Total Pageviews

Wednesday, May 29, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၁



အရှင်စူဠပန်ကဲ့သို့ ဘုန်းကြီးသည်လည်း မိမိရည်မှန်းချက်ကို မဆုတ်မနစ် အကောင်အထည်ဖော်မည့်သူဖြစ်သည်
။ ဘုန်းကြီးဖြစ်လိုကြောင်း မိဘများအား  ထပ်တလဲလဲ တစိုက်မတ်မတ် ဘုန်းကြီးပြောခဲ့သည်။ ကလေးပီပီ စိတ်ပြောင်းစိတ်လဲဖြစ်ကာပြောနေသည်မဟုတ်၊ အလေးအနက်ထား၍ ပြောနေကြောင်း သူတို့ တဖြည်းဖြည်း သဘောပေါက်လာသည်။ ဘုန်းကြီးဖြစ်ဖို့ ဘုန်းကြီးအသက်အရွယ် ငယ်နေသေးသည်။ သို့ သော် ကိုရင်ဘဝဖြင့် ဘုန်းကြီးကျောင်းမှာ နေနိုင်ပါသည်။ ယောက်ျားလေးများစွာတို့ ဤအတိုင်းပင် ဖြတ်သန်းကြခဲ့ပါသည်။ သူတို့ 
အရွယ်ရောက်သောအခါ ဘုန်းကြီးဖြစ်သွားကြပါသည်။

သားတယောက်ယောက် သာသနာ့ဘောင်ရောက်သွားလျှင် မိသားစုအတွက် အလွန်မင်္ဂလာရှိသည်ဟု ယုံကြည်ကြသည်။ သားယောက်ျားတယောက်ကို ရှင်ပြုပေးသောအခါ ဆွေမျိုးများ ကုသိုလ်ထူးရကြသည်။ အိမ်ထောင်သည်လူငယ်တယောက် ရဟန်းဝတ်ရန် ဆုံးဖြတ်သောအခါ ဇနီးသည်ကိုစွန့် ခွါသွားခြင်းအတွက် ရှက်ဖွယ်မဟုတ်ပေ။ ခင်ပွန်းသည် ရဟန်းဝတ်လိုက်သည့်အတွက် ဇနီးသည်လည်း ကုသိုလ်ရပါသည်။

ထိုထိုအကြောင်းများကြောင့် နောက်ဆုံးတွင် ဘုန်းကြီးကျောင်းမှာ နေထိုင်ကြည့်ဖို့  ဖခင်သည် စိတ်မပါ့တပါ့
ဖြင့်ပင် သဘောတူလေသည်။ မိခင်မှာ ဘုန်းကြီးမိသားစုအားခွဲခွါသွားသည်ကို မလိုလားသူဖြစ်သောကြောင့် 
ငိုကြွေးရှာသည်။ သို့ သော် ဘုန်းကြီး၏မွေးဇာတာတွင် ဟောကိန်းထုတ်ထားပြီး ဤအတိုင်း မလွဲမသွေဖြစ်လာ
မည်ကို သူ သိမြင်ထားပြီးဖြစ်သည်။ သားအထွေးဆုံးကို သာသနာတော်သို့ ပေးစွန့် လိုက်ရသည်ကား စီလုံကျွန်း
တွင် ဘုန်းကြီး၏မိခင်ကြီးတယောက်တည်း မဟုတ်သည်မှာသေချာပါသည်။ အကြောင်းကို ဆိုရသော် ဗုဒ္ဓ
သာသနာတော်သည် စီလုံကျွန်းသားတို့ ၏ ယဉ်ကျေးမှုအတွင်း  ပြန့် နှံ့ စိမ့်ဝင်နေပါသည်။ ဤအတိုင်း အချိန်တိုင်းမှာ ဖြစ်နေပေလိမ့်မည်။

ဖခင်သည် ဘုန်းကြီးအိမ်မှ ဘုန်းကြီးကျောင်းသို့ သွားမည့်"နေ့ ကောင်းရက်သာအခါယူရန်" ရွာဗေဒင်ဆရာနှင့်
 ပြောဆိုတိုင်ပင်သည်။ ထိုအချိန်က ဗေဒင်သည် လူတို့ ဘဝ၏အရေးတကြီးကိစ္စများတွင် သြဇာသက်ရောက်
လှသည်။ ပျိုးကြဲသစ်ပင်စိုက်၊ မင်္ဂလာဆောင်၊ မီးသင်္ဂြိုဟ်၊ ကလေး၏ပထမဆုံးဆံပင်ရိတ်၊ အလုပ်အကိုင်ကြီး
စလုပ်၊ အဆောက်အအုံဖောင်ဒေးရှင်းချမည့် အချိန်နေ့ ရက်ကို ဆုံးဖြတ်ရန် လူများသည် ကြယ်နက္ခတ်များနှင့်
ညှိုနှိုင်းရ၏။

ဗေဒင်နက္ခတ်ဆိုင်ရာလမ်းညွှန်ချက်များသည် ဗုဒ္ဓဘုရား၏ ကမ္မနိယာမအကြောင်းအကျိုးဟောပြချက်နှင့် ထိပ်တိုက်ကွဲလွဲနေသော်လည်း ဗေဒင်နက္ခတ်ယုံကြည်မှုသည် ဗုဒ္ဓဘာသာနှင့်အတူယှဉ်တွဲရပ်တည်နေ၏။ ဤသည်မှာ ပြဿနာတရပ်ဖြစ်သည်ဟုလည်း မည်သူမျှပင် မတွေးမိခဲ့ချေ။

သတ်မှတ်ရွေးချယ်သည့်ရက်တွင် မိခင်သည် ဘုန်းကြီးအတွက် နို့ ထမင်းချက်သည်။ အထူးပွဲများအတွက်သာ
လျှင် စီရင်သော လေးစားအံ့သြမှုအထိမ်းအမှတ်တည့်ခင်းကျွေးမွေးခြင်းဖြစ်သည်။ ကလေးတယောက် ပထမဆုံး
 ကကြီးခခွေးကို စဖတ်တတ်သောအခါ မိခင်ဖြစ်သူသည် နို့ ထမင်းချက်လေ့ရှိသည်။ ကလေးတယောက်ကျောင်းစတက်သည့်နေ့ မှာ မိခင်သည် နို့ ထမင်းချက်လေ့ရှိသည်။ မွေးနေ့  သို့ မဟုတ် တနှစ်ပြည့်သည်နေ့ တွင် အခမ်းအနားကျင်းပရန် နို့ ထမင်းချက်လေ့ရှိသည်။ နှစ်စဉ် ကောက်သစ်စပေါ်ချိန်တွင် သံဃာတော်များအားလှူဒါန်းရန် နို့ ထမင်းချက်လေ့ရှိသည်။

ဒုက္ကရစရိယာအကျင့်ကိုစွန့် လွှတ်ပြီးနောက် ပိန်လှီနေသော သိဒ္ဓတ္ထဂေါတမကို နိဂုံးရပ်သူသုဇာတာ ပေးလှူခဲ့
သည်မှာ နို့ ထမင်းပင်ဖြစ်၏။ သိဒ္ဓတ္ထကလည်း ထိုအလှူကို လက်ခံခဲ့သည်။ ထိုအစာအာဟာရက သူ့ ကို ဗောဓိ
ညောင်ပင်အောက်မှာ ကြံ့ ခိုင်ပြည့်ဝစွာတရားအားထုတ်နိုင်ရန်၊ သဗ္ဗညုတဉာဏ်ရရန် နှင့် မဇ္ဈိမပဋိပဒါလမ်းကို 
သင်ကြားညွှန်ပြရန် အားအင်များပြန်လည်ရရှိစေခဲ့သည်။

မိခင်ပြင်ဆင်ပေးသည့် အိမ်မှထွက်ခွါသောနေ့ အမှတ်တရ နို့ ထမင်းကို ဘုန်းကြီးစားနေခိုက် မိခင်နှင့် အမများ မျက်ရည်ကျသည်ကို ဘုန်းကြီး မြင်လိုက်ရ၏။ အကိုရမ်ဘဏ္ဍကိုယ်တိုင်လည်း မငိုမိအောင် တင်းထားပုံပေါ်နေ၏။
သွားမည့်အချိန်နီးကပ်လာ၏။ ဖခင်သည်လည်း သူ၏အကောင်းဆုံး လုံချည်နှင့် အင်္ကျီကို ဝတ်ဆင်လျက် ပေါ်လာသည်။ 
သူကပင် ဘုန်းကြီးကို သွားရအောင်ဟု ခေါ်သည်။ ဘုန်းကြီးကိုယ်တိုင်လည်း အဖြူရောင် လုံချည်နှင့်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။

ထိုအချိန်မှာပင် အကိုရမ်ဘဏ္ဍ ထိန်းမနိုင်သိမ်းမရငိုချလိုက်၏။ ရုတ်တရက်ဖြစ်သည့်အတွက် သွားမည့်ခြေလှမ်း
ကို နှေးတုံ့ သွားစေခဲ့သည်။ စိတ်ခံစားချက်များ ချာချာလည်နေပြီး လည်ချောင်းထဲမှာ တစ်ဆို့ နေ၏။ ဤထွက်ခွါ
ခြင်းမှာ အိမ်ရာတည်ထောင်သူ လူ့ ဘောင်ကိုစွန့် ခွါပြီး အိတ်ရာမထောင်သူ ရဟန်းဘောင်ဘဝကိုခံယူခြင်း အထိမ်းအမှတ်ဖြစ်သည်။

ဘုန်းကြီးကိုနုတ်ဆက်ဖို့ အိမ်ရှေ့ မှာ စုဝေးကြသည်။ မိခင်ရှေ့ မှာ ဘုန်းကြီးဒူးထောက်လိုက်ပြီး သဲပြင်ပေါ်ရှိ 
မိခင်ခြေထောက်ကို နဖူးဖြင့် ထိကာကန်တော့လိုက်၏။

မိခင်က ဘုန်းကြီး၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပေးသည်။
"ငါ့သားကို ရတနာသုံးပါးကာကွယ်စောင့်ရှောက်ပါစေ…၊ နတ်ကောင်းနတ်မြတ်များ ကာကွယ်စောင့်ရှောက်ပါစေ.၊
အနာကင်းလို့ အသက်ရှည်ပါစေ….၊ အန္တရာယ်ကင်းပါစေ…၊"
 တိုးတိုးလျလျဆို့ နင့်သောအသံဖြင့် မိခင်သည် တတွတ်တွတ်ဆုတောင်းပေး၏။
ယင်းနောက် ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်။
ဘုန်းကြီးမတ်တပ်ရပ်လိုက်သည်။ မိခင်က ဘုန်းကြီး၏နဖူးကိုနမ်းသည်။ တင်းတင်းကျပ်ကျပ်ဖက်သည်။

ဖခင်နှင့်ဘုန်းကြီးတို့ ဘုန်းကြီးနေထိုင်မည့်ဘုန်းတော်ကြီးကျောင်းသို့ ဖုန်ထူထူလမ်းမပေါ် နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ကြသည်။

ဘုန်းကြီးလာမည်ဆိုသည်ကိုလည်း ဖခင်ကြီးက ဘုန်းတော်ကြီးသို့ ကြိုတင်သတင်းပေးခြင်းမရှိခဲ့ပါ။
ဗေဒင်နက္ခတ်ဆရာများက ဘုန်းကြီးအိမ်မှထွက်ခွါခဲ့သောနေ့ သည် မင်္ဂလာရှိသောနေ့ တနေ့ ဖြစ်သည်ဟု ဆိုကြ၏။ 
အဆိုသည် အဆိုသာဖြစ်ပါသည်။

ယင်းနေ့ နှောင်းပိုင်းအချိန်လောက်မှာ ဘုန်းကြီးတို့ သည် ရံဘုက္ကနခရိုင်၊ ကောသိန္နမြို့ သို့ ရောက်ကြ၏။
ဖုန်တထောင်းထောင်းထနေသည့်လမ်းမအဆုံး အုန်းခြံတခြံအတွင်း ဘုန်းကြီးကျောင်းတည်ရှိ၏။ ခြံထဲတွင် ဓမ္မာရုံ၊ ဘုန်းတော်ကြီးသီတင်းသုံးရာကျောင်း၊ သီးသန့် ဘုရားကျောင်းဆောင်တို့ ရှိကြ၏။ ဟင်းလင်းဖွင့်အဆောက်အအုံ
တခုထဲတွင် ထိုင်ခုံများ၊ ပန်းပင်များနှင့် ကွမ်းသီးခွံအပုံလိုက် ရှိနေ၏။

ဖခင်က ဘုန်းကြီးအား ကျောင်းထိုင်ဘုန်းကြီးထံ အပ်နှံသည်။ ကျောင်းထိုင်မှာ ခန္ဓာကိုယ်ဟန်သေးကွေးပြီး သက်တော် ခြောက်ဆယ်ခန့် ရှိပေရော့မည်။ ကျောင်းထိုင်သည် ဘုန်းကြီးမဝတ်ခင် အိမ်ထောင်ကျခဲ့ပြီး အုန်းခြံထောင့်ရှိအိမ်တအိမ်မှာနေထိုင်ခဲ့သည်၊ သူ့ မှာ အရွယ်ရောက်ပြီး သားတယောက်ရှိသည်ဟု နောင်မှ သိရသည်။

ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးနှင့်အတူ နှစ်နာရီခန့် ဖခင်နေသည်။ ပြီးနောက် သူအိမ်ပြန်သည်။ ဘုန်းကြီးမှာ အလွန်ပင်ပန်းပြီး အိပ်ချင်နေသည်။ အိမ်နှင့် ကလေးသူငယ်ဘဝမှာ ဘုန်းကြီးအတွက် ဝေးဝေးမှာ ကျန်ရစ်ခဲ့
ပုံပေါ်နေလေ၏…။

အမရဒီပ
မေလ ၂၈၊ ၂ဝ၁၃

Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။

No comments: