွနေခိုက် ဘုန်းကြီးနှင့်သက်တူရွယ်တူများ
ကျောင်းလာလည်ကြ ၊ ကျောင်းမှာနေကြအိပ်ကြသည်။ကစားနည်းမျိုးစုံအောင် ကစားကြသည်။
စင်စစ်အားဖြင့် ကိုရင်တပါးအနေဖြင့် မြူးတူးပျော်ပါး ကစားခြင်း မလုပ်သင့်ပါပေ ၊ သို
့သော် ဆရာတော်အနီးအနားမှာမရှိလျှင်
သူကောင်းသားမည်သည့်ကိုရင်က
ဂရုစိုက်ပါတော့နည်း…….။
အကြိုက်ဆုံးကစားနည်းများအနက်
တခုမှာ "၅ ဂဏန်းနှင့်ကစားခြင်း"ဟူသည့် "ပဉ္စဂဏဟဝ"နည်းပင် ဖြစ်၏။
ခရုခွံအသေးစားလေးများကို
ကြမ်းပြင်ပေါ် ကြဲချကာ အကျမှန်၊ အကျမမှန်သောအခွံအရေအတွက်အလိုက် အမှတ်ယူရသော
ကစားနည်းဖြစ်သည်။
တနေ့ သ၌
ဘုန်းကြီးကျောင်းနှင့်ခြံနားနီးချင်းတဦး ရောက်လာပြီလျှင် ဘုန်းကြီးတို့ ကို
ဖဲကစားနည်းသင်ပေးချင်
သည်ဟု ဆိုလေ၏။ သူကစားပြ၍
ဘုန်းကြီးတို့  စိတ်ဝင်စားကြသည်။ ကစားပွဲကြိမ်ရေများစွာကို ဆက်တိုက်
ဆက်တိုက် ဘုန်းကြီးတို
့နိုင်အောင် သူလုပ်ပြပြီးနောက် သူကပြောသည်။
" ကိုရင်မှာ ပိုက်ဆံရှိရင်
ဒီတပွဲကို အလျော်အစားအနေနဲ့ ကစားနိုင်ပါတယ်။
ဒီနေ့  ကိုရင်တို့ ကံကောင်းတဲ့နေ့ ပဲ
၊ နိုင်မယ့်ပုံချည်းပေါ်နေတယ်"
ဘုန်းကြီးမှာ ငွေ တရူပီးရှိကြောင်း သူ့ ကို ပြောသည်။
"ကောင်းတာပေါ့၊
ပိုက်ဆံကြေးကစားလိုက်ရအောင်"
သူက ပြန်ပြောသည်။
ဘုန်းကြီးက ငွေတရူပီးကို
လောင်းကြေးထပ်လိုက်သည်။ ချက်ချင်း နှစ်ရူပီး နိုင်သည်။ ဘုန်းကြီးအကြီးအကျယ်
ဝမ်းသာတုန်လှုပ်မိသည်။ သူက
နောက်တပွဲကစားရန် အားပေးအားမြှောက်ပြု၏။ သည်တပွဲတွင် ဘုန်းကြီးရှုံးပါ
သည်။ ခြံနီးချင်းလူသည်
သုံးရူပီးကို အိတ်ကပ်ထဲကောက်ထည့်ပြီး ဘုန်းကြီးကျောင်းမှ ပြုံးပြုံးကြီး
အိမ်ပြန်သည်။
ဤပွဲသည် တိုတောင်းလှသော
ဘုန်းကြီး၏လောင်းကစားသမားဘဝနိဂုံးပေတည်း။
ဤပွဲသည်
တချီတမောင်းစမ်းရုံမျှဖြင့် ဘုန်းကြီးရလိုက်သော သင်ခန်းစာတရပ်ပါတည်း။
အမရဒီပ
ဇွန်လ ၇၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment