အခန်း ၂ ၊ ကိုရင်ဘဝ
အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ
ဘုန်းကြီးဖြစ်ချင်စိတ်လည်း ပိုအားကောင်းလာသည်။ ဘုန်းကြီးမဖြစ်ခင်
ဘုန်းကြီးလုပ်တမ်းကစားရသည်ကို နှစ်သက်၏။ ဘုန်းတော်ကြီးများသင်္ကန်းဝတ်သလိုမျိုး ကိုယ့်ကိုကိုယ်
အဝတ်ဖြူတတထည်နှင့်ရစ်ပတ်သည်။ ပြီးနောက်
တောထဲရှိ သစ်ပင်တပင်အောက်တွင် ထိုင်သည်။အခြား
သစ်ပင်များမှာ ဘုန်းကြီးကိုဝိုင်းထိုင်နေကြသော
လူများဟု စိတ်ထဲက သတ်မှတ်လိုက်သည်။ ဘုန်းတော်ကြီးကျောင်းမှ ကြားလာခဲ့သည့်
ဘုရားစာပိုဒ်များရွတ်ဆိုကာ ငြိမ်သက်နေသော တရားနာပရိသတ်ကို တရားဟောသည်။
ထိုင်ကာ
စူးစူးစိုက်စိုက် တရားအားထုတ်နေဟန်လည်း လုပ်လိုက်သေးသည်။ ထိုစဉ်ကတရားအားထုတ်ခြင်းဟူသည်
ဘာမှန်းပင်
သိခဲ့သူမဟုတ်….။
အကြောင်းရင်းကိုတော့ မသိ…၊
ဘုန်းကြီးဖြစ်လိုခြင်းသည် ကံတရားကြောင့်ပင်ဟု ဟိုယခင်ကတည်းက ယုံကြည်ခဲ့၏။ ဘုန်းကြီးဖြစ်လိုခြင်းသည်
ဘုန်းကြီး၏ကံကြမ္မာဖြစ်ကြောင်း ဗုဒ္ဓတရားတော်အဆိုအမိန့် မရှိပေ။
ရှည်လျားသော အတိတ်ဘဝက
တည်ရှိခဲ့သော ကြောင်းကျိုးပေါင်းဆုံမှုများကြောင့် ယခုဘဝမှာ ဘုန်းကြီးသည် ဘုန်းကြီးတပါးဖြစ်လိုစိတ်
ပေါ်ပေါက်၏။ စင်စစ် ဘုန်းကြီးသည် ရှေးရှေးဘဝက တရားထူးတရားမြတ်မရခဲ့
သော သို့ မဟုတ်
တရားထူးတရားမြတ်ရခွင့်ကို လက်လွတ်ဆုံးရှုံးခဲ့သော ဘုန်းကြီးတပါးဖြစ်ခဲ့ကောင်းဖြစ်ခဲ့မည်။
တဖက်တွင် လူဘဝကိုပြန်ရရန် နှင့် ကုသိုလ်ကောင်းမှုများထပ်ဖြည့်ဆည်းရန်
ကံကြမ္မာကောင်းလည်း ရှိခဲ့သူ ဖြစ်မည်။ သို့ သော် ထိုအတွေးအမြင်ကို
ခဏဘေးဖယ်ထားပါဦး……၊ ဘုန်းကြီးဖြစ်လိုစိတ်၊ သင်္ကန်းဝတ်လိုစိတ် တွန်းအားနှင့်
မျှော်လင့်ချက်မှာ ဘုန်းကြီးထံတွင် ကနဦးကတည်းက ဖြစ်နေရှိနေခဲ့သည်။
အသက် ၁၁ နှစ်တွင်
ကလေးသဘာဝဆော့ကစားသည့်ဖက်၊ ရမ်ဘဏ္ဍနှင့် ဘုန်းကြီးတို့ အပျော်ကျူးသော
နောင်ပြောင်မှုဖက်မှာ ဘုန်းကြီးစိတ်မဝင်စားတော့ပါ။ ကျောင်းတက်သည်ကိုလည်း ဘုန်းကြီး
စိတ်မပါတော့ပါ။
အာရှတိုက်သားများ၏ရှေးရိုးအစဉ်အလာ
"ပဗ္ဗဇ္ဇိတဒုလ္လဘ"ခေတ်ကောင်း လွတ်လမ်းရှာသူတို့ လမ်းစဉ် သာ
မဏေဘောင်၊ ရဟန်းဘောင်သို့ သာ
ဝင်ရောက်လိုပါတော့သည်။ ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိစဉ်က
ဘုန်းကြီးရဟန်းဘဝကို
လိုလားမြတ်နိုးသူ လုလင်ပျိုတဦး၏ဖြစ်ရပ်များကလည်း ဘုန်းကြီးကို ဆွဲဆောင်နေ၏။
ယင်းဖြစ်ရပ်မှာ
"စူဠပန္ထက" ဟုအမည်တွင်သူ၏ ဖြစ်ရပ်ပင်ဖြစ်၏။
မိခင်ဖြစ်သူကသူ၏မိဘများနေထိုင်ရာသို
့ခရီးနှင်နေစဉ် စူဠပန္ထကကို လမ်းဘေးတနေရာမှာ ဖွားမြင်ခဲ့သည်။
ရှေးခေတ်အိန္ဒိယပြည်တွင်
ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သားဖွားရန် မိဘဘိုးဘွားအိမ်သို့ ပြန်ကြသည်။
ခရီးလမ်းပန်းကြမ်းမှုကြောင့် လမ်းမှာ
ကလေးမျက်နှာမြင်တတ်ကြလေ၏။ နောင်တွင် ဗုဒ္ဓဘုရားဖြစ်လာသော
သိဒ္ဓတ္ထဂေါတမမင်းသားသည်လည်း မယ်တော်
မဟာမာယာဒေဝီမိဖုရား မိဘအိမ်သို့ အပြန် လမ်းခုလတ်
အရောက် ခရီးလမ်းမအနီး တောအုပ်တခုမှာ
ဖွားမြင်ခဲ့သည်။
စူဠပန္ထက၏မယ်တော်မှာ
သားနှစ်ယောက်ရှိသည်။ သားယောက်လုံးကို လမ်းမဘေးမှာပင် ဖွားမြင်ခဲ့သည်။
သားအကြီး၏အမည်မှာ
"မဟာပန္ထက" (ခရီးသည်ကြီး) ဖြစ်ပြီး သားအငယ်၏အမည်မှာ "စူဠပန္ထက"
(ခရီးသည်လေး) ဖြစ်၏။ သူတို့ ညီအကို၏မိခင်မှာ အလွန်ဆင်းရဲလွန်းသောကြောင့်
ရာဇဂြိုဟ်မြို့ ရှိ မိဘများထံမှာ ကလေးများကို အပ်နှံထားခဲ့ရ၏။
မဟာပန် (မဟာပန
္ထက)သည် အဘိုးနှင့်အတူ မြတ်စွာဘုရားထံ တရားနာမကြာခဏသွားလေ့ရှိသည်။
နောင်
မဟာပန် ရဟန်းဝတ်လိုက်သည်။ နောက်နှစ်အနည်းငယ်အကြာ စူဠပန် (စူဠပန္ထက)သည်လည်း
သူ
့အကိုခြေရာနင်းကာ ရဟန်းဝတ်ပြန်သည်။
နောင်တော်မဟာပန်သည် ညီအား တရားစာ
ပို့ ချပေး၏။ သို့ သော် ညီမှာ ညံ့ဖျင်းသောတပည့်ဖြစ်၏။
ဂါထာစာပိုဒ်တခုကို လပေါင်းများစွာကြာသည့်တိုင်
အာဂုံနုတ်တက်မှတ်မိအောင် မကျက်မှတ်နိုင်။
နောင်တော်မဟာပန်သည် ညီအပေါ်အလွန်စိတ်ပျက်မိ၏။
ညီသည် တရားစာမသင်ယူနိုင်ဘဲ ရဟန်းအဖြစ်
ဆက်လက်နေထိုင်ပါက ညီအတွက် တိုးတက်မှုမရနိုင်ဟုလည်း
တွေးမိ၏။
"ညီ..မင်းလူဝတ်လဲပြီး
အိမ်ပြန်နေတော့…"
နောင်တော်က ညီငယ်ကို ပြောသည်။
စူဠပန် ဝမ်းနည်းပက်လက်ဖြစ်သွားသည်။
သူ ရဟန်းဘဝကို မြတ်နိုးသည်။ ဗုဒ္ဓဘုရားရှင်၏တပည့်သားတပါးဖြစ်
ခြင်းကို မြတ်နိုးသည်။
ဘာလုပ်ရမှန်း သူမသိတော့ပြီ။ သို့ သော် သူလူဝတ်မလဲချင်မှန်းကိုကား သူသိပါ၏။
ထိုသို့ ဖြစ်ပြီးနောက်မကြာမီ ဗုဒ္ဓဘုရားရှင်နှင့်ကျောင်းသံဃာကုန်
အိမ်၌နေ့ ဆွမ်းဘုဉ်းပေးကြွရန် အရှင်မဟာပန်
ထံသို့  အဘယမင်းသားမွေးမြူအပ်သော
သမားတော်ဇီဝက ပင့်လျှောက်လာသည်။ အရှင်မဟာပန်က သံဃာ့
ကိုယ်စား
ယင်းပင့်ဖိတ်ချက်ကိုလက်ခံလိုက်သည်။
"မနက်ဖြန်ဆိုရင် စူဠပန်လဲ
ကျောင်းမှာမရှိတော့ဘူး၊ သူ့ ကို လူထွက်ခိုင်းထားပြီးပြီ၊ ဗုဒ္ဓဘုရားရှင်နဲ့ 
ကျန်ရဟန်းတော်များနဲ့ 
အတူ ငါကြွသွားမယ်" ဟု ဖြည့်စွက်ပြောလိုက်သေး၏။
နောင်တော်၏တိုပြတ်ပြတ်လေသံကိုကြားရသောကြောင့်
စူဠပန် ယူကျူံးမရ ဝမ်းနည်းသည်။ မျက်လုံးအိမ်မှာ မျက်ရည်ပြည့်လျှံနေ၏။ သူပိုင်အသုံးအဆောင်ပစ္စည်းအနည်းငယ်ကို
သိမ်းဆည်းပြီး ဘုန်းကြီးကျောင်းမှ ထွက်ခဲ့သည်။ သူလမ်းလျှောက်လာစဉ်
ဗုဒ္ဓဘုရားရှင်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ သည်။ ဝမ်းနည်းစိတ်မကောင်းပုံပေါက်နေရ
သည့်အကြောင်း
ဗုဒ္ဓဘုရားရှင်က သတင်းမေးသည်။ သူကိုယ်တိုင်ကလည်း ဖြစ်ပျက်ပုံအလုံးစုံကို
ဗုဒ္ဓဘုရားရှင်အား
လျှောက်ထားတင်ပြလေ၏။
"လာပါဦးကွယ်…ဂါထာစာပိုဒ်လေးတခုကို
မကျက်မှတ်နိုင်လောက်နဲ့ တော့ လူဝတ်လဲစရာမလိုပါဘူး။ ဟောဒီမှာ အမောင်ရဟန်း
မှတ်မိနိုင်လောက်တဲ့နည်းလေးတခု ငါကိုယ်တိုင်သင်ပေးမကွဲ့ …."
ဗုဒ္ဓဘုရားရှင်က စူဠပန်အား လက်ကိုင်ပုဝါအဖြူတထည်ပေးပြီး
ညွှန်ကြား၏။
"ဒီအဝတ်စလေးကိုကိုင်ပြီး
နေရောင်အောက်မှာ ထိုင်ရမယ်နော်၊ ဘယ်ဖက်လက်ဖဝါးထဲမှာ ဒီအဝတ်စကိုထည့်၊
ညာဖက်လက်ဖဝါးနဲ့ အဝတ်စကို ပွတ်ပေးရမယ်နော်၊ နုတ်ကလဲ "ဖြူစင်ခြင်း ၊ ဖြူစင်ခြင်း"လို
့ထပ်တလဲလဲဆို
ပေးရမယ်နော်"
(ဓမ္မပဒဋ္ဌကထာ၊အပ္ပမာဒဝဂ်၊ စူဠပန
္ထကမထေရ်ဝတ္ထုတွင် အဖြူရောင်ပုဆိုးပိုင်းကို "ရဇောဟရဏံ-ရဇောဟရဏံ=
မြူကိုဆောင်သောအဝတ်၊ မြူကိုဆောင်သောအဝတ်"ဟု မှတ်စေကြောင်းတွေ့ ရသည်။
ဘာသာပြန်သူမှတ်ချက်။)
စူဠပန်သည်
ဗုဒ္ဓဘုရားရှင်ညွှန်ကြားသည်အတိုင်း သဝေမတိမ်း အားထုတ်လေသည်။ နေရောင်အောက်မှာ
ထိုင်ပြီးနောက် အဝတ်စကို ညာဖက်လက်ဖြင့် ထပ်တလဲလဲဆုပ်နယ်၏၊ ။ ပွတ်၏။ နုတ်ကလည်း
လေ့ကျင့်ခန်းအ
ဖြစ်ပေးအပ်ထားသော ဗုဒ္ဓဘုရားရှင်၏
မန္တာန်ဆန်းကို သတိမလွတ်စေဘဲ အထပ်ထပ်ရွတ်ဆို၏။
အချိန်ကြာမြင့်သွားပြီးနောက်
အဝတ်စကို ကြည့်လိုက်၏။ အဖြူရောင်လက်ကိုင်ပုဝါစသည်လက်မှထွက်လာသည့်
ချွေးစီးတို
့အကွက်အကွက်ပေစွန်းထင်းကာ မဲညစ်ညစ်အရောင်ပြောင်းနေ၏။
ဖြူစင်သန့် ရှင်းမှု မန္တာန်ကို သူရွတ်ဆိုပါသော်လည်း အဝတ်စညစ်ပေအောင် သူလုပ်မိလေပြီ။
ရုတ်တရက် စူဠပန်
နားလည်သိမြင်လာသည်။ အရာအားလုံးသည် မမြဲ…..။
သူချစ်မြတ်နိုးသောအရာမှန်သမျှ…၊
သူတွေကြုံရသောအရာမှန်သမျှ..၊ သူခုခံနိုင်စွမ်းသောအရာမှန်သမျှ အရာအားလုံးသည်
ခြွင်းချက်မရှိ သန့် ရှင်းသောအဖြူရောင်အဝတ်စမမြဲသလို အလားတူ မတည်မြဲကြပါတကား။
ထိုအခိုက်
အရာခပ်သိမ်းမှန်သမျှ၏ မတည်မြဲသဘောကို နားလည်သော စူဠပန်ရဟန်းသည် ရဟန္တာဖြစ်လေ၏။
နေထိုင်ခဲ့သည့်
ဘုန်းကြီးကျောင်းသို့ ပြန်သွားသည်။ သစ်ပင်တပင်အောက်ထိုင်လျက်
ရဟန္တာတပါး၏
နက်နဲဆန်းကြယ်သော တန်ခိုးကိုသုံးကာ သူ့ ပုံတူ ရဟန်းရာပေါင်းများစွာကို
ဖန်ဆင်းလေသည်။
ယင်းအခိုက် ကျောင်းတိုက်ရှိအခြားရဟန်းတော်များသည်
ဗုဒ္ဓဘုရားရှင်နှင့်အတူ ဇီဝက၏အိမ်သို့ ကြွသွားနှင့်ကြ
ပြီးပြီ။ ဗုဒ္ဓဘုရားရှင်က
အရှင်စူဠပန်ကို မမြင်သောကြောင့် ဆွမ်းကပ်သည်ကို လက်မခံသေး..။
"အကြောင်းတခုခုများရှိပါသလား..မြတ်စွာဘုရား၊
တခုခုချွတ်ယွင်းချက်ရှိပါသလား..မြတ်စွာဘုရား"
စိတ်လှုပ်ရှားစွာဖြင့်
ဇီဝက-ကမေးလျှောက်လေ၏။
"ဒကာဇီဝက…ကျောင်းရှိသံဃာအကုန်အစုံ ဒီအိမ်ကိုရောက်တာသေချာရဲ့လား"
"မှန်လှပါ…မြတ်စွာဘုရား၊
သံဃာတော်အကုန်လုံး ရောက်ပါပြီဘုရား၊ အရှင်မဟာပန္ထက-ကလဲ ဒီအကြောင်း
အတည်ပြုပါတယ်..မြတ်စွာဘုရား"
ဗုဒ္ဓဘုရားရှင်က တည်ငြိမ်ဆေးလေးစွာ
ပြန်မိန့် သည်။
"ဒါပေမယ့် ဒကာဇီဝက အနေနဲ
့တယောက်ယောက်ကိုလွှတ်ပြီး ဘုန်းကြီးကျောင်းမှာ ရဟန်းတပါးတလေကျန်-မကျန်
ကြည့်ခိုင်းပါဦး"
လူတယောက်ကို ဇီဝက-က
ဘုန်းကြီးကျောင်းသို့ လွှတ်လိုက်သည်။ ထိုလူမှာ သရဲတစ္ဆေတကောင်လို
ဖြူဖပ်ဖြူရော်သွေးဆုတ်သည့်မျက်နှာထားဖြင့် အမြန်ပြန်ရောက်လာသည်။
"အရှင်ဘုရားတို့ …
ကျောင်းတိုက်တခုလုံး ရဟန်းတွေ အပြည့်ရှိနေပါတယ်ဘုရား"
"အချို့ က တရားထိုင်လို့ …
အချို့ က သင်္ကန်းချုပ်လို့ ….၊ အချို့ က ကျောင်းဝင်းထဲ တံမြက်လှည်းလို့ …၊
အချို့ က
ရေခပ်လို့ ..၊ အချို့ က စင်္ကြန်လျှောက်လို့ …၊ အချို့ က တရားစာတွေ ရွတ်ဆိုလို့ ….."
ထိုသူက လျှောက်ထား၏။
ယင်းနောက် ဗုဒ္ဓဘုရားရှင်က
ထိုသူအား ကျောင်းသို့ ပြန်သွားခိုင်းပြီး အရှင်စူဠပန်အား အခေါ်လွှတ်၏။ ထိုသူ
ကျောင်းသို့ ရောက်သွားပြန်၏။ အရှင်စူဠပန်အားစုံစမ်းသောအခါ ရာပေါင်းများစွာသောရဟန်းတို
့က တသံတည်း
ဖြင့် "ငါ စူဠပန်ပဲ"ဟု
ဆိုကြပြန်၏။
ထိုသူလည်း အံ့သြမင်သက်ဖြစ်သွား၏။
ဇီဝကအိမ်သို့ ပြန်သွားကို တွေ့ ကြုံသမျှကို ပြန်လည်ပြောကြား၏။ ထိုအခါ
ဗုဒ္ဓဘုရားရှင်က ထိုသူအား ကျောင်းသို့ ပြန်သွားစေပြီး ရဟန်းများစွာအထဲက
တပါးပါး၏သင်္ကန်းစွန်းကို
ဖမ်းဆွဲကိုင်လိုက်ရန် မိန့် ဆိုလေသည်။
"ဒကာက အဲသလို သင်္ကန်းစွန်းကို
ဆွဲကိုင်လိုက်ရင် အခြားရဟန်းတွေ ပျောက်ကွယ်သွားလိမ့်မယ်"ဟုလည်း
ဗုဒ္ဓဘုရားရှင်က ပြောကြားလိုက်လေသည်။
ဗုဒ္ဓမိန့် တော်မူသည့်အတိုင်း
ထိုသူ ဆောင်ရွက်သည်။ ယင်းနောက် ထိုသူသည် အရှင်စူဠပန္ထကအမည်ရသော ရဟန်းတော်တပါးကို
နေ့ ဆွမ်းဘုဉ်းပေးရန် ပင့်ဆောင်နိုင်ခဲ့သည်။
ဆွမ်းဘုဉ်းပေးပြီးသောအခါ
ဘုရားရှင်က အရှင်စူဠပန်အား တရားဟောစေ၏။ နောင်တော်အရှင်မဟာပန်နှင့်
အခြားရဟန်းတော်များ အထိတ်တလန့် ဖြစ်သွားကြ၏။ စာလေးတပုဒ်ကိုမျှ
မကျက်မှတ်နိုင်လောက်အောင် ထုံနညံ့ဖျင်းလှသည့် စူဠပန်လိုရဟန်းတပါးကို ဗုဒ္ဓဘုရားက
ဘာကြောင့်များ ဂုဏ်ပြုနေရပါလိမ့်…??
သို့ သော် အရှင်စူဠပန်က
ကိုယ်တိုင်သိမြင်ထားသည့် အနိစ္စသညာအကြောင်းတိုက်ရိုက်ပါသည့်
အံ့အားသင့်ဖွယ်တရားတပုဒ်ကို ဟောပြတော်မူလိုက်၏။ တရားအသိဉာဏ်စူးရှနက်ရှိုင်းမှုကို
မအံ့သြဘဲနေနိုင်သူ မရှိဖြစ်သွားရသည်။
ဇာတ်လမ်းအဆိုအရ အရှင်စူဠပန်သည်
ဘဝဟောင်းတခုဝယ် ဉာဏ်ထက်မြက်သော ရဟန်းတပါးဖြစ်ခဲ့ဖူးသည်။ သို့ သော် စာတပုဒ်ကိုပင်
မကျက်မှတ်နိုင်သော ဉာဏ်ထုံသူရဟန်းတပါးကို ပြောင်လှောင်ပြက်ရယ်ပြုဖူး၏။ အရှင်စူဠပန်ဘဝတွင်
သူလုပ်ဖူးသောကံ အကျိုးပေးသည်။ တဖက်တွင် စာတပိုဒ်ကိုလေးလကျက်မှတ်၍ မမှတ်မိ
သော်လည်း အခြားတဖက်တွင် အရဟတ္တမဂ်ကို
ထိုးထွင်းသိမြင်သူနှင့် အဘိညာဉ်တန်ခိုးရှင် ဖြစ်ဘိသေး၏။ ရှေးဘဝ အကောင်း
အဆိုကံနှစ်မျိုး၏ အကျိုးဆက်ပေတည်း..။ ဤအကြောင်းအရာမှာ ဉာဏ်ကွန့် မြူးခြင်းနှင့်
သတိပေးခြင်းဟူသော
သင်ခန်းစာနှစ်မျိုးလုံးကိုပြသည့် ဇာတ်လမ်းဖြစ်သည်။
အမရဒီပ
မေလ ၂၇၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment