အသက် ၇ နှစ်အရွယ်တွင် ဘုန်းကြီး ကျောင်းစနေသည်။
ကျောင်းမှာ အိမ်မှမိုင်ဝက်ဝေးသည်။
မေဒါဂါမရွာတွင်ရှိပြီး
အနီးဆုံးကျောင်းလည်းဖြစ်သည်။ ကက်သလစ်သာသနာပြုသီလရှင်များ စီမံ
အုပ်ချုပ်သည့်ကျောင်းဖြစ်သည်။ ယင်းကျောင်းကို
ဘုန်းကြီးကြိုက်သည်။ ကြိုက်ရခြင်းအဓိကအကြောင်းမှာ အရသာရှိလွန်းသည့် နေ့ လယ်စာကို
နေ့ စဉ် ကျွေးမွေးသောကြောင့်ဖြစ်သည်။
အစာမစားခင် ကက်သလစ်ဆုတောင်းစာ
ဆိုရပါသည်။ ပြီးနောက် စားပွဲပေါ်ရှိ ထမင်းလင်ပန်းကလေးကို ဦးခေါင်းညွတ်လိုက်ရသည်။ ဘုန်းကြီးကတော့
မျက်စိမှိတ်ကာ ဆုတောင်းစကားလုံးတွေကို ဗလုံးဗထွေး
ဆိုသည်။ စိတ်ကတော့ နှာခေါင်းဆီ
ပျံ့ လွင့်တက်လာသော မွှေးရနံ့ ဆီ ပါးစပ်တပြင်ပြင် လုပ်နေမိ၏။
ဒေဟိဒေနီယရွာ
ဘုန်းတော်ကြီးကျောင်းမှာ မူလတန်းကျောင်းမဖွင့်ခင်အထိ ကက်သလစ်သီလရှင်ကျောင်းမှာ
တနှစ်ကျော် ဘုန်းကြီးတက်ခဲ့သည်။ နောင်တွင် ဟေနေပေါလမှ ကျောင်းသား ၃ဝ -၄ဝ တို
့ကျောင်းပြောင်း
ရသည်။ ဗုဒ္ဓဘာသာကျောင်း၏ပထမနှစ်အတွင်း
ကျောင်းသားကျောင်းသူများ ငါးပိသိပ်ငါးချဉ်သိပ်သလိုကျပ်ခဲ့
သည်။ လေဝင်လေထွက်ကောင်းသည့် တရားဟောခန်းမဆောင်ကို
စာသင်ခန်းအဖြစ်သုံးရသည်။ သို့ သော်
လူများစွာကို တခန်းတည်းပေါင်းထားသောကြောင့်
အမြဲတစေ ဆူညံနေသည်။
နောက်တနှစ်အကြာ
ဘုန်းကြီးကျောင်းဘေး မြေကွက်ကလေးတကွက်ကို သီးသန့် ကျောင်းအဆောက်အအုံ
ဆောက်လုပ်ရန် အစိုးရက
ခွင့်ပြုသည်။ ထောင့်မှန်စတုဂံပုံစံကျောင်းကလေးကို ရွာသားများစုပေါင်းဆောက်
လိုက်ကြသည်။ အလျားပေ ၁ဝဝ၊ အနံပေ
၃ဝ လောက်ရှိမည့် ခန်းမကျယ်တခုစာ ကျောင်းဖြစ်သည်။ ပြူတင်းပေါက်၊ တံခါးပေါက်များမရှိ….၊
အမြဲဖွင့်ပုံစံ…၊ ပတ်လည်မှာ ၅ ပေအမြင့်နံရံများသာ ဝိုင်းထား၏။
အုန်းလက်မိုးထားသည်။ ကျောင်းသစ်တွင်
စားပွဲရှည်များ၊ အကြမ်းစားသစ်သားထိုင်ခုံရှည်များ ရှိကြ၏။ ကျောင်းဆောင်သစ်ဆောက်ပြီး
ပထမနှစ်တွင် စာရေးရန် ကျောက်တန်နှင့် ကျောက်သင်ပုန်းများ သုံးခဲ့ရသည်။
ဒုတိယနှစ်တွင် အစိုးရက ခဲတန် နှင့် လေ့ကျင့်ခန်းစက္ကူစာအုပ်များ ထုတ်ပေးသည်။ တကယ်လန်းတာပေါ့….။
မနက်တိုင်း
ဆရာကျောင်းထဲဝင်လာလျှင် ထိုင်ခုံဘေးမှာ လက်ပိုက်ပြီး မတ်တပ်ရပ်ကာ
ဦးညွတ်အရိုအသေပြုရ၏။
"မင်္ဂလာပါ..ဆရာ"
ကျောင်းသူကျောင်းသားများ
သံပြိုင်ဆိုကြသည်။ ဆရာကလည်း အလားတူ ဦးညွတ်၍ ကျောင်းသူကျောင်းသား
များကို နုတ်ဆက်သည်။
ထို့ နောက် လူစစ်သည်။ ဆရာက
တန်းစီကျောင်းသားကျောင်းသူများဆီလျှောက်သွားကာ သွား နှင့်လက်သည်း
များ သန့် ရှင်းမှုရှိ-မရှိ
စစ်ဆေးသည်။ အဝတ်အစားအပါအဝင် အားလုံး သပ်သပ်ရပ်ရပ်ရှိနေရသည်။ တခုခုမှား
နေလျှင် သူ၏ကြိမ်လုံးရှည်နှင့်
နွှာတတ်သည်။ အမှားတခုခုလုပ်လျှင်လည်း ကျောပြင်နှင့် ကြိမ်လုံး တွေ့ ပေး
သည်။ တခါတလေ ဆရာက
တပည့်များဦးခေါင်းကို လက်ဆစ်နှင့်ခေါက်လိုက်သေး၏။
ဤကိစ္စအတွက် ကြမ်းတမ်းသည်၊
ပုံမှန်ထက် ပိုလွန်းသည်ဟု မည်သူမျှ စိတ်ကူးသမှုမပြုကြပါချေ..။
သင်ခန်းစာများမစခင် သရဏဂုံ ၃
ပါးပါဠိကို ဆိုကြရသည်။
"ဗုဒၶံ သရဏံ ဂစ ၦာမိ"
"ဓမၼံ သရဏံ ဂစ ၦာမိ"
"သံဃံ သရဏံ ဂစ ၦာမိ"
ယင်းနောက် ၅ ပါးသီလပါဠိဆိုကြသည်။
ဤပါဠိများကို အငယ်ဆုံးကျောင်းသား၊ ကျောင်းသူလေးများပင်
နုတ်တက်အာဂုံရသည်။
အကြောင်းရင်းကား သူတို့ ဘဝ၏နေ့ ရက်များစွာမှာ အိမ်တွင် လူကြီးမိဘများက
ဤပါဠိများရွတ်ဆိုကြသည်ကို ကလေးတိုင်းကြားနေရသောကြောင့်ဖြစ်၏။ ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ
ဆင်ဟာလီဘာသာသဒ္ဒါ၊ သမိုင်း၊ သိပ္ပံ၊ သင်္ချာ နှင့် ဗုဒ္ဓစာပေတို့ ပါဝင်ကြပေသည်။
ကျောင်းသွားကျောင်းပြန်နေ
့တိုင်း ရေစီးသန်သည့် ချောင်းရိုးငယ်တခုကို ဖြတ်ကူးရသည်။ အကိုရော ဘုန်းကြီးပါ
ရေမကူးတတ်ကြပါ။ ထိုချောင်းထဲမှာ ဘုန်းကြီးတို့ ရေနစ်ခဲ့ကြသည်ကို မိခင်သာသိလျှင်
မှင်သက်သွားဦးမည်။ မိခင်သည် နေ့ စဉ်ပင် အိမ်တံခါးဝမှရပ်ကာ ဘုန်းကြီးတို
့ကျောင်းအပြန်ကို
စောင့်မျှော်နေတတ်သည်။ ချောင်းကလေးသည် သည်းထိတ်ရင်ဖိုစွန်
့စားလိုသူကလေးများအတွက် ညှို့ ယူဆွဲဆောင်နိုင်သည့်အရာဖြစ်မှန်း မိခင်သိပါလိမ့်မည်။ အကိုနှင့်
ဘုန်းကြီးတို့ ကျောင်းစာအုပ်တွေလွှတ်ချ၊ လုံချည်တွေချွတ်ချ၊ ရေအေးအေးထဲ ဒိုင်ဗင်ပစ်ချင်စိတ်အာသီသတို
့ပေါ်နေမှန်းလည်း မိခင်သိပါလိမ့်မည်။
တနေ့ နေ့ မှာတော့ ဘုန်းကြီးတို့ နှစ်ယောက် ထိုအရာများကို
အကောင်အထည်ဖော်ဖြစ်ခဲ့ကြသည်။
ဘုန်းကြီးတို့ ရေထဲဆင်း၊ ရေထဲကမတက်ချင်မှန်းသာသိခဲ့လျှင်
အမြဲနိုးနိုးကြားကြားရှိနေတတ်သည့်
မိခင်ခမျာ သံကုန်အော်ဟစ်ပေတော့မည်။
မိခင်ကြီး ယင်းသို့ ဖြစ်နေစေကာမူ
တကြိမ်တွင် ဘုန်းကြီးတို့ ချောင်းကလေးဆီ ရောက်ခဲ့ကြ၏။
ရေထဲဒိုင်ဗင်ပစ်ကြ၏။
မိခင်ကြီးကား ဘုန်းကြီးတို့ ကို မမြင်ချေ။ ဘယ်ကဘယ်လိုဖြစ်မှန်းပင်မပြောတတ်။
ဝါးစင်တခုအောက်အရောက်မှာ ရေစီးကြောင်းသည် ဝဲဂယက်အသေးစားတခုဖြစ်နေ၏။ ထိုနေရာသို
့ဘုန်းကြီး
ရောက်သွားသည်။လက်နှစ်ဘက်လုံးကို
ဝှေ့ ရမ်းပြီး ကိုယ်ဖော့ထားနိုင်အောင် ကြိုးစားကြည့်သည်။ သို့ သော်
ရေဝဲကတော့က
ဘုန်းကြီးကို ကြောက်မက်ဖွယ်အင်အားဖြင့် ရေအောက်သို့ ဆွဲခေါ်နစ်ချပြန်၏။ အကိုက
တနည်းနည်းဖြင့် ဘုန်းကြီးကို
လှမ်းဆွဲနိုင်ခဲ့သည်။ အကိုကယ်လိုက်လို့ ဘုန်းကြီးအသက်ချမ်းသာရာရခဲ့ပါသည်။
ရေနစ်ဖူးသည့်အတွေ့ အကြုံကား
ထိုအကြိမ်နောက်ဆုံးမဟုတ်ပြန်သေး..။
ယနေ့ အချိန်တွင် ဘုန်းကြီးသည် ကမ္ဘာအနှံ
့ခရီးသွားနေသည်။ သမုဒ္ဒရာကြီးများကိုလည်း အကြိမ်မရေတွက်နိုင်အောင် ဖြတ်ဖူးပါသည်။
ရေပြင်ကျယ်ကြီးကို မြင်ရလေတိုင်း စိတ်မသက်မသာမှု
ဘုန်းကြီးဖြစ်တတ်စမြဲ…။
ဘုန်းကြီး ၉
နှစ်သားအရွယ်ကဖြစ်သည်။ တနေ့ …. ယောက်ျားလေးသူငယ်ချင်းတစုတဝေးနှင့်အတူ ကျောင်း
ဆင်းခဲ့သည်။ ယင်းနေ့ က မိုးကလည်း
သည်းသည်းမည်းမည်းရွာနေ၏။ စပါးခင်းများကို ဖြတ်လျှောက်သည့်အခါ ကန်သင်းရိုးများကို
ဖြတ်ရသလို ရေမြောင်းများကိုလည်း ဖြတ်ရသည်။ မုတ်သုန်ရေ တနင့်တပိုးသောက်မျိုထား
ရသော ရေမြောင်းတခုဆီ ရောက်လာ၏။
ထိုရေမြောင်းမှာ ချောင်းအသေးစားလိုဖြစ်သည်။ ရေစီးသန်သည်။
သူငယ်ချင်းအားလုံး ရေမြောင်းကို
ခုန်ကျော်သွားကြသည်။ ဘုန်းကြီးမှာသာ ကျောင်းစာအုပ်များကို ပွေ့ ပိုက်
လျက် တွန့် ဆုတ်နေမိသည်။
နောက်ဆုံး သတ္တိသွင်းပြီး
ရေမြောင်းကို ခုန်ကျော်လိုက်၏။ ရေမြောင်းအစွန်းတွင် ခြေချော်သွားပြီး ရေထဲ
ပြုတ်ကျသည်။ စာအုပ်၊
ကျောက်သင်ပုန်း၊ ကျောက်တန် ရေထဲမျောပါသွားသည်။ ရေပြင်ပေါ် ဦးခေါင်းဖော်နိုင်
ဖို့ အတော်အားထုတ်ရ၏။ ရေကူးနိုင်ဖို
့ကြိုးစားလေလေ ရေနစ်ဖို့ မြန်လေလေဖြစ်လာ၏။ အကို ရမ်ဘဏ္ဍ ရေထဲခုန်ချလာပြီး
ဘုန်းကြီးကို ဆွဲတင်သည်။ ဘုန်းကြီး ကြောက်လန့် လို့ တုန်နေသည်။ တကိုယ်လုံးလည်းရေစိုနေသည်။
သို့ သော် အခြေအနေ
ကောင်းပါသည်။
ဤအကြောင်း မိဘနှစ်ပါးကို
လုံးဝဖွင့်မပြောခဲ့ကြပါ။ ဖွင့်ပြောလျှင်လည်း ဘုန်းကြီးတို့ လုပ်ရပ်အတွက်
ဘာဖြစ်လာမည်ဆိုတာ သိပြီးသားပါပဲ…..။
အမရဒီပ
မေလ ၂၄ ၊ ၂ဝ၁၃ (ဗုဒ္ဓနေ့ )
Bhante Henepola Gunaratana ၏
Journey to Mindfulness ကို ဘာသာပြန်သည်။
No comments:
Post a Comment