မ-ဟ-န-အဖွဲ့ ၏ နယ်လှည့်ဓမ္မကထိကဂုဏ်အင်္ဂါအရည်အချင်းများ
(ရဟန်း၊သီလရှင်၊ လူ)
နယ်လှည့်ဓမ္မကထိကပုဂ္ဂိုလ်သည်
၁။ ဒါနသီလကြောင့်နတ်ပြည်၌စည်းစိမ်ခံစားရပုံ၊
ကာမဂုဏ်တို့ ၏အပြစ်၊ကာမဂုဏ်မှထွက်
မြောက်လိုမှုဟုဆိုအပ်သော တစ်ဆင့်ထက်တစ်ဆင့်မြင့်သော
အစဉ်အတိုင်းသော (အနုဗုဗ္ဗိကထာ)
အစဉ်အတိုင်းဖြစ်သောတရားစကားကို ဟောကြားခြင်း။
၂။ အကျိုးအကြောင်းဆက်စပ်ပြသော (ပရိယာယဒဿာဝီ)
တရားစကားကိုဟောကြား
ခြင်း။
၃။ သံသရာဆင်းရဲဒုက္ခကိုခံစားနေရသော
တရားနာပရိသတ်အား သနားခြင်းကြောင့် တရားဟောကြားခြင်း။
၎။ ငွေကြေးလှုဖွယ်ပစ္စည်း(အာမိသ)ကို
မငဲ့ကွက်သောစိတ်ဖြင့် တရားဟောခြင်း။
၅။ မိမိကိုယ်ကိုလည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း မထိပါးမပုတ်ခတ်မူ၍ တရား ဟောကြားခြင်း။
၆။ သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်တော်လာ
တရားတော်များကိုသာ ဟော
ကြားခြင်း။
၇။ ထေရဝါဒပိဋကတ်တော်နှင့်ဆန့် ကျင်သော
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့  နှင့်
စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟေကြားမှုမပြုခြင်း။
၈။ အနည်းဆုံးသိက္ခာဝါ (၁ဝ) ရှိ၍
ကိုယ်ကျင့်သီလနှင့်ပြည့်စုံသည့် သီလဝန္တပုဂ္ဂိုလ်ဖြစ်
ခြင်း။
၉။ နယ်လှည့်ဓမ္မကထိပုဂ္ဂိုလ်၏ပညာအရည်အချင်းမှာ
"သာသနဓဇ ဓမ္မာစရိယ၊ သကျသီ
ဟ
ဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ သာသနာ့တက္ကသီလ ဓမ္မာစရိယ၊
သာသနာ့ တက္ကသီလ မဟာဓမ္မာစရိယ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်
မှ
ဘွဲ့ တစ်ခုခု၊ နိုင်ငံတော်မှ ဆက်ကပ်သော ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ တခုခု"ရ
ရန်လိုအပ်ခြင်း၊
သင်္ဂါယနာခြောက်တန်တင်အပ်သော ထေရဝါဒပိဋကတ်တော်နှင့် ညီ
ညွတ်သည့်တရားတော်များကို
ဟောကြားနိုင်သောပုဂ္ဂိုလ်ဖြစ်ခြင်း (ထေရဝါဒပိဋကတ်
တော်နှင့်မညီညွတ်သောအချက်များကို
ဟောကြားပါက ဟောကြားသူ၏တာဝန်သာ ဖြစ်သည်။)
-ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို
ဆက်စပ်ကြည့်ရှုနိုင်မှသာလျှင် သင်္ဂါယနာခြောက် တန် ပိဋကတော်နှင့်လျော်ညီစွာ
တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယတန်း )
အောင်ဖြစ်သင့်သည်ဟု
ထည့်သွင်းဖော်ပြရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများကို
မကြည့်ရှုနိုင်သူများမှာမူ ထေရဝါဒပိဋကတော်နှင့်မညီညွတ် ဆန့် ကျင်သည့်အချက်များကို
ဟောကြားမိပါက တရားနာပရိသတ်များအမြင်မှား၊အယူမှား
ဖြစ်သွားနိုင်သော ကြောင့် ပရိယတ္တိစာပေမကျွမ်းကျင်သူများကို တရားဟောခွင့်
တားမြစ်ပိတ်ပင်ရခြင်း ဖြစ်သည်။
မှတ်ချက် ။ အထက်ဖော်ပြပါအချက်အလက်မျှကိုသာ
အွန်လိုင်းမှာ ရှာတွေ့ ပါသည်။ ပူးတွဲပါ
အခြား ညွှန်ကြားချက်များကို မတွေ့ ရသေးပါ။ တွေ့ ပါက တင်ပြပေးပါမည်။ (အမရဒီပ)
No comments:
Post a Comment