ယခုကာလ
ရုပ်ပုံ၊ ရုပ်ပွား၊ ရုပ်တု၊ ဆင်းတုများကို ပူဇော်သည်ရှိသော် သက်တော်ထင်ရှားရှိသော
မြတ်စွာဘုရားကိုလည်း ပူဇော်ခြင်းကိစ္စပြီးစီးသကဲ့သို့
ကလျာဏပုထုဇန်သံဃာတော်များကို
လှူဒါန်းပူဇော်ခြင်းသည်လည်း သက်တော်
ထင်ရှားရှိသော
မြတ်စွာဘုရားကို ပူဇော်ခြင်းကိစ္စပြီးတော့သည်သာဟု မှတ်ယူ
အပ်၏။
ဥပမာကား------- တစ်ယောက်သောသူမှာ သားသမီးအများရှိ၏။ တစ်ဦး
သော သူက ထိုသားသမီးများကို
ကြည်ညိုသောစိတ်ဖြင့် ငွေ ၁၀၀၀ စီ ပေး၏ ။
သားသမီးများကို ငွေ ၁၀၀၀ စီပေး မှူသည် အဖဖြစ်သူကိုလည်း ချီးမြှောက်ခြင်း
ကိစ္စပြီး ၏။
ထို့အတူ သားသမီးကို နှိပ်စက်ညှဉ်းဆဲသည်ရှိသော် အဖကိုလည်း
နှိပ်စက်
ခြင်းကိစ္စ၊ သားသမီးကိုလည်း
နှိပ်စက်ခြင်းကိစ္စပြီးသကဲ့သို့ ယခုကာလရှိကြသော သမုတိသံဃာများကို
ရှူတ်ချထိပါးသည်ရှိသော် မြတ်စွာဘုရားကိုလည်း နှိပ်စက်
ခြင်းကိစ္စ၊ သံဃာတော်များကိုလည်း
နှိပ်စက်ခြင်းကိစ္စပြီးတော့သည်သာတည်း။
သတိကြီးကြီးထားကြလေကုန်-----------။
လယ်တီဆရာတော်ဘုရားကြီး
သာသန၀ိသောဓနီ။ ပဌမတွဲ။
No comments:
Post a Comment