Total Pageviews

Wednesday, March 7, 2012

၂-၁၉-၂ဝ၁၂ အစိုးရပိုင် ကြေးမုံသတင်းစာပါ ဦးဂမ္ဘီရအကြောင်း


အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရသည်
 ပြစ်မှုဆိုင်ရာဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့်ရှိ
သံဃာအဖွဲ့ အစည်းကိုပါ ထိပါးစော်ကားမှုများကျူးလွန်ခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၁၈

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်က အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီး
ယင်းနေ့ တွင်ပင် သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထားတောင်းပန်မှုမပြုဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် 
ဦးဂမ္ဘီရသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိပ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့ နယ်၊ 
မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့ နယ် ခြောက်ထပ်ကြီး
ဘုရားတိုက်ရှိသာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တို့ ၏သော့များအား ရိုက်ဖျက်
ဖွင့်လှစ်ခဲ့ခြင်းတို့ ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏သြဝါဒခံယူရန်
 ဦးဂမ္ဘီရအား (၃)ကြိမ်တိုင် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က
 ဖေဖော်ဝါရီ ၁ဝ ရက်တွင် မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ 
အစည်းအဝေးခန်းမသို့  ခေါ်ယူခဲ့ရကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ
ဘဒ္ဒန္တကုမာရာဘိဝံသကဆရာတော်ကြီးများ၏သြဝါဒခံယူရန် မိန့်ကြားခဲ့ကြောင်းနှင့် လမ်းညွှန်ဆုံးမ
သြဝါဒအတိုင်း လိုက်နာသီတင်းသုံးနေထိုင်ရန်နှင့် ဝန်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက 
သံဃာအဖွဲ့ အစည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်း
 အရေးယူခံရမည်ကို ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဦးဂမ္ဘီရသည်ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့သော်လည်း သံဃာထုတစ်ရပ်လုံး၏ကိုယ်စားအချက်(၁ဝ)ချက်ပါစာ
ကို လျှောက်ထားခွင့်ပြုပါရန် ဆရာတော်ကြီးများအားတင်ပြခဲ့ကြောင်း၊ ဆရာတော်ကြီးများက ခွင့်ပြုခဲ့သည့်အ
တွက် လျှောက်ထားခဲ့ရာ ဦးဂမ္ဘီရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ၄င်းအားပေးပို့ သောအကြောင်းကြား စာပါ  "ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျူးလွန်နေသော "ဟူသည့်စကားရပ်ကို ကန့် ကွက်ကြောင်း၊ ရွှေညဝါဘုန်းကြီးဦး
ပညာသီဟအား သာဓုဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွါပေးရန် နှင်ထုတ်ခြင်းကို ကန့် ကွက်
ကြောင်း၊ အကျဉ်းသား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့ က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးအနက်ရှုတ်ချကြောင်းစသည်တို့ ပါဝင်သည်။

ထို့ ပြင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက ဝိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြု
ရန် လျှောက်ထားလွှာတင်သွင်းရေး မိန့် ကြားခဲ့သော်လည်း ဦးဂမ္ဘီရက  "၄င်းကိစ္စမှာ မိမိလိုသံဃာတစ်ပါးအတွက် လိုအပ်မည်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း  "ပြန်လည်ပြောကြား
ခဲ့သည်။

ဦးဂမ္ဘီရ၏လျှောက်ထားချက်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်းတွေ့ ရှိရသည်။

ဦးဂမ္ဘီရ၏ဆောင်ရွက်မှုများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်များ
ကိုပါ ထိပါးစေရုံသာမက သံဃာထုအား ဝိနည်းစည်းမျဉ်းစည်းကမ်း ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းသိမ်းရန် အခက်အခဲရှိလာစေမည်ဖြစ်သည်။ ထိုမျှမက သက်တော်ဝါတော် ပညာဂုဏ်၊သီလဂုဏ်၊ သမာဓိ
ဂုဏ်တို့နှင့်ပြည့်စုံသော ဆရာတော်ကြီး (၄၇)ပါးဖြင့် စနစ်တကျဖွဲ့ စည်းထားသော နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့
အစည်းအား  "ကန့် ကွက်ခြင်း၊ ရှုတ်ချခြင်း " ဆိုသည့် သုံးနှုန်းထိပါးစော်ကားမှုများကို လျစ်လျူရှုပါက မစင်ကြယ်
သော ရဟန်းများ ပုဂ္ဂိုလ်များအတွက် ပိုမိုအတင့်ရဲလာစေနိုင်သည့် အလားအလာရှိကြောင်း တွေ့ ရသည်။

ထို့ ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြရပြီး ဓမ္မစက်ဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း သဘောထားဆန္ဒရှိတော်မူကြသည်။

သို့ ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ ဂုဏ်သိက္ခာမြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့် ရှင်းရေးကို ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံသူ နိုင်ငံသားတိုင်းလိုက်နာရမည့် တရားဥပဒေကို အကြိမ်ကြိမ်ဖောက်ဖျက်
ကျူးလွန်သည့် အပြင် ရဟန်းနှင့်မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသော ဦးဂမ္ဘီရ (ခ) စန္ဒောဘာသ (ခ) ညီညီလွင် (၃၃) နှစ်အား ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုဆိုင်ရာဥပေးများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)



No comments: