Total Pageviews

Saturday, June 1, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၄



ရှင်ပြုပွဲပြီးနောက် ဘုန်းကြီးကျောင်းရောက် ဘုန်းကြီးဘဝအခြေအနေထူးခြားသွားပြီလားမေးသော် မထူးခြားပါ 
ဟု ဆိုရပေချိမ့်မည်။ ဘာသာရေးကျမ်းစာများကို အာဂုံကျက်မှတ်ရဆဲ …၊ ကျောင်းဝေယျာဝစ္စကို လုပ်ရဆဲ…။ ခံနိုင်ရည်ပြည့်ဝဖို့ ဒဏ်ပေးခံရဆဲပင် ဖြစ်သည်။ အစားအေသာက်အပိုင်းတွင် သိသိသာသာ ကွာခြားသွားသည်။  ရှင်သာမဏေသီလသိက္ခာပုဒ်အရ မွန်းလွဲပြီးနောက် အဖတ်ပါသည်အစားအသောက်တို့ ကို မစားရတော့ပါ။ အခြေခံအားဖြင့် တနေ့ ဆွမ်းတထပ်သာ အပြည့်အဝစားရတော့သည်။ ယင်းဆွမ်းမှာလည်း ရွာထဲ ဆွမ်းခံဝင်ပြီး စုဆောင်းရခြင်းဖြစ်သည်။ ကျောင်းနေကိုရင်တပါးအနေဖြင့် ဆွမ်းခံသည်မှာ ကိုရင်၏တာဝန်ဖြစ်သည်။

နေ့ စဉ် ကျောင်းဝေယျာဝစ္စလုပ်ပြီးနောက် နံနက် ၉ နာရီခွဲတွင် ဆွမ်းခံကြွရသည်။ သပိတ်အိပ်ထဲရှိ သံသပိတ်မှာ အတော်ကြီးမားသည်။ ထိုသပိတ်အိပ်ကြီးကို လည်ပင်းမှာ ချိတ်ရသည်။ အိပ်အဖုံးပိတ်မှာ ပိတ်ချည်အဖုံးဖြစ်သည်
အိမ်ခြေခြောက်ဆယ်မှ ကျောင်းထိုင်ဆရာတော်နှင့် ဘုန်းကြီးနှစ်ပါးစာအတွက် ဆွမ်းခံရသည်မှာ ဘုန်းကြီး၏
တာဝန်ဖြစ်ပါသည်။ ရွာသားများသည် သူတို့ တဲရှေ့ တွင် ဆွမ်းအိုး၊ အသီးအရွက်ဟင်း၊ မုန့် ချိုကလေးကို လက်မှာ ကိုင်လျက် မတ်တပ်ရပ်နေကြသည်။ တိတ်ဆိတ်ကာ စက္ခုနြေ္ဒကိုထိန်းပြီး ဖြည်းဖြည်းချင်း ဘုန်းကြီးလျှောက်လှမ်း
လာသောအခါ သူတို့ ၏အလှူပစ္စည်းများကို သပိတ်ထဲသို့ လောင်းလှူကြသည်။

ဆွမ်းခံခြင်းအလေ့အထသည် ယနေ့ အချိန်အထိ အာရှတိုက် ကျေးရွာများမှာ ထွန်းကားဆဲဖြစ်သည်။
 ဖိနပ်မပါ ခြေဗလာဖြင့် စကားပြောသံဆူညံခြင်းလည်းမရှိပါဘဲ လမ်းလျှောက်နေသော သံဃာတန်းရှည်ကြီးသည် ဆွမ်းအလှူရှင်အိမ်ရှေ့ မှာ ရပ်နေကြသည်မှာ ကျက်သရေရှိလှသည့် မြင်ကွင်းဖြစ်သည်။ ဆွမ်းအလှူရှင်က ဆွမ်းကို သပိတ်များထဲသို့ လောင်းလှူသည်။ အချင်းချင်း စကားဖလှယ်ပြောဆိုခြင်းမရှိ…..။

ဆွမ်းခံခြင်းသည် သာသနာတော်နှင့် လူဝတ်ကြောင်အကြား အချင်းအချင်းအမှီသဟဲပြုမှုပင်ဖြစ်သည်။ သိက္ခာပုဒ်အရ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ခွင့်မရသော ရဟန်းသည် လူဝတ်ကြောင်များ အစားအသောက်ထောက်ပံ့မှုကို လက်ခံယူရသည်။ ရဟန်းတော်များကို အစားအသောက်လှူဒါန်းသော လူဝတ်ကြောင်များသည်လည်း ဆွမ်းလှူရသည်အတွက် ဒါနကုသိုလ်ရသည်။ ထို့ ပြင် သာသနာတော်
အဓွန့် ရှည်အောင် ထောက်ပံ့ရာလည်း ရောက်ပါသည်။

သို့ သော် …. ဘုန်းကြီးအတွက် မူ ဆွမ်းခံခြင်းသည် အမြဲတစေ စိတ်ဖိစီးမှုရှိနေသည်။ အိမ်ခြေခြောက်ဆယ် အကုန်နှံ့ အောင် ဆွမ်းခံရသည်။ ကျောင်းသို့  နံနက် ၁၁ နာရီအတိအကျ အရောက်ပြန်ရသည်။ အကယ်၍ ငါးမိနစ်လောက်နောက်ကျလျှင် ဘုန်းကြီး၏ဆရာတော်သည် ဆွမ်းမစားတော့ပြီ။ နေ့ ဆွမ်းကို မွန်းမတည့်မီ စားသောက်ပြီးရမည်ဟု ဝိနည်းတော်က အတိအကျဆိုသည်။ ဆရာတော်သည် အချိန်လုပြီး ဆွမ်းမစားလိုပေ။
တအိမ်တလေမျှကိုလည်း ကျော်ပြီး သုတ်ခြေတင်ကာ ဆွမ်းမခံရဲပါ။ အကြောင်းမှာ ဆွမ်းအလှူရှင်ရမည့်
ကုသိုလ်ကောင်းမှုကို မပေးဘဲထားရောက်ရာသည့်အပြင် ထိုဆွမ်းအလှူရှင်တို့ က ဆရာတော်ထံ တိုင်ကြားကြ
လျှင် ဘုန်းကြီးမှာ ပြစ်တင်မောင်းမဲခံရမှာလည်း သေချာသည်။

ထိုဆွမ်းခံရွာမှာ အစာငတ်ပြတ်သော ခွေးအလွန်ပေါများသည်။ မွှေးရနံ့ တသင်းသင်း အငွေ့ တထောင်းထောင်း
ပြည့်သော ဆွမ်းသပိတ်ကို သူငယ်လေးတယောက်ထမ်းပိုးလာသည်ကို ခွေးများမြင်ကြသောအခါ ခွေးများမှာ
ဝိုင်းလုလိုစိတ်  ဖြစ်ပေါ်လာလေသည်။ ထိုခွေးများကို တရှိန်ရှိန်ပူလောင်နေသည့်နေရောင်ကို ကာကွယ်ရန် ယူဆောင်လာသည့် ထီးဖြင့် ကာကွယ်ဟန့် တားရန် ကြိုးစားပါသေးသည်။ သို့ သော် မည်သည့်အခါမျှ
 အောင်မြင်သည် မရှိခဲ့ပါချေ။

တခါတရံ ခွေးအုပ်စုနှင့် ဝေးအောင် ပြေးဖို့ ဘုန်းကြီးကြိုးစားသည်။ သို့ သော် လည်ပင်းမှာချိတ်ထားသည့် သပိတ်မှာ လေးလံလှသည့်အတွက် အဆင်မပြေဖြစ်ပါသည်။ အမြဲတမ်းလဲကျပြီး ဆွမ်းနှင့် ဆွမ်းဟင်းများ
 မြေပြင်ပေါ် ဖိတ်ကျသွားကြသည်။ ထိုခွေးများသည် သူတို့ ၏အစွယ်တဖွေးဖွေးကိုပြကာ မာန်ဖီလျက် ဘုန်းကြီးကို မောင်းထုတ်ကြသည်။

ခြေထောက်မှာ သွေးအလိမ်းလိမ်းထွက်ကာ သပိတ်ထဲမှာလည်း ဆွမ်းတဝက်မျှသာကျန်ပြီး ကျောင်းပြန်ခဲ့ရ
သည်မှာ လည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပါသည်။ ရွာသားအချို့  ဘုန်းကြီးအတွက် စိတ်မကောင်းဖြစ်ကြဟန်တူသည်။ ဘုန်းကြီးကို ကိုက်လိုက်သည့်ခွေးတရားခံကို သိကြသည့်အခါတိုင်း တရက်နှစ်ရက်ကြာလျှင် ရွာသားများကျောင်း
သို့ ရောက်လာကြသည်။ ကိုရင်အားကိုက်လိုက်သည့်ခွေး သေလေပြီဟု ဆိုတတ်ကြသည်။ ဤသည်မှာ ဘုန်းကြီး
ဖြစ်လိုသော ဆန္ဒမဟုတ်ပါ။ သို့ သော် ပြီးခဲ့သမျှသည်ကား လွန်ပြီးသွားလေပြီတည်း….။

နေ့ ဆွမ်းဘုဉ်းပေးပြီးနောက် ကျောင်းသားနှစ်ယောက်နှင့်အတူ ဆွမ်းစားဆောင်သန့် ရှင်းရေးလုပ်ရသည်။ ထိုကိစ္စပြီးပါက နှစ်မိုင်ခန့် ဝေးသည့် ရွာနီးစပ်ရှိဘုန်းတော်ကြီးကျောင်းသို့ လမ်းလျှောက်ရသည်။ ထိုကျောင်း ဘုန်းတော်ကြီးက ဘုန်းကြီးအား ပါဠိသင်ခန်းစာများ သင်ပေးပါသည်။ ကဗျာစာပိုဒ်များကို လွယ်လွယ်ကူကူ ကျက်မှတ်နိုင်သည့်အတွက် ထိုကျောင်းဘုန်းတော်ကြီးက ဘုန်းကြီးကို အလွန်သဘောကျသည်။ ပါဠိသင်ခန်းစာ
သင်ပြီးနောက် ညနေပိုင်း ဝေယျာဝစ္စအလုပ်နှင့် ဘုရားဝတ်တက်အမှီ ကျောင်းသို့ သုတ်ခြေတင်ပြန်ရသည်။

ညနေပိုင်း လုပ်ငန်းဆောင်တာများအပြီးတွင် လက်ဖက်ရည်သောက်ချိန် နှင့် စာသင်ချိန်ဖြစ်ပြန်သည်။ ည ၉ နာရီခွဲလောက်မှာ အိပ်ရာဝင်လေ့ရှိပြီး နောက်နေ့ နံနက် ၄ နာရီတွင် အိပ်ရာထ ခေါင်းလောင်းသံ ကြားရပြန်၏။

ဘုန်းကြီး၏ဖခင်ကဲ့သို့  ဆရာတော်အရှင်သောဏုတ္တရသည်လည်း စိတ်တိုတတ်သူ ဖြစ်၏။ ဘုန်းကြီးနှင့်
 ကျောင်းသားများကို ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတတ်သည်။ စည်းကမ်းချိုးဖောက်မိလျှင် သို့ မဟုတ် နေ့ စဉ်လုပ်
ငန်းဆောင်တာအသေးအဖွဲကိစ္စလစ်ဟင်းသွားလျှင် လက်ထဲရှိသည့် ကျောက်ခဲ၊ တုတ်၊ အုတ်ခဲ ၊ တံမြက်စည်း
 တွေ့ သမျှနှင့် ထုရိုက်ပစ်ပေါက်ရန် ဝန်လေးသူလည်း မဟုတ်ချေ။ ကုန်ကုန်ပြောလျှင် ဓားရှိလျှင် ဓားနှင့်ပစ်တတ်၊ ခုတ်တတ်သည်။

ထို့ ကြောင့် စည်းကမ်းများကို လိုက်နာနိုင်အောင် အသေအလဲကြိုးစားရသည်။ နံနက်တိုင်း ၄ နာရီတွင် အိပ်ရာထ
ရသည်။ ပြီးနောက် အရုဏ်ဆွမ်းချက်၊ ရေနွေးကျိုသည်။ ၅ နာရီမှာ ရေနွေးနှင့် ဆရာတော် မျက်နှာသစ်သည်။ ယင်းနောက် ပန်းအသစ်များကောက်ယူပြီး နံနက်ငါးနာရီခွဲ ဘုရားဝတ်ပြုရန်အတွက် ဘုရားပန်းကပ်လှူရသည်။

အရုဏ်ဆွမ်းကို နံနက် ၆ နာရီအတိအကျတွင် အဆင်သင့်ဖြစ်စေရသည်။ သူ့ လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ
 ခွေးများကို အစာကျွေးလိုသည့်အတွက် ဆရာတော်ထိုင်သည့်နေရာအနီးမှာ ခွေးစာခွက်ပန်းကန်များ ချထားပေးရ
သည်။ ဆရာတော်ဆွမ်းစားမပြီးမချင်း ဘုန်းကြီးတို့ စားခွင့်မရသေးပါ။ ပြီးမှ နံနက်ပိုင်း ကျောင်းဝေယျာဝစ္စလုပ်ချိန်
အမှီ အရုဏ်ဆွမ်းကို ကပျာကယာမျိုချရသည်။  ဘုန်းကြီးကိုရင်ဖြစ်ပြီးနောက်တွင် ဆရာတော့်အနားမှာ ဆွမ်းစား
ခွင့်ရသည်။ သို့ သော် ဆရာတော်က ထိုင်ခုံပေါ်ထိုင်ပြီး စားပွဲပေါ်ပန်းကန်တင်ကာ စားပါသည်။ ဘုန်းကြီးကတော့ ဆရာတော့်အနီး ကြမ်းပြင်ပေါ်ထိုင်ကာ ရှေ့ ရှိ ခုံရှည်နိမ့်နိမ့်လေးပေါ်ပန်းကန်တင်ကာ စားရသည်။

နံနက် ၁၁ နာရီ ဆွမ်းခံပြန်ရောက်သောအခါ နေ့ ဆွမ်းကပ်သည့်ကိစ္စကို အရုဏ်ဆွမ်းနည်းတူ ဖြတ်သန်းရပြီး
နောက် ဘုန်းကြီးတို့ ၏နေ့ ဆွမ်းကို အငမ်းမရမျိုချပြီးစေရသည်။

နေ့ လယ် ၁ နာရီထိုးသည်နှင့် သီးသန့် စားပွဲပေါ် လက်ဖက်ရည်ရောက်နှင့်ပြီးဖြစ်စေရသည်။ လက်ဖက်ရည်ကပ်ပြီး ချိန်တွင် ပါဠိသင်ခန်းစာသင်ရန် အခြားဘုန်းတော်ကြီးကျောင်းသို့ သွားရသည်။ နေ့ လယ်သုံးနာရီထက်နောက်
မကျစေဘဲ ကျောင်းပြန်ရောက်ရသည်။

ညနေ ငါးနာရီခွဲတွင် ပန်းခြံနှင့်ဥယျာဉ်ကို ရေလောင်းပြီး ညနေ ၆ နာရီဘုရားဝတ်မပြုခင် အလျင်အမြန်ရေချိုးရ
သည်။ ညနေ ၆ နာရီခွဲတွင် ဆရာတော့်ကို လက်ဖက်ရည်ကပ်ရသည်။ ည ၇ နာရီတွင် ဆရာတော့်ထံ စာပြန်
ရသည်။ ယင်းနောက် ကွမ်းယာပြင်ဆင်ပြီး ၇ နာရီခွဲမှာ ကွမ်းကပ်ရသည်။ ထိုမှနောက်တွင် ကိုယ်လက်သန့် စင်ပြီး
အိပ်ရာဝင်သည်။ 
အမရဒီပ
ဇွန်လ ၁၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။

No comments: