ဘုန်းကြီးငယ်စဉ် ချာတိတ်ဘဝမှာ အပြာရောင်၊
အနီရောင်ကွက်ကြားယက်ထားသည့်ချည်ကြမ်းရှပ်
အင်္ကျီရှည်တထည်ကို ဝတ်ခဲ့ရဖူး၏။ ယင်းင်္ကျ
ီမှာ ဒူးဆစ်အထိ ရှည်လျား၏။ ငယ်ရွယ်သူ ယောက်ျားလေး၊
မိန်းကလေးများအတွက် ယင်းအင်္ကျ
ီမျိုးမှာ ယူနီဖောင်းပင်ဖြစ်သည်။
အသက် ၁၁ နှစ်မှာ ၂ စ အထည်ကို
စတင်ဝတ်ဆင်ရသည်။ ပုံမှန် ရှပ်အင်္ကျီနှင့် လုံချည် ဖြစ်သည်။
ကလေးဘဝတလျှောက်လုံး
ရှုးဖိနပ်မစီးဖူးပါ။ ညှပ်ဖိနပ်လည်း မစီးဖူးခဲ့ပါ။ ဈေးအလွန်ကြီးသောကြောင့် ဖြစ်၏။
ကလေးများသည်ကိုယ့်အဝတ်အစားကို
အလွန်ဂရုစိုက်ရ၏။ အ ဝတ်အစားသစ်ကို နှစ်သစ်ကူးရောက်မှသာ ရခွင့်ကြုံသည်။ နှစ်သစ်ကူးပွဲကို
သီဟိုဠ်သားတို့ ဧပြီလလယ်လောက်မှာ ကျင်းပကြသည်။
ဘုန်းကြီးတို
့ညီအကိုမောင်နှမတစုမှာ ကစားစရာအရုပ်များလည်း မရှိကြပါ။ တုတ်များ၊
ထန်းရွက်ခြောက်များ၊
အုန်းသီးခွံများ နှင့် စွန်
့ပစ်ထားသည့်ကြိုးအတိုအစများနှင့်သာ ကစားခဲ့ကြရသည်။ ကစားကွင်းကတော့ အိမ်
ရှေ့ ဥပစာသဲမြေ သို့ မဟုတ်
စပါးခင်း၊ တလင်းနယ်သည့် ကွင်းတို့ ပင် ဖြစ်ကြ၏။ သစ်ပင်တက်တာ၊ တောလည်
ရတာကိုလည်း
ဘုန်းကြီးနှစ်သက်ပါသည်။
တခါသား တောထဲလှည့်လည်ရင်း
တောတနေရာတွင် ထင်းတဲအဟောင်းတလုံးကို တွေ့ ရ၏။ အဖီကလေး
အောက် ယက်မတနေရာတွင်
ကြိုးစများချည်နှောင်ထားသည်ကို တွေ့ ရ၏။ ဒန်းစီးရအောင် လုပ်ထားခြင်း
ဖြစ်သည်။ စက္ကန့် သုံးဆယ်ခန်
့အပျော်ကြီးပျော်သွားသည်။ ဒန်းစီးဖို့ စလွှဲလိုက်သည်နှင့် ယက်မပေါင် ပြုတ်ကာ
၂
ပိုင်း ကျိုးသည်။ တပိုင်းမှာ ဘုန်းကြီး၏ဦးခေါင်းတည့်တည့်ဆီ ပြုတ်ကျ၏။ တခဏအတွင်း
ဦးခေါင်းတခုလုံး
ထုံကျဉ်မှုကို ခံစားရသည်။ နောက်တော့ ပူနွေးနွေးအရည်တွေ
ဦးခေါင်းမှတဆင့် မျက်နှာပြင်ပေါ် စီးကျလာသည်။
တဲအတွင်းမှ အပြင်ဖက်သို
့တိုးထွက်ခဲ့သည်။ မြေကြီးပေါ်မှာ တောထန်းရွက်အပုံလိုက်တွေ့ ရာ ယင်းအရွက်တို့ 
ကို ဦးခေါင်းပေါ်တင်ကာ ဖိထားလိုက်သည်။
တနည်းနည်းနှင့် သွေးကို ထိန်းထားရမည်ဟု တွေးမိလို့ ဖြစ်သည်။
သားဒုက္ခရောက်နေကြောင်းသိနိုင်ရန်
ဆဌမအာရုံရထားပုံပေါ်သော မိခင်ကြီးသည် ဘုန်းကြီးကို
အလျင်အမြန်ပင် ရှာတွေ့ သည်။
ဘုန်းကြီးကို အိမ်သို့ ပွေ့ ချီသွားကာ ဦးခေါင်းဒဏ်ရာကို
ကြင်နာယုယစွာ
ဆေးကြောပေးသည်။ သူ၏ဗိန္ဒောဆေးတွေထဲက လိမ်းဆေးတမျိုးလိမ်းပေးသည်။
ညနေခင်းများတွင် အကိုများ၊
အမများနှင့် ဘုန်းကြီးတို့ သည် ညနေစာစားချိန် မရောက်မချင်း
တူတူပုန်းတမ်း
ကစားခဲ့ကြသည်။ ညနေ ၉ နာရီလောက်မှာ ညစာစားသည်။ ညစာစားပြီးနောက် ကြမ်းခင်းပေါ်မှာ ခေါင်းအုံးမပါ၊ စောင်မပါ
အိပ်ကြသည်။ အိပ်ရာမဝင်ခင် သွားတိုက်ခြင်း၊ ရေချိုးခြင်း
လုပ်လေ့လုပ်ထမရှိခဲ့ချေ။
ဘုန်းကြီးတို့ တစုကို
ချော့သိပ်ရအောင် မယ်တော်ကြီးက ပုံပြင်ကောင်းများကို ပြောပြသည်။ ယင်းအနက် အချို့ 
မှာ ရိုးရာပုံပြင်ဖြစ်ပြီး အချို
့မှာ မြတ်စွာဘုရား၏ ဘဝဟောင်းပုံပြင်များဖြစ်သည့် ဇာတ်တော်များ ဖြစ်ကြ၏။ ကလေးဘဝမှာ
အကြိုက်ဆုံးဇာတ်လမ်းကား “သသဇာတ်“ဖြစ်၏။ ဆာလောင်မွတ်သိပ်နေသောအဖိုးအိုစားသုံး
ရန်အတွက် မိမိကိုယ်ကိုစတေးကာ
မီးပုံထဲခုန်ဆင်းသည်အထိ ရက်ရောသော ယုန်မင်းအကြောင်းဖြစ်သည်။
လမင်းကြီးကို
မျှော်ငေးကြည့်မိတိုင်း မီးတောင်တွင်းဝပုံ နှင့် ယုန်တကောင်ပုံလိုဖြစ်နေသော
ချိုင့်ဝှမ်းကို မြင်ရ၏။ ယုန်မင်းဘေးမှာထိုင်ကာ ကမ္ဘာမြေကြီးကို စိုက်ကြည့်လိုလှ၏။
လမင်းကြီးထံရောက်နိုင်သော အပေးအကမ်း
ရက်ရောသူအဖြစ် အိပ်မက်မက်ခဲ့၏။ ဗုဒ္ဓသည်
လရောင်ကဲ့သို့ သိမ်မွေ့ ညင်သာသူ၊ ခွဲခြားဆက်ဆံမှုမရှိဘဲ သူ၏အလင်းရောင်ကို လူတိုင်းအပေါ်
ပေးတတ်သူဖြစ်ကြောင်း မိဘက ဘုန်းကြီးအား
အမြဲလိုလိုပြောပြသည်။
လမင်း…..၊ ရက်ရောသူယုန်မင်း…၊ ..
ဗုဒ္ဓမြတ်စွာဘုရား အကြောင်း ဘုန်းကြီးတွေးမိသောအခါ ၃ မျိုးလုံး စိတ်ကူးထဲမှာ
ရောယှက်နေကြလေသည်။ စင်စစ်အားဖြင့် ဘုန်းကြီးသည် လောဘကြီးသူဖြစ်သည်။ အထူးသဖြင့်
အစားအသောက်နှင့်ပတ်သက်လာလျှင် “စားမာန်ခုပ်သူ“ဖြစ်သည်။ သည်လိုလူမျိုးက
မိမိကိုယ်ကိုစတေးလှူပစ်
သော ယုန်မင်းအကြောင်းပုံပြင်ကိုကြိုက်နှစ်သက်ခြင်းမှာ
“အဆီအငေါ်မတည့်မှု“ ပင်ဖြစ်လေသည်။
တယောက်ယောက်က ဘုန်းကြီးထံမှအစားအသောက်ကို
ဆွဲယူမသွားရလေအောင် အမြဲစောင့်ကြည့်နေတတ်သူ
ဖြစ်သည်။
ဘုန်းကြီး၏ထမင်းပန်းကန်ကို တဦးဦးကစိုက်ကြည့်လာလျှင် ဒေါသထွက်ကာ မြေကြီးပေါ်သို
့ပန်း
ကန်ကို ပစ်ချတတ်သူဖြစ်သည်။
ဤအပြုအမူသည် ရူးမိုက်မှုသက်သက်သာဖြစ်၏။ အစားအစာဟူသည် တန်ဖိုးကြီးမြင့်လှ၍
ဖြုန်းတီးပစ်စရာမဟုတ်ပေ…။
ဖခင်ကဲ့သို့  ဘုန်းကြီးသည်လည်း
အမျက်ဟူးဟူးထွက်တတ်သူဖြစ်နေချေ၏။
သူ့ လောက်ပင် ဒေါသကို
ချုပ်ထိန်းနိုင်စွမ်းမရှိပေ…။
တခါတရံ အကိုနှင့်အမများသည်
ဘုန်းကြီး၏ ထမင်းကို တမင်စိုက်ကြည့်တတ်သည်။
စိတ်ဆိုးပြီး လွှင့်ပစ်အောင်
လုပ်ခြင်းဖြစ်၏။ ယင်းသို့ ကြည့်လျှင် ဘုန်းကြီးမှာ ဒေါသအခိုးအငွေ့ တလူလူထွက်လာပြီး
အိမ်ရှေ့ ဆီ ထမင်းပန်းကန်ကို လွှင့်ပစ်တတ်သည်။ ဖခင်က
ဘုန်းကြီးကို နာနာနှက်ပြီး ထမင်းပန်းကန်ကို ပြန်ကောက်ခိုင်းသည်။ ထမင်းလည်း
နောက်ထပ်မကျွေးတော့ပါ..။
တနေ့ …..
ဘုန်းကြီးထက် အသက် ၄ နှစ်ကြီးသော
တတိယအမသည် သစ်သားတုတ်တချောင်းဖြင့် အိမ်ရှေ့ သဲပြင်ပေါ်မှာ
ရွှေဖရုံသီးပုံဆွဲလေသည်။
ဘုန်းကြီးက အခြားတုတ်တချောင်းဖြင့် သူဆွဲထားသောပုံကို ဖျက်ပစ်သည်။
သူ
စိတ်ဆိုးသွားပြီး ဘုန်းကြီးကို တံမြက်စည်းဖြင့် ရိုက်သည်။ သစ်သားခုံတလုံးကိုင်ကာ
ဘုန်းကြီးက အိမ်အထဲထိ
ဝင်ပြီး သူ့ နောက်လိုက်သည်။
ယင်းသစ်သားခုံဖြင့် အမကို ပစ်သည်။ အမ၏ ခြေမကို တည့်တည့်ထိကာ
ခြေသည်းခွံအလွှားလိုက်ကွာသွားသည်။ သွေးဒလဟောထွက်လာသည်။ ချက်ချင်းပင် အမ
အော်ငိုတော့၏။
အမအော်သံကြောင့် မိခင်သည် အမဆီ ပြေးသွား၏၊ အိမ်ပြင်ဖက်ဆီသို
့ဘုန်းကြီးလည်း ထွက်ပြေးပါတော့သည်။
မွေးချင်းတယောက်ကို
တမင်ရည်ရွယ်လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြီမ်ဖြစ်ကြောင်း ဘုန်းကြီးမှတ်မိပါ၏။ ထိုအချိန်က
ဘုန်းကြီးအသက် ၇ နှစ် ၈ နှစ်ခန့် ရှိပေဦးမည်။ ကံကောင်းသည်မှာ ယင်းသို့ ဖြစ်စဉ်
ဖခင်မှာ အိမ်တွင် မရှိချေ။ မိခင်နှင့်အမသည်လည်း ထိုဖြစ်စဉ်ကို သူ့ အား
တိတိပပပြောဆိုခြင်းမပြုပါ။ ဖခင်၏ဒေါသကို ဘုန်းကြီးကြောက်သလို သူတို
့လည်းကြောက်ကြသည်ဟု ခန့် မှန်းမိပါသည်။ အမ၏ခြေမကို ပတ္တီးစည်းထား
သည်မှာ မတော်တဆထိခိုက်လို
့ဖြစ်ရကြောင်း ဖခင်ကို အသိပေးကြပါသည်။
အမရဒီပ
မေလ ၂၁ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment