နောက်နေ့ နံနက်တွင်
ကျောင်းထိုင်ဘုန်းတော်ကြီးက ဘုန်းကြီးကို အခြေခံပါဠိစာအုပ်တအုပ်ပေးသည်။
ရှင်ပြုပွဲအတွက်ပြင်ဆင်ရန်
စာအုပ်ပါ စာအားလုံးကိုကျက်မှတ်ခိုင်းသည်။ ပြီးနောက် ဘုန်းကြီးဘာဆက်လုပ်ရမည်
ကို အစီအစဉ်ချထားပေးသည်။
ဘုန်းကြီးနှင့်
အခြားဘုန်းကြီးကျောင်းသားသုံးယောက် အုန်းခြံထဲမှာ ကြွေကျသောအုန်းသီးများကို
လိုက်ကောက်ရသည်။
ဟိုတစုသည်တစု ပုံထားရသည်။
တံမြက်စည်းလှည်း၊ ထင်းခွေ၊ ရေခပ်၊ ပန်းကန်ဆေး၊ အဝတ်လျှော်ကြရသည်။
အရင်းခံဆိုရလျှင်
ဘုန်းကြီးတို့ သည် အခမဲ့လုပ်သားများ သို့ မဟုတ် ကျွန်များဖြစ်ကြသည်။ တခုမဟုတ်
တခုပေါ့။
ဘာသာရေးလုပ်ငန်းမှာ
ပန်းကောက်ပြီး ဘုရားကျောင်းဆောင် ပန်းတင်ခုံမှာ တင်လှုရသည်။
နံနက် ညနေ
ဘုရားဝတ်ပြုကြရသည်။
အခြားကျောင်းသားများက နေ
့စဉ်ထမင်းချက်ကြရသည်။ ဘုန်းကြီး၏တာဝန်မှာ ကျောင်းထိုင်ဘုန်းတော်ကြီး
အတွက် ဇနီးဟောင်းအမျိုးသမီးကြီးက
အထူးစီမံချက်ပြုတ်သော ဆွမ်းအုပ်ကို ခြံထောင့်ရှိအိမ်သို့ သွားကာ ယူရသည်။ ကျောင်းထိုင်ဘုန်းကြီးသာ
ထိုဆွမ်းအုပ်ကို သုံးဆောင်ခွင့်ရှိသည်။
ကျောင်းသားသုံးယောက်မှာ
ဘုန်းကြီးထက် အသက်ရော လူကောင်ပါ ကြီးကြသည်။ ယင်းသုံးယောက်သည်
ဘုန်းကြီးကဲ့သို့ 
တနေ့ တွင် ကိုရင်ဝတ်ကြသည့်သူများလည်း
မဟုတ်ကြချေ။ သို့ သော် ဘုန်းကြီးကျောင်းမှာနေ၊ ဘုန်းကြီးကျောင်းပညာရေးကို သူတို
့ရနေကြ၏။ သူတို့ နေထိုင်စရိတ်၊ စားသောက်စရိတ်အတွက် ဘုန်းကြီးကို အလုပ်လုပ်ပေးကြရ၏။
တယောက်က ကွမ်းသီးခွဲအပုံကို ကြည့်ရှုရသည်။ အခြားတယောက်က မီးဖိုချောင်ကို
ကြည့်ရှုရသည်။ တတိယတယောက်က အုန်းခြံထဲ ရောက်တတ်ရာရာကျက်စားနေထိုင်ကြသော ခွေးများကို
ကြည့်ရှုရသည်။ များသောအားဖြင့်
ကျောင်းထိုင်ဘုန်းကြီးအတွက် ရဟန်းတပါးအနေဖြင့်လုပ်ရန် မသင့်
လျော်သော ချက်ပြုတ်ရေး၊
ဈေးဝယ်ရေးတို့ ကို သူတို့ လုပ်ကြရသည်။
ဤသည်မှာ ဘုန်းကြီး၏ဘဝသစ်ဖြစ်သည်။
သို့ သော်
ထိုဘုန်းတော်ကြီးကျောင်းမှာ သုံးလမျှသာ ဘုန်းကြီးနေထိုင်ခဲ့ရသည်။
တနေ့ … ဘုန်းကြီးက
မီးဖိုချောင်မှာ အိုးဆေးနေသည်။ ကျောင်းသားကြီးနှစ်ယောက် ဘုန်းကြီးအနီး
အပြင်းအထန်အငြင်းပွားကြသည်။ တယောက်က ကျောက်ခဲဖြင့်ပစ်ပေါက်လိုက်ရာ
ဘုန်းကြီးလက်ကောက်ဝတ်
ကိုလာထိ၏။ ချက်ချင်းပင်
လက်ရောင်ကိုင်းပြီး အလွန်အမင်းနာကျင်လာသည်။
စာတစောင်ရေးသားပြီး
ဖြစ်ပျက်သမျှကို ဖခင်အား ဘုန်းကြီး ပြောပြသည်။
ရက်အတန်ကြာတွင်
ဘုန်းကြီးကိုပြန်ခေါ်ရန် ဖခင်ကြီး ရောက်လာသည်။
"အကြမ်းပတမ်းလုပ်တတ်သူတွေရှိတဲ့
ဘယ်ဘုန်းကြီးကျောင်းမှာမဆို တပည့်တော်သားကို မထားနိုင်ပါဘူး အရှင်ဘုရား"
ဖခင်က ဘုန်းတော်ကြီးကို
လျှောက်ထားသည်။
ထိုစကားမှာ
အကြောင်းအကျိုးညီညွှတ်သည်၊ ဖခင်တယောက်သည် သူ့ သားကို ရိုက်ချင်ရိုက်မည်၊ သို့ သော်
ဘုန်းကြီးကျောင်းတခုတွင် ဤကဲ့သို့ အပြုအမူမျိုးမရှိသင့်ဟု သူယူဆသည်။ ဖခင်နှင့်အတူ
ဘုန်းကြီး အိမ်ပြန်ခဲ့
သည်။
မိခင်နှင့်အမများ ဘုန်းကြီးကို
ပြန်တွေ့ လို့ အလွန်ပျော်သွားကြ၏။ အကို ရမ်ဘဏ္ဍနှင့် ပြန်တွဲရသည့်အတွက်
ဝမ်းသာစရာဖြစ်ပြန်သည်။ နေရာဟောင်းကို ပြန်ရောက်ခြင်းပင်တည်း။
မိဘအိမ်နှင့် အမကြီးတို
့အိမ်အကြား တုံ့ ပြန်လူးလာနေထိုင်ရင်း အချိန်အများစုကုန်လွန်သွားသည်။ အမကြီးအိမ်
မှာ ယောက်ဖနှင့် သမီးတို့ သာ
နေထိုင်ကြသည်သည်။ သူ တို့ က ယောက်ျားလေးတယောက်ကိုလည်း အိမ်မှာ ရှိစေချင်ကြသည်။
ဘုန်းကြီးကို သူတို့ နှင့်အတူ လာနေစေချင်ကြသည်။ စိတ်ပါချင်စရာဖြစ်သည်။ အမနှင့်
ယောက်ဖကို ဘုန်းကြီးအလွန်ချစ်ပါသည်။ တူမလေးသည်လည်း ဘုန်းကြီးအတွက်
နှမလေးတယောက်လိုဖြစ်နေပြန်၏။ ဘုန်းကြီး၏အခြေအနေမှာ
သေချာရေရာမှု မရှိသေးပေ။ အသက် ၁၂ နှစ်နီးပါးရှိနေပြီး ကျောင်းကလည်း လေးလလောက် ပျက်ကွက်နေပြီ။
ဘုန်းကြီးဖြစ်ချင်သော ဆန္ဒကားဘုန်းကြီးရင်တွင်းမှာ
လောင်မြိုက်နေဆဲဖြစ်ပါသည်။ သင်္ကန်းဝတ်ထားသည့် ဘဝကို တမ်းတမိပါသည်။ သို့ ဖြစ်လေရာ
နေထိုင်ရမည့် ဘုန်းတော်ကြီးကျောင်းတကျောင်းရှာဖွေဖို့  ဖခင်ကြီးကို ဘုန်းကြီး
အပူကပ်ရပြန်သည်။
လပေါင်းများစွာကုန်လွန်ခဲ့ပြီးနောက်
၁၉၃၉ ခုနှစ် ၊ဇန်နဝါရီလတွင် "မလံဒေနိယရွာ" ကျောင်းသည်
သင်္ကန်းဝတ်လိုသူလူငယ်လေးများကို ရှာဖွေနေကြောင်းသတင်းကို ယောက်ဖက ဖခင်ကြီးကို
ပြောကြား
လာသည်။ ဘုန်းတော်ကြီးကျောင်းအမည်ကား
"သိရီဝိဇယာရာမ"ဖြစ်သည်။ သိရီ နှင့် ဝိဇယအဓိပ္ပါယ်မှာ
"ကျက်သရေ နှင့် အောင်မြင်ခြင်း"ဖြစ်သည်။
မလံဒေနိယရွာသည် ဘုန်းကြီးတို့ အိမ်မှ ခြောက်မိုင်လောက်
ဝေးမည်ဟု ဖခင်နှင့် ယောက်ဖတို့ က
ထင်မြင်ချက်ပေးသည်။ သို့ သော် သူတို့ နှစ်ယောက်လုံး မလံဒေနိယ
သို့ မရောက်ဖူးသောကြောင့်
အတိအကျမဟုတ်ပြန်ချေ။
ဒုတိယအကြိမ်အိမ်နှင့်
ခွဲခွါခြင်းကား ပထမအကြိမ်နှင့် အလားတူဖြစ်သည်။
မိခင်၏ နို့ ထမင်း….၊
စင်ကြယ်သော အဖြူရောင်လုံချည်…၊
မျက်ရည်များ…..၊ စိတ်လှုပ်ရှားမှု
နှင့်ဝမ်းနည်းခြင်းများ….။
အနာဂတ်တွင် ဘုန်းကြီးဖြစ်လာဖို
့ကြိုတင်မျှော်လင့်ချက်နှင့် ဘုန်းကြီးပျော်မိသည်။ တချိန်တည်းမှာ
ကနဦးနေထိုင်ခဲ့သော ဘုန်းတော်ကြီးကျောင်း၏အတွေ့ အကြုံများ ပြန်ထင်ဟပ်လာပြီး နေရာစိမ်းမှာ
လူစိမ်းများနှင့် အတူနေရတော့မည်မို့ စိတ်လှုပ်ရှားမှုတို့ လွှမ်းမိုးလာပြန်၏။
ဤအကြိမ်တွင် ဖခင်နှင့် ယောက်ဖတို
့နှစ်ဦးလုံး ဘုန်းကြီး၏ခရီးစဉ်မှာ လိုက်ပါကြမည်။ အိမ်မှထွက်စဉ် မိခင်က
ယောက်ဖကို
မှာလိုက်သေး၏။
"ငါ့သားကို ဂရုစိုက်နော်၊
မင်းပဲ ဘုန်းကြီးကျောင်းနဲ့ နီးတာဆိုတော့ ငါ့သားအခြေအနေ ငါ့ဆီလာ-လာပြောလှည့်"
ထို့ နောက် ခရီးစထွက်ကြသည်။ မိခင်ဆီနောက်ပြန်လှည့်ကြည့်လိုက်တိုင်း
သူကမလှုပ်မယှက်ရပ်မြဲရပ်နေသည်
ကို မြင်ရ၏။ မိခင်ကို
မမြင်ရသည့်အထိ တဖြည်းဖြည်း ဝေး၍ ဝေး၍သွားသည်။ ဘုန်းကြီး၏ပါးပြင်ပေါ်မှမျက်ရည်
များခြောက်ခမ်းသွားသည်ထက်ပင်
မိခင်ရပ်နေသည်က ပို၍ ရှည်ကြာလေးမြင့်ပေလိမ့်မည်။
ဘုန်းကြီးတို့ ရွာမှ မလံဒေနီယသို
့လမ်းမပေါက်…။ လယ်ကွင်းများ၊ ချောင်းငယ်များ၊ ရာဘာစိုက်ခင်းများကို ဖြတ်သန်းပြီး
လမ်းရှာလမ်းလျှောက်ရသည်။ အခြားရွာအသေးလေးများကိုလည်း ဖြတ်လျှောက်ခဲ့ရသည်။ မလံဒေနီယရွာသို့ သွားရာလမ်းကိုမေးလေတိုင်း ရှေ
့ကိုနည်းနည်းလျှောက်ရဦးမည်ဟု တဦးဦးက လမ်းညွှန်တတ်
သည်။
နောက်ဆုံးတွင်
သံဆူးကြိုးများကာရံထားသော ဘုန်းကြီးကျောင်းဝင်းတခုဆီ ချဉ်းကပ်မိကြသည်။
အနီးနားနေသူတို
့၏ အိမ်မွေးတိရစ္ဆာန်များကျောင်းဝင်းထဲဝင်ကာ အုန်းပင်ပေါက်များကို မစားရအောင်အကာ
အကွယ်လုပ်ထားမှန်း
နောင်မှသိရသည်။ ကျောင်းဝင်းဂိတ်ဝတွင် သံဆူးကြိုးကို ဖြတ်ကျော်သောအခါ လုံချည်နှင့်
သံဆူးကြိုးမငြိရအောင်သံဆူးကြိုးအပေါ်
ဝါးခြမ်းပြားများ ကာထားပေးသည်။
ကျောင်းဝင်းအတွင်းသို
့ဝင်လာကြရာတွင် ခွေးတအုပ်က ဝိုင်းဟောင်ခြင်းဖြင့် ဘုန်းကြီးတို့ ကို နုတ်ဆက်သည်။
ယင်းနောက် ကျောင်းသားအနည်းငယ် နှင့် ကျောင်းထိုင်ဘုန်းတော်ကြီးတို့ နုတ်ဆက်ကြသည်။ ကျောင်းထိုင်
ဘုန်းကြီးမှာ အရပ်အမောင်းအနေတော်ဖြစ်ပြီး
မျက်လုံးစူးရှသည်။ နှာခေါင်းအလွန်ရှည်သည်။ သူက ကွမ်းချိုး
ကပ်နေသော သွားမည်းမည်းများပေါ်အောင်
ပြုံးပြသည်။
ဖခင် ၊ ယောက်ဖ နှင့်
ဘုန်းကြီးတို့ မြေကြီးပေါ် အလျင်အမြန် ဒူးထောက်ထိုင်ကာ ဦးသုံးကြိမ်ချလိုက်ကြသည်။ ကျောင်းထိုင်က
ကျောင်းအတွင်းဝင်ရန်ပြောပြီး ဖျာတချပ်ပေါ် ထိုင်ရန် အမိန့် ရှိပါသည်။
ကျောင်းထိုင်၏ဘွဲ့ တော်မှာ "ဆရာတော်
ကီရီဘတ်ကုမ်ဘူရေ သောဏုတ္တရ မဟာထေရ်" ဖြစ်သည်။ "မဟာထေရ်" "သက်တော်ဝါတော်ကြီးရင့်သူ"
ဟူသည်မှာ သူသည် အနည်းဆုံးရဟန်းသိက္ခာဝါတော် ၃၈ ဝါ ရှိပြီဖြစ်ကြောင်း ဆိုလိုသည်။ ထိုစဉ်က
သူ၏သက်တော်မှာ အလွန်ဆုံးရှိလျှင် ၆ဝ လောက် ဖြစ်ပေမည်။ အလွန်ဖော်ရွေဟန်ရှိသည်။
မကြာမကြာ ပြုံးတတ်သည်။
ဖခင်က ဘုန်းကြီးကို ဆရာတော်နှင့်
မိတ်ဆက်ပေးသည်။ ဘုန်းကြီးသည် ကျောင်းတိုက်မှာနေထိုင်လိုပြီး
ရှင်ပြုလိုကြောင်းကိုလည်း လျှောက်ထားသည်။ ဆရာတော်က ဘုန်းကြီးကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
ယင်းနောက် ဦးခေါင်းငြိမ့်သည်။အဓိပ္ပါယ်မှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။
ဘုန်းကြီးကို ဆရာတော်လက်ခံလိုက်ပါပြီ။
ဖခင်နှင့် ယောက်ဖတို့ ကျောင်းမှာ
တနာရီခန့် နေပြီး ဆရာတော်နှင့် စကားစမြည်ပြောဆိုကြသည်။ နောက်
သူတို့ ပြန်ကြလေသည်။ မြင်ကွင်းမှသူတို
့ပျောက်ကွယ်သွားသည်နှင့် အထီးကျန်မှုလှိုင်းလုံးကြီးဘုန်းကြီးအပေါ်
ဖြတ်တိုက်သွားသလို
ခံစားလိုက်ရ၏။ သူတို့ နောက်ပြေးလိုက်သွားကာ ဘုန်းကြီးစိတ်ပြောင်းသွားပြီ၊ အိမ်ပြန်
လိုက်တော့မည်ဟု ပြောလိုစိတ်
တဖွားဖွားပေါ်လာ၏။
ဘုန်းကြီး ငိုမိပါသည်။
နာရီပေါင်းများစွာကြာအောင် အငိုမတိတ်နိုင်ဖြစ်ခဲ့ပါသည်။
အမရဒီပ
မေလ ၃ဝ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment