ဘုန်းကြီး လူလားမြောက်စအချိန်ထိ
ရွာမှာ ကားမရှိသေးပါ၊ စက်ဘီးပင် မရှိသေး…။ သယ်ယူပို့ ဆောင်ရေး
စနစ်မှာ လမ်းလျှောက်ခြင်းပင်
ဖြစ်၏။ ကားလမ်းမကြီးသို့ ရောက်ရန် လမ်းနှစ်သွယ်ရှိသည်။ တောင်ကြော
ဖြတ်လမ်းမှသွားလျှင် ၂ မိုင်ခန်
့လမ်းလျှောက်ရသည်။ မြေပြန့် လမ်းမှသွားလျှင် ၃ မိုင်ခန့် သွားရသည်။ အသဲအသန်နေမကောင်းဖြစ်ပြီး
လမ်းမလျှောက်နိုင်သူလူမမာများကို ကုလားထိုင် သို့ မဟုတ် ထမ်းစင်ပေါ်တင်ပြီး
၃ မိုင်ဝေးသည့် အနီးဆုံး“ဂလဂေဒရမြို
့“ရှိ ဆေးရုံသို့ သယ်ကြရ၏။
၁၉၃၃ ခုနှစ်… ဘုန်းကြီး ၅
နှစ်သားအရွယ်တွင် စီလုံတကျွန်းလုံး ငှက်ဖျားရောဂါကပ်ဆိုက်သည်။ ဘုန်းကြီး
တို့ မိသားစုတစုလုံး
ဖျားနာကြသည်။ ၃ နှစ်လောက် ပေါ်လိုက်၊ ပျောက်လိုက်ဖြင့် ငှက်ဖျားဒဏ်ခံစားခဲ့ရ၏။
ဗြိတိသျှအစိုးရက
ကွီနိုင်ဆေးလိုက်ဝေသည်။ မည်သူမျှ အလုပ်မလုပ်နိုင်ကြသဖြင့် ဆန် နှင့် အစားအသောက်
အခမဲ့ထုတ်ပေးသည်။ သို့ သော် အကန်
့အသတ်တခုတော့ရှိသည်။ ရိက္ခာခွဲတမ်းရဖို့  ၃ မိုင်ခရီးကို
အပတ်စဉ်လမ်းလျှောက်ခဲ့ရသည်။ နေမကောင်းသော်ငြား သွားနိုင်လာနိုင်သူတို့ က
အလှည့်ကျသွားကြရ၏။ အစားအစာနှင့်ဆေးဝါးရရေးအတွက် မအီမသာခံနေရသည့်
ငှက်ဖျားရောဂါတန်းလန်းဖြင့် ၃ မိုင်လမ်းလျှောက်ခဲ့ရ
သည်ကိုလည်း ဘုန်းကြီးမှတ်မိပါသည်။
ဆေးကုသမှုဆိုင်ရာအရေးပေါ်ဖြစ်ရပ် ၂
ခုကိုလည်း ပြန်သတိရမိသေး၏။
ဘုန်းကြီး ၈ နှစ်၊ ၉
နှစ်သားလောက်မှာ ညပိုင်းတွင်မျက်စိမမြင်သည့် “ကြက်မျက်သင့်ရောဂါ“ ကောက်ကာငင်
ကာဖြစ်လာသည်။ အာဟာရချို
့တဲ့မှုကြောင့်ပင် ဖြစ်မည်။ ညအမှောင်ရောက်သည်နှင့် အကန်းတယောက်လိုဖြစ်
သွားသည်။ မည်သည့်အရာကိုမျှ
လုံးဝမမြင်တော့ပါ။ ကုန်ကုန်ပြောလျှင် ရေနံဆီမီးခွက်မီးရောင်ကိုပင် မမြင်ပါ။
အကို၊ အမများကတော့
“ဟန်ဆောင်နေတာ“ဟု ဘုန်းကြီးကို စကြနောက်ကြသည်။ သို့ သော် မိခင်ကြီးကတော့
အလွန်စိတ်ပူပြီး ရွာဆေးဆရာနှင့် တိုင်ပင်သည်။ ဆေးဆရာက ဘုန်းကြီးအတွက် ဆေးခါးခါးကြီးတမျိုးပေးသည်။
ယင်းဆေးခါးကြီးကို
ဆေးဘက်ဝင်အပင်တမျိုးမှထုတ်လုပ်ထားသည်။ မိခင်ကြီးအားလည်း ဆေးပင်အမည်ကို
ဆေးဆရာက
မပြောပြခဲ့ပါ။ ဗိန္ဒောဆေးမှာ အလွန်အစွမ်းထက်သောတန်ခိုးရှိသည်ဟု ယုံကြည်ကြပေရာ
ဗိန္ဒော
ဆေးဖော်စပ်နည်းကို လျှို
့ဝှက်ထားကြသည်။
မိခင်ကြီးသည် ယင်းဆေးခါးကို
ခပ်ပျစ်ပျစ်သွေးပြီး မျက်စိအခြေအနေထူးခြားလာသည်အထိ ဘုန်းကြီးအား တိုက်ကျွေးပါသည်။
ဆေးအရသာမှာ အော်ဂလီဆန်လှ၏။ ခါးလွန်းလို့ ပါးစပ်ပျက်၏။ မနက်တိုင်း
အစာမစားခင် ထွီချင်စဖွယ် ဤဆေးခါးကို
ဘုန်းကြီး သောက်ခဲ့ရ၏။
ဆေးခါးခါးကြီးကို
ဘုန်းကြီးသောက်အောင် မိခင်ကြီးက မေတ္တာစွမ်းအားကို သုံးသည်။ အိမ်သားတွေ
အိပ်ရာမနိုးခင်
မိခင်ကြီးက ဘုန်းကြီးကို ပေါင်ပေါ်ပွေ့ တင်ကာဖက်ထားသည်။
ဘုန်းကြီးကို နမ်းသည်။ အသံတိုးတိုးဖြင့်
ပုံပြင်တွေပြောပြသည်။ မိနစ်အနည်းငယ်အကြာတွင်
ဘုန်းကြီးမှာ ကြည်နူးဝမ်းမြောက်ကာ ဘဝင်တသိမ့်သိမ့်
ဆွတ်ဆွတ်နှလုံး ရွှင်ပြုံးလျက်
မိခင်ခိုင်းသမျှလုပ်မည့်သူဖြစ်လာလေတော့သည်။
ထိုအခိုက် မိခင်သည်
ဘုန်းကြီး၏ပါးစပ်ထဲ ဆေးကိုထည့်လိုက်ပြီး မြန်မြန်မျိုချခိုင်း၏။ မသတီစရာ ဆေး
ခါးခါးသီးသီးကို သကြားနှင့်
အမြဲရောစပ်ပေးသည်မှာလည်း မိခင်ကြီးပါတည်း…။ နေ့ စဉ်ဆေးခါးသောက်ခြင်းကို
လအတော်ကြာလုပ်ပြီးနောက်
မျက်လုံးအမြင်စွမ်းအားပကတိအခြေအနေသို့ ပြန်ရောက်ပါသည်။
နှစ်ပရိစ္ဆေဒများစွာကြာပြီးနောက်
ယခုအခါတွင် မေတ္တာစွမ်းရည်ကို ဘုန်းကြီးနားလည်လာသည်။ ဘဝ၏ခါးသီးမှုတွေကို
မျိုချပစ်နိုင်ဖို့ မေတ္တာတရားကပင် တနည်းနည်းဖြင့် အထောက်အကူပြုသည်။ ကြမ်းတမ်းခက်ထန်သောကာလများ၊
စိတ်ညစ်စိတ်ပျက်စရာများ၊ နာကျင်ခံခက်မှုများအပေါ်မေတ္တာတရားကပင် ချောမွေ့ စေခဲ့သည်။
ဗုဒ္ဓဘုရားသည်
သူ၏ရန်သူတော်များကို အောင်နိုင်ဖို့ မေတ္တာစွမ်းအားကို အသုံးချခဲ့သည်။ အဆိပ်ပြင်းထန်သော
မြွေများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော အရညဝါသီတောနေရဟန်းများအား မေတ္တာတရားနှလုံးသွင်းကြဖို
့ ညွှန်ကြားခဲ့သည်။ မေတ္တသုတ္တန်သည် ဗုဒ္ဓတရားတော်များအနက် နှစ်သက်ဖွယ်အကောင်းဆုံးဒေသနာတခုဖြစ်၏။
မေတ္တသုတ္တန်သည် အလွန်တိုတောင်းသော
ဟောပြောချက်တခုဖြစ်၏။ ယင်းသုတ္တန်ကို ဗုဒ္ဓဘာသာရဟန်းတော်
များ အခမ်းအနားတိုင်းမှာ
ရွတ်ဆိုကြသည်။ မေတ္တာကျင့်စဉ်ကျင့်သူနှင့် သူ၏ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းရေး
ရောက်လာအောင်
တွေးမြင်ပြုမူပုံနည်းစနစ်များကို ယင်းသုတ္တန်မှာ သရုပ်ဖော်ထား၏။
မေတ္တာကျင့်စဉ်သည်
ကုသိုလ်ကောင်းမှုတခုဖြစ်ကြောင်း တပည့်သာဝကများကို ဗုဒ္ဓဘုရားမိန့် ဆိုခဲ့သည်။ သို
့ဖြစ်
ပေရာ မေတ္တာတရား၊ မေတ္တာအတွေးကို
ပျိုးထောင်ခိုက်တွင် စိတ်နှလုံးအေးချမ်းကြရသည်။ ကုသိုလ်ဖြစ်အောင်လုပ်ဆောင်ရာမှဖြစ်ပေါ်လာသော
နက်ရှိုင်းသော စိတ်အေးချမ်းမှုကို ခံစားရသည်။ ထိုအရာသည် ငြိမ်းချမ်းမှုဖြစ်သည်။
ထို့ ပြင် မေတ္တာတရား၏အေးချမ်းသောအကျိုးမှာ
ဟာကွက်မရှိပေ။ မေတ္တာဖြင့် ပြောဆို၊ ပြုမူဆက်ဆံသောအခါ
စိတ်ချမ်းမြေ့မှုကို
ခံစားရသည်။ စိတ်မှာမေတ္တာအတွေးထည့်ကာ အလုပ်လုပ်သောအခါတွင်လည်း ကိုယ်စိတ်
နှစ်ဖြာ ချမ်းသာပါသည်။
ဘုန်းကြီးသည်
မေတ္တာကျင့်စဉ်နည်းလမ်းအား လူများကိုသင်ပေးသောအခါ အထပ်ထပ်ရွတ်ဆိုရန် ဖော်ပြပါ
စာပိုဒ်များကို ပေးပါသည်။
"ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေ၊ အေးချမ်းကြပါစေ"
"အန္တရာယ်ဟူသမျှ
ဝေးကွာကြပါစေ"
"အခက်အခဲမှန်သမျှ
ကင်းကြပါစေ"
"ပြဿနာမှန်သမျှ ကင်းကြပါစေ"
"အောင်မြင်ကြပါစေ"
"မလွှဲမရှောင်သာ
ပြဿနာအခက်အခဲများ၊ ဆုံးရှုံးနစ်နာမှုများရှိလာကလည်း ကျော်လွှားနိုင်ကြပါစေ"
" ပြဿနာအခက်အခဲများ၊
ဆုံးရှုံးနစ်နာမှုများကိုဖြေရှင်းရန် ခန္တီ၊ သတ္တိ၊ ပညာ၊ အဓိဋ္ဌာန်တရားများ
ပိုင်ဆိုင်ကြပါစေ"
မေတ္တာစိတ်၏ ပထမဆုံးဦးတည်ရာမှာ
မိမိကိုယ်တိုင် ဖြစ်၏။
"ငါသည် ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပါစေ၊ အေးချမ်းပါစေ"
"ငါသည် အန္တရာယ်ဟူသမျှ
ဝေးကွာပါစေ"
"ငါသည်အခက်အခဲမှန်သမျှ
ကင်းပါစေ"
"ဘာကြောင့် မိမိကိုယ်ကို
စတင်မေတ္တာပွားရတာလဲ"
"ဒီလိုလုပ်တာ စိတ်ပျက်စရာ
တကိုယ်ကောင်းဆန်မှုမဖြစ်ဘူးလား"
"အခြားဘယ်သူ့ ကိုမျှ
မေတ္တာမပွားခင် မိမိကိုယ်ကို မေတ္တာပွား..ဟုတ်လား"
အချို့ က မေးခွန်းထုတ်ကြသည်။
မိမိအတွက်မေတ္တာပွားရန်လှုံ
့ဆော်မှုမှာ အလွယ်ကူဆုံးအရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြေကမ္ဘာပေါ် ရှိရှိသမျှသတ္တဝါများအတွက်
မိမိကိုယ်ကိုသာ အချစ်ဆုံးဖြစ်ကြသောကြောင့်ဖြစ်သည်။ (လူတိုင်းနီးပါး ဒီအတိုင်း
ချည်းပါပဲ။) သို့ ဖြစ်လေရာ
ဘုန်းကြီးတို့ သည် မိမိကိုယ်တိုင်အတွက် လွယ်လင့်တကူပင် နွေးထွေးသော မေတ္တာ
တရားကို ဖြစ်ပွားစေနိုင်ပါသည်။ ဘုန်းကြီးတို
့သည် မိမိကိုယ်တိုင် မေတ္တာတရားပြည့်ဝစေရမည်။ မိမိခန္ဓာ နှင့်
စိတ်ကို မေတ္တာတရား ဖြည့်ဆည်းထားရပေမည်။
သတ္တဝါအားလုံးအပေါ်
စိတ်စေတနာကောင်းဖြန့် ကျက်ပေးနိုင်သောအခါ မေတ္တာတရားသည် အလိုလိုယိုဖိတ်လာ
ပေသည်။ ပေးဝေငှဖို့ အတွက်
ဘုန်းကြီးတို့ မှာ အပိုအလျှံရှိထားနှင့်ရပါမည်။ မိမိကိုယ်ကို မေတ္တာပွားပြီးနောက်
အဖြစ်နိုင်ဆုံးလူတစုကို မေတ္တာပွားရပေမည်။ ထိုသူများမှာ မိမိတို့ နှင့် နီးစပ်သူ၊
ချစ်ကျွမ်းဝင်သူတို့ ဖြစ်ကြ၏။
ဘဝအဖော် ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ ညီအကို၊
အမနှမ၊ ဆွေမျိုး၊ မိတ်ဆွေ နှင့် ဘာသာရေးဆရာ တို့ ဖြစ်ကြ
၏။ ထိုသူများ၏ပုံရိပ်ကို
စိတ်ဖြင့် ပုံဖော်၊ မေတ္တာပွားစာသားများကို အထပ်ထပ်ဆိုရပါမည်။ ဘုန်းကြီးတို့ ၏
မေတ္တာကိုခံယူသူများအဖြစ် ထိုသူများအား ချစ်ခင်မြတ်နိုးရပေမည်။
နောက်တအုပ်စုမှာ
အကြီးဆုံးဖြစ်သည်။ နေ့ စဉ်တွေ့ ဆုံနေကြသူများ ပါဝင်သည်။ သို့ သော် သူတို့ မှာ
ရင်းနှီးသူများကား မဟုတ်ကြချေ။ ကိုယ့်ဘဝအတွင်း ဝင်လိုက်၊ ထွက်လိုက်လုပ်ကာ
လှုပ်ရှားနေသည့်
ဖြတ်သွားဖြတ်လာအသိအကျွမ်းများ၊ သူစိမ်းတရံဆံများဖြစ်ကြချေ၏။ အတန်းဖော်၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးချင်း၊
စတိုးဆိုင်အရောင်းစာရေး၊ မီးပွိင့်မှာကားရပ်စဉ်နံဘေးရှိကားပေါ်လိုက်ပါလာသူ၊
အမြီးတရမ်းနှင့် ဖော်ရွေသော ခွေး၊ မိမိစက်ဘီးဘေးက ဝှီးကနဲဖြတ်သွားသူတယောက်ယောက်
…တို့ ဖြစ်ကြ၏။ မိမိ၏မေတ္တာနယ်ကို သတ္တဝါအားလုံး၊
လူသားမနုဿနှင့် လူသားမဟုတ်အမနုဿတို့ အထိ ဖြန့် ကျက်ရပါမည်။ ၄င်းတို့ ကျန်းမာချမ်းသာကြစေကြောင်း
ဆန္ဒပြုပါလေ….။
နောက်ဆုံးတစုမှာ
အနည်းစုတစုမျှဖြစ်ကောင်းဖြစ်ပေမည်။ ယင်းအုပ်စုထဲတွင် ရန်သူတော်များ သို့ မဟုတ်
ပြိုင်ဘက်များပါဝင်သည်။ "စိန်ခေါ်မှုများ" ဟု ဘဝမှာ လှတပတကင်ပွန်းတပ်ရလောက်အောင်
ပေါ်ပေါက်
လာသော "ဂြိုဟ်ကောင်အုပ်စု"
ဖြစ်သည်။ ဤနေရာမျိုးမှာ မေတ္တာကျင့်စဉ်ကျင့်ကြံသူတို့ အတွက် ဘေးကျပ်
နံကျပ်ကြုံရခြင်းဖြစ်၏။
ရန်သူတော်အပေါင်း ဘေးဘယာဝေးစေကြောင်း
ဆုတောင်းရမည်လား…။
ကိုယ်လိုချင်တဲ့
အလားတူရာထူးတိုးမြှင့်မှုကို ရန်သူတော်တွေ ရသွားရင် အောင်မြင်ပါစေ
ပတ္ထနာချွေရမှာလား….။
ကိုယ့်ကလေးတွေကို
စော်ကားဆဲဆိုသူတွေ၊ မီးပွိင့်မှာ ကိုယ့်ရှေ့ ကကပ်ပြီးဖြတ်မောင်းသွားသူတွေကို
ချမ်းမြေ့စေ
ကြောင်း ဆန္ဒမွန်ပြုပေးရမှာလား…။
အထက်ပါမေးခွန်းများကကို
ဗုဒ္ဓဘုရားက "အေး"ဟု ဖြေဆိုပါလိမ့်မည်။
ဤအချက်များမှာ အကြောင်းပြတို
့ဖြစ်ကြ၏။
"တယောက်ယောက်
ဘေးဘယာဝေးစေကြောင်း၊ အောင်မြင်စေကြောင်း ဆန္ဒပြုလျှင် ထိုသူ၏စိတ်နေစိတ်ထား
မြင့်မားတိုးတက်နိုင်သည်။
ယင်းသို့ ဖြစ်ခြင်းမှာ ထိုသူ့ အတွက် ဆန္ဒမွန်ပြုပေးသူတို့ ၏ အောင်မြင်မှုဖြစ်သည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာအောင်မြင်မှုဖြစ်သည်။ ထိုသူစိတ်နေစိတ်ထားမြင့်မားတိုးတက်လာလျှင်
အခြားသူတို့ ၏ ရန်သူ၊ ပြိုင်ဘက်ဖြစ်ဖွယ်မရှိတော့ပြီ။ ယင်းအခြေအနေရောက်ပါက
လိုအပ်ချက်ဟူသည်မရှိတော့ပြီ။ ထိုသူသည်လည်း ပို၍ ပို၍ အေးချမ်းသူဖြစ်လာမည်။
သူ၏မြင့်မြတ်သောအရည်အသွေးလည်း ပေါ်ထွက်လာဦးမည်။
အားလုံး အဆင်ပြေကာ
အတူယှဉ်တွဲ တည်ရှိနိုင်ပေတော့မည်။
သို့ ရာတွင် မေတ္တာကျင့်စဉ်ကို ပုံသေမေတ္တာပွားစာသားများအား
ထပ်တလဲလဲရွတ်ဆိုခြင်းလောက်မျှဖြင့် နယ်နိမိတ်မကန့် သတ်သင့်ပေ။ အတွေး ၊ စကားလုံး ၊
အလုပ်များတွင် မေတ္တာကို ပျိုးထောင်စိုက်ကြဲသင့်ပေ
ကြောင်း ဗုဒ္ဓဘုရားမိန်
့ဆိုထားလေသည်။ ခြေလှမ်းတိုင်း၊ အပြုအမူတိုင်း၊ တုံ့ ပြန်မှုတိုင်း မေတ္တာပြီးတော့
မေတ္တာသာ ဖြစ်သင့်ပေ၏။ လူတယောက်အတွက် သူထပ်တလဲလဲရွတ်ဆိုသမျှသည်
သူ၏ကိုယ်ပိုင်စိတ်အခြေ
အနေဖြစ်လာပေမည်။ မေတ္တာကို
အဆက်မပြတ်ကျင့်နေလျှင် မေတ္တာပြည့်သူဖြစ်လာမည်။ မေတ္တာသည်
သူ၏သဘာဝဖြစ်လာမည်။ သူ
့အနေဖြင့် မေတ္တာတရားကို စိတ်နှလုံးသားအတွင်းမြှပ်နှံထားသောအခြားသူတို့ ၏ ပင်ကိုနူးညံ့သိမ်မွေ့ မှုကိုလည်း
နားလည်သိမြင်လာပေလိမ့်မည်။
ဘုန်းကြီး၏မယ်တော်သည်
ဗုဒ္ဓဘုရားရှင်၏ စကားတော်ကို နားလည်၏။ ဗုဒ္ဓဘုရားရှင်၏စကားတော်နှင့်အညီ နေထိုင်၏။ မယ်တော်သည်
သူ၏ရင်သွေးအားလုံး ဗုဒ္ဓဘုရားရှင်၏ ဘဝဇာတ်ကြောင်းများကို ကြားဖူးအောင် လုပ်ပေး၏။ ဗုဒ္ဓရှင်တော်မြတ်၏
ကရုဏာတော်၊ ဉာဏ်တော်နှင့်ပတ်သက်ပြီး သိနားလည်လာအောင်
လုပ်ပေး၏။
သူကိုယ်တိုင်ပင် မေတ္တာတရားကို
စံပြုကာ လျှောက်လှမ်းနေ၏။ သိမ်မွေ့  ညင်သာမှု နှင့် နူးညံ့သော အမူအရာ၊ စကားတို
့နှင့် သူနှင့်တွေ့ သူတိုင်းကို အမြဲလို ဆက်ဆံပြောဆို၏။ ရှုထောင့်အဖုံဖုံအားဖြင့်ပြောရသော်
သူ့ ကို သူတော်စင်တဦးနီးပါး ဘုန်းကြီးထင်မှတ်မိပါ၏။
အမရဒီပ
မေလ ၂၂ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment