လပြည့်နေ့ ၊ လပြည့်ကျော်တရက်နေ
့များတွင် ဘုန်းကြီးနှင့် ကျောင်းသားများ နေ့ စဉ်လုပ်ငန်းမှ အနားယူခွင့်ရ
သည့်အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပေသည်။ ထိုနေ့ များတွင် ဘုန်းကြီးတို့ မှာ
ဝေယျာဝစ္စအလုပ်ကြမ်းသ
မားများအဖြစ်မှ အထူးနေ
့ရက်များတွင် ကျောင်းမှာအချိန်ကုန်ရန်ရောက်လာကြသည့် ရွာသားများအတွက် အိမ်ရှင်များ
ဖြစ်သွားကြပေသည်။ ကျောင်းရောက်လာသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်။
စာရေးစာဖတ်မတတ်ကြချေ။ ဘုန်းကြီးကျောင်းများတွင် ရဟန်းတော်များက
လူဝတ်ကြောင်များအတွက် ဇာတ်တော်များဖတ်ပြရပြီး အဓိပ္ပါယ်ဆိုလိုချက်ကို
ရှင်းလင်းပြောပြလေ့ရှိကြသည်။
ဇာတ်တော်ဟူသည်
ဗုဒ္ဓဘုရား၏အတိတ်ဘဝဖြစ်ရပ်များကို တင်ပြထားသော ဇာတ်လမ်းများဖြစ်ကြသည်။ ဇာတ်လမ်းပုဒ်ရေ ၅၅ဝ ရှိသည်။ ဇာတ်တော်တိုင်းဝယ်
ဗုဒ္ဓဘုရားရှင်သည် အတိတ်ဘဝများစွာတွင် ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊
ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတည်းဟူသော
မြင့်မြတ်သည့်အရည်အသွေးများကို ထင်ရှားပေါ်လွင်အောင်ပြသပုံကို ဇာတ်
လမ်းဖြင့် သရုပ်ဖော်ထားသည်။
အချို့ ဇာတ်တော်များတွင် ဗုဒ္ဓသည် တိရစ္ဆာန်တမျိုးမျိုးဖြစ်ဖူးကြောင်း၊ သူသည်အမြဲတစေ
ဘုရားဖြစ်ဖို့  စိတ်အားထက်သန်သူ ဗောဓိသတ္တ (ဘုရားလောင်း) ဖြစ်ကြောင်း တွေ့ ရသည်။
ဘုန်းကြီးသည်
လေးတန်းအောင်မြင်ပြီးသူဖြစ်သောကြောင့် ဘုန်းကြီးကျောင်းသို့ ရောက်လာကြသည့် စာမတတ်
သူရွာသားများကြားတွင်
လူတော်လူတတ်တဦးဖြစ်နေခဲ့ပြန်သည်။ သူတို့ က ဘုန်းကြီး၏ မိန်းကလေးအသံလိုလို
ကလေးအသံလေးဖြင့်
ဇာတ်တော်များဖတ်ပြသည်ကိုလည်း သဘောကျနှစ်သက်ကြသည်။
တနေ့ … ဗုဒ္ဓဘုရား၏လူဝတ်ကြောင်
သိဒ္ဓတ္ထမင်းသားဘဝဇာတ်လမ်း ပြောပြသည်ကို ဘုန်းကြီးမှတ်မိနေ၏။ မင်းသားသည်
ခမည်းတော်၏နန်းတော်ကိုစွန့် ခွါခဲ့ပြီးနောက် ဆံပင်ကိုဖြတ်ပယ်ကာ တရားရှာဖွေသူယောဂီတဦး
ဖြစ်လာခဲ့သည်။
အဝါရောင်အဝတ်ဖားဖားကြီးကို ခန္ဓာကိုယ်မှာ ရစ်ပတ်ဝတ်ရုံကာ သပိတ်ဖြင့်
ဆွမ်းခံလေကြောင်း ဘုန်းကြီးပြောပြပါသည်။ နားထောင်နေသူရွာသားများအနက် ဘုန်းကြီး၏အဖိုးအရွယ်လူကြီးတဦးကပြောလာ၏။
"ကိုရင်လေး…၊ တပည့်တော်အထင်
ကိုရင်မှားနေပြီနော်။ တပည့်တော်အထင်ပြောရရင် သပိတ်တို့ သင်္ကန်းတို့ 
ဆိုတာ သိဒ္ဓတ္ထမင်းသားဘုရာဖြစ်မှ၊
ရဟန်းသံဃာရယ်လို့ ပေါ်လာတော့မှ သင်္ကန်းနဲ့ သပိတ်ရယ်လို့ လောကမှာ
ပေါ်လာတာ မဟုတ်လားဘုရား…."
"ဒကာကြီး… သပိတ်ကို ခေါ်တဲ့
သက္ကတစကားလုံး "ပတ္တ" ဆိုတာဟာ ထိပ်ဝအပွင့်နဲ့ ထည့်စရာ ဘယ်ခွက်ကို
မဆို
ဆိုလိုတာပါပဲ။ အဲဒီလိုခွက်မျိုးက ဗုဒ္ဓဘုရားမပွင့်ခင်ကတည်းက အသုံးပြုနေကြတာပါပဲ။
အဲဒီ "ပတ္တ"ဆိုတာ
ကို
အလှူခံတောင်းရမ်းစားသူတိုင်းလိုလို သုံးကြပါတယ်။ နောက်ပြီးတော့ အဝါရောင်သင်္ကန်း ကို
ခေါ်တဲ့
"ကာသာယဝတ္ထ" ဆိုတဲ့
သက္ကတစကားလုံးဟာလဲ အဝါရောင်အဝတ်တိုင်းကို
ဆိုလိုတာပါပဲ။
သိဒ္ဓတ္ထမင်းသား က အဝါရောင်သင်္ကန်းရှည်ကြီးကို ဝတ်ရုံတာ
ဘယ်လိုလုပ်မဖြစ်နိုင်ရမှာလဲ…ဒကာကြီးရဲ့"
ဘုန်းကြီးက ထိုလူကြီးအား
ဖြေခဲ့ပါသည်။ ဘုန်းကြီးပြန်လည်တွေးမိသောအခါ ဘုန်းကြီးအဖြေက ထိုလူကြီးအား
အတိုင်းထက်အလွန် ဘဝင်ကျသွားစေခဲ့ကြောင်း သိရပါသည်။
သို့ သော် ဘုန်းတော်ကြီးကျောင်းမှာ
ကြုံတွေ့ သမျှအရာအားလုံးသည် ငါကွဟုသွေးကြီးစရာတို့ ချည်းသာ
မဟုတ်ခဲ့ပါချေ..။ တနေ့ 
ဘုန်းကြီးကျောင်းသားကြီးများက သူတို့ နှင့်အတူ ဆေးပြင်းလိပ်သောက်ရန် ဖိတ်
မန္တကပြုလာပါသည်။ ဘုန်းကြီးလည်း
ဆေးပြင်းလိပ်သောက်သည်။ ဤနည်းအားဖြင့် စွဲလမ်းမှုတခုကို စတင်
မွေးဖွားခဲ့သည်။
စီးကရက်ဝယ်မသောက်နိုင်သည့်အခါ ကျောင်းထိုင်ဆရာတော်၏အခန်းမှ ဆေးရွက်ကြီး
ခိုးကြသည်။ ဆရာတော်က
ဆေးရွက်ကြီးများကို ကွမ်းဝါးသည့်အခါ ရောနှောသုံးစွဲရန်သိမ်းထားခြင်းဖြစ်သည်။
ဘုန်းကြီးတို့ သည် ဆေးရွက်ကြီးကို သတင်းစာစက္ကူအပိုင်းစများတွင်လိပ်ကာခိုးကြောင်ခိုးဝှက်သောက်ခဲ့ကြ
သည်။ ဆရာတော်မိသွားသည့်အခါ
ဘုန်းကြီးတို့ ကို ရိုက်ပါသည်။ ရိုက်ခံရမည့်အကြောက်တရားက ဘုန်းကြီး
တို့ ကို ရပ်တန်
့အောင်မလုပ်နိုင်ပါ။ ထပ်အမိမခံရအောင် ပိုသတိထားလုပ်ကြသည်။
တနေ့ ဆွမ်းခံအပြန်
ဆွမ်းချက်ဆောင်ထဲတွင် ဆေးပြင်းလိပ်အသေးလေးကို မီးညှိပြီး စဖွာခါစမှာပင် ဆရာတော်
ရေပုံးကိုင်လျက် ရေတွင်းသို့ ရေချိုးအသွားလမ်းပေါ် ဘွားကနဲ ပေါ်လာသည်။ သူက
ရပ်လိုက်ပြီး ဘုန်းကြီးကို စိန်းစိန်းကြီး ကြည့်သည်။ ဘုန်းကြီးကား
ခိုးထုပ်ခိုးထည်နှင့်တကွ လက်ပူးလက်ကြပ်အဖမ်းခံရပြီတည်း..။
"ဒီတကြိမ်တော့ မင်းကို
ငါမရိုက်တော့ဘူး၊ နောက်တကြိမ် မိခဲ့ရင် မင်းကိုငါဘာလုပ်ရမလဲ ပြောစမ်း…။"
ဆရာတော်က ပြောသည်။
ဘုန်းကြီးဖြေဖို့ ခက်နေမိသည်။
ဆရာတော်၏ဒေါသကား အင်မတန်ကြောက်စရာကောင်းသည်။
မေးခွန်းအဖြေမှာ တခုတည်းသာရှိကြောင်း
ဘုန်းကြီးနားလည်ပါသည်။
"မှန်ပါ….၊ ဆေးလိပ်သောက်တာ
နောက်တခါတွေ့ ရင် အရှင်ဘုရား တပည့်တော်ကို ရိုက်ချင်သလောက်ရိုက်ပါ
ဘုရား……"
ဘုန်းကြီးဖြေလိုက်သည်။
သို့ သော်
ဘုန်းကြီးဆေးလိပ်သောက်သည်ကို ရပ်တန့် မပစ်ပါ။ ဘုန်းကြီး
ဆေးလိပ်အစွဲကြီးစွဲမိနေပြီကော…။
သီတင်းပတ်များစွာကြာပြီးနောက်
ဆေးလိပ်သောက်သည်ကိုမိသွားသည့်အတွက် ဆရာတော်က ဘုန်းကြီးကို လက်ဝါးစာကျွေးလေတော့သည်။
ယင်းနောက် ဆရာတော်က
ဆေးရွက်ကြီးကို သော့ခတ်သိမ်းဆည်းသည်။ ဘုန်းကြီးတို့ဆေးရွက်ကြီးမရနိုင်တော့
ပြီ။ ဘုန်းကြီးတို့ ကား
အကြောက်အလန့် လည်း မရှိတော့ချေ။ ဆေးရွက်ကြီးရစရာအခွင့်အလမ်းများလည်း
ပေါပေါများများဖြစ်လာလေသည်။ ဆေးရွက်ကြီးဝယ်ရန် အုန်းသီး ထုတ်ရောင်းသည်။ မျက်နှာသုတ်ပုဝါ၊
လက်ကိုင်ပုဝါ ၊ဆန်
အလှူရှင်များ၏လှူဖွယ်ပစ္စည်း လက်ထဲရောက်လာသမျှ အကုန်ရောင်းသည်။
ဘုန်းကြီးအသက်ဆယ်ကျော်သက်ဖြစ်ဖို
့နီးလာသည်နှင့်အမျှ အချုပ်အချယ်နှင့်ဝေးဝေးနေလိုစိတ်တို့ သွေးကြွလာ
သည်။ ဆရာတော်အရှင်သောဏုတ္တရ၏ ခန်
့မှန်းရခက်သည့် ဒေါသူပုန်ထကြွသောင်းကျန်းမှုကို အရေထူလာ
သည်။ ကြောက်ရွံ
့စိတ်မဖြစ်တော့ပြီ။ သူ၏အလွန်အကျွံအပြစ်ပေးမှုသည် တရားမျှတမှုမရှိ၊ အကြမ်းပတမ်းလုပ်
လွန်းသည်။ ထို့ ကြောင့် သူ့ ကို
အာခံပုန်ကန်လိုမှုတို့ ဘုန်းကြီးအစပြုလာသည်။
ထို့ ပြင် ဘုန်းကြီး၏ပညာရေးမှာ
အားနည်းချွတ်ချော်မှုရှိနေသည်ဟုလည်း ခံစားလာရသည်။ အသက်ဆယ့်သုံးနှစ်
ရှိနေပြီ၊ စတုတ္ထတန်းမျှသာ
အောင်သေးသည်။ ထိုခေတ်ထိုအခါက စတုတ္ထတန်းအောင်လျှင်အတော်အတန်ခရီး
ပေါက်သော်လည်း ဘုန်းကြီးအတွက်
လုံလောက်မှုမရှိသေး။ ဆရာတော်အရှင်သောဏုတ္တရသည်လည်းကောင်း၊ ရွာနီးချင်းရှိ
ဘုန်းကြီး၏ပါဠိဆရာ ဆရာတော်သည်လည်းကောင်း တရားဝင်ပညာရေးစနစ်ဖြင့် အောင်မြင်ပေါက်
မြောက်ပြီးသူတို့ မဟုတ်ကြချေ။ ပညာရေးကို
သည်မျှနှင့် မတင်းတိမ်နိုင်၊ ဆက်သင်လိုသေးသည်။ ဤသည်မှာ
ဘုန်းကြီးအသက်ရှင်နေသမျှရှိနေဦးမည့် ကိုယ်ပိုင်ဆန္ဒဖြစ်ပေသည်။
ဘုန်းကြီးကျောင်းသည်
အကျဉ်းထောင်တခုလိုဖြစ်သည်ဟုစတင်ခံစားလာရသည်။ ဤအနေအထားသည် ဘုန်းကြီးမြင်မက်ခဲ့သော
လင်းလက်တောက်ပသည့် ဘာသာရေးဘဝမျိုးလည်းမဟုတ်ပြန်ချေ။
တနေ
့တွင်ဆရာတော်အရှင်သောဏုတ္တရသည် နေ့ ဆွမ်းဘုဉ်းပေးအပြီး တခဏတာမှေးစက်အနားယူသည်။
ကျောင်းသားတယောက်သည်
ဆရာတော်၏အခန်းအပြင်ဖက်ရှိအပင်မှ လိမ္မော်သီးကို ခူးဆွတ်ချင်သည်။ ထိုကျောင်းသားသည်
လိမ္မော်သီးကို ကျောက်ခဲများဖြင့် ပစ်ချသည်။
ဆူဆူညံညံအသံများကြောင့်
ဆရာတော်နိုးလာသည်။ ဒေါသတရှုးရှုးထွက်ကာ အခန်းထဲမှ အပြင်သို့ ထွက်လာပြီး
ဆူဆူညံညံလုပ်သူကို မေးမြန်းလေသည်။ အခြားကျောင်းသားတဦးက ဘုန်းကြီးကို
အပြစ်လွှဲချသည်။ ဆူညံဆူညံလုပ်သူမှာ ဘုန်းကြီးဖြစ်သည်ဟူ၏။
ဘုန်းကြီးသည်လည်း
ရုတ်တရက်ဒေါသထွက်သွားခဲ့သည်။ ဆရာတော့်ကို အဘယ့်ကြောင့်လိမ်ညာတင်လျှောက်
သနည်းဟု
ကြမ်းတမ်းသည့်စကားလုံးများသုံးကာ ထိုကျောင်းသားကို ဘုန်းကြီးမေးသည်။ ဤတွင်
ဆရာတော်၏
ဒေါသမြှားဦးသည်
ဘုန်းကြီးဖက်ဦးတည်လှည့်လာသည်။ ဘုန်းကြီးသည် သူ့ ကို မထီလေးစားပြုမူသည်ဟု သူကဆိုသည်။
ကျောက်ခဲပစ်သူမှာ မည်သူပင်ဖြစ်စေ၊ သူဂရုမစိုက်။ ဘုန်းကြီးသည် မထီလေးစားလုပ်သူဖြစ်
သည်။ ပြစ်ဒဏ်ပေးထိုက်သူမှာ
ဘုန်းကြီးဖြစ်သည်ဟု သူကဆိုသည်။
ဆရာတော်သည်
တံမြက်စည်းတံတုတ်တချောင်းကို ဆွဲယူပြီး ဘုန်းကြီးကို ထပ်တလဲလဲ ရိုက်သည်။
ကြမ်းပြင်ပေါ် ဘုန်းကြီးလဲကျသွားရသည်။ အသက်ကိုပင် အနိုင်နိုင် ရှုနေရသည်။
ဤရိုက်နှက်မှုသည်
သည်းခံစိတ်ကိုပေါက်ကွဲအောင်ဖန်တီးသည့် စနက်မီးဖြစ်သည်။
နေ့ လယ်ခင်းနှောင်းပိုင်းတွင်
ခါတိုင်းလိုပင် ဘုန်းကြီးသည် စာအုပ်များကို စုစည်းသိမ်းဆည်းသည်။
ကေဘိလိတိဂေါဓကျောင်းသို့ ပါဠိစာသင်သွားရန် အချိန်ဖြစ်သည်။ ဆရာတော်နှင့်ကျောင်းသားများ
ကျောင်းခြံနောက်ဖက်မှာ
အိမ်သာကျင်းအသစ်တူးရန်
ထွက်သွားခိုက် ဘုန်းကြီးလည်း ကျောင်းတံခါးအပြင်သို
့ထွက်လိုက်သည်။ သူတို့ ထွက်သွားသည်ကို
စောင့်ကြည့်လိုက်ပြီးနောက်ကျောင်းတွင်းသို ပြန်ဝင်လာကာ ပါဠိစာအုပ်များကို
ပစ်ချလိုက်သည်။
ကျောင်းသားများအဝတ်အစားထားရာအခန်းသို
့ဝင်ပြီး အင်္ကျီဖြူတထည်နှင့် လုံချည်တထည်ကို ဆတ်ကနဲဆွဲယူ
သည်။ နောင်တနောက်ဆံတင်းမနေဘဲ သင်္ကန်းများကို
ချွတ်ချလိုက်ပြီး အင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်လိုက်
သည်။
ကိုယ်အတွင်းထဲမှာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းများ
တလိပ်လိပ်တက်လာနေသည်။ ကျောင်းရှေ့ တံခါးမှ အသာလစ်
ထွက်လိုက်ပြီး
သံဆူးကြိုးဂိတ်တံခါးကို ဖြတ်ကာ ကြမ်းတမ်းသည့်လမ်းမပေါ်တက်လိုက်သည်။
ကိုရင်မဟုတ်တော့ပြီတကား……။
ဘေးမခရန်မသီလွတ်လပ်ပြီတကား…….။
အမရဒီပ
ဇွန်လ ၂ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment