Total Pageviews

Wednesday, March 7, 2012

ဦးဂမ္ဘီရကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိ

ဦးဂန္ဘီရကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိ
Breaking News Yellow Background
၂၀၁၂ မတ်လ ၆ ရက်နေ့ ည ၁၀ နာရီကျော်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ သံဃာတော် ဦးဂန္ဘီရအား အင်းစိန်ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း နောက်ဆုံးရသတင်းများအရ သိရှိရပါတယ်။ ဖမ်းဆီး ခေါ်ဆောင်သွားစဉ်က စစ်ဆေး မေးမြန်းပြီး မတ်လ ၇ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ဦးဂန္ဘီရအား အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ထို့နောက် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားကာ မတ်လ ၆ ရက်နေ့ညနဲ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်းက စစ်ဆေး မေးမြန်းခဲ့ကြောင်း၊ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဦးဂန္ဘီရနဲ့ သံဃာတော်တပါး ကချင်ပြည်နယ်ကို ခရီးထွက်ခွာခြင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြောင်း၊ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဦးဂန္ဘီရက အာဏာပိုင်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ အစိုးရအာဘော်သတင်းစာတွင် ဖော်ပြခဲ့တဲ့ ဦးဂန္ဘီရနဲ့ ပတ်သက်တဲ့သတင်းနဲ့ ပတ်သက်ပြီး အာဏာပိုင်များက ပြောဆိုခဲ့ခြင်း မရှိကြောင်း ကျောက်တံတားရဲစခန်းတွင် ခေတ္တ သီတင်းသုံးနေရတဲ့ ဦးဂန္ဘီရက သူ့အား ဆက်သွယ်ခဲ့သူ ဦးဣဿရိယနဲ့ သံဃာတော်များအား မတ်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်ပိုင်းက မိန့်ကြားခဲ့ပါတယ်။ဦးဂန္ဘီရအား ဖမ်းဆီး ခေါ်ဆောင်သွားသူများက ၂၅ မိနစ်ကြာ မေးမြန်း စစ်ဆေးခဲ့ပြီး ထိုသို့ မေးမြန်းခဲ့မှုအတွက် ၀တ္ထုငွေ ကျပ်ငါးသောင်းကို ကြိုတင် ကပ်လှူခဲ့ကြောင်း၊ ကျောက်တံတားရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားစဉ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြောင်း၊ စစ်ဆေး မေးမြန်းပြီးနောက် ကျောက်တံတားရဲစခန်းအပေါ်ထပ်တွင် ခေတ္တ ကျိန်းစက်ခဲ့ရကြောင်း ဦးဂန္ဘီရက သူ့အား ဆက်သွယ် မေးမြန်းခဲ့တဲ့ သံဃာတော်များအား အမိန့်ရှိပါတယ်။ မတ်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညဘက်ပိုင်း ရရှိတဲ့ အတည်မပြုရသေးတဲ့ သတင်းများအရ ဦးဂန္ဘီရအား အင်းစိန်ထောင်အတွင်းကို ပို့ဆောင် ချုပ်နှောင်ထားကြောင်း သိရပါတယ်။
 
http://burmatoday.net/news.php?news_ID=101

No comments: