ဘူရိဒတ်ဇာတ်အစကို
အကျဉ်းသံခိပ်မျှကို အချိတ်အဆက်မိအောင် ပြောလိုပါသည်။ ဗြဟ္မဒတ်မင်းသည်
သားတော်အကြီးအား အိမ်ရှေ့ အရာကိုပေးထားသော်လည်း
သားတော်၏အခြံအရံများတိုးပွားလာမှုကြောင့်
သူ၏ထီးနန်းကိုလုပ်ကြံလေမည်လားဟု
သံသယဝင်လာ၏။ ထို့ ကြောင့် သားတော်ကို သူကွယ်လွန်မှ တိုင်းပြည်ကို အုပ်ချုပ်လေ၊
ယခုအခါ တော်ရာနေလေဆိုကာ တိုင်းပြည်မှနှင်ထုတ်လိုက်သည်။
မင်းသားသည် ရသေ့အသွင်ယူကာ
ယမုနာမြစ်ကမ်းဘေးတနေရာတွင် နေရာစီစဉ်၍ နေထိုင်၏။ ယင်းနောက် နဂါးမတယောက်နှင့်
သင့်မြတ်ကာ သား ၁ ၊ သမီး ၁ ဖွားမြင်၏။ သားကို သာဂရ၊ သမီးကို သမုဒ္ဒဇာ အမည်ပေး၏။
မင်းသား၏ခမည်းတော်ကွယ်လွန်၏။
မုဆိုးတဦးက မင်းသားနှင့် တိုင်းပြည်ရှိမှုးမတ်များအကြား ဆက်သွယ်ပေး၏။ နဂါးမကမူ သူ
့အနေဖြင့် လူတို့ နှင့်မရောပြွမ်းလို၊ နဂါးပြည်သို့ သာပြန်ပါမည်၊
သားနှင့်သမီးမှာမူ ရေမျိုးဖြစ်၍ နေပူမခံရအောင်ဂရုစိုက်ရန်မှာကြားလေ၏။ မင်းသားသည်
တိုင်းပြည်သို့ ပြန်
ရောက်ကာ
မင်းအဖြစ်ခံယူ၏။သားနှင့်သမီးအတွက် ရေကန်ဖန်တီးပေး၏။ သားနှင့်သမီးလည်း ရေကန်ဝယ်
အမြဲမပြတ် ရေကစားကြ၏။
သာဂရမင်းသားနှင့်
သမုဒ္ဒဇာမင်းသမီးတို့ ရေကန်တွင်းရေကစားရင်း မှတ်သားဖွယ်ရာဖြစ်ရပ်တခု ပေါ်ပေါက်လာ၏။
ဤဆောင်းပါးပါလင်္ကာများမှာ
အရှင်မဟာရဋ္ဌသာရ အသက် ၁၆ နှစ်အရွယ် သက္ကရာဇ် ၈၄၆ တွင် ရေးစီသော ဘူရိဒတ်လင်္ကာကြီးမှ
ကောက်နုတ်ချက်များဖြစ်သည်။
တေ နိဗဒ္ဓံ တတ္ထ ကီဠိံသု။
-မောင်နှင့်နှမ ၊ တူကွမပြား
သားတော်များလည်း ၊
ပျော်ပါးချစ်ဘွယ်
ထိုကန်ဝယ်၌ ၊ ၊ မြူးရယ်နိစ္စကစားကြ၏။ (ပိုဒ်ရေ-၇၄။)
-ထိုရော်အကြိုက် ၊ တနေ့ ၌လျှင်
ပြိုက်ပြိုက်ညီညွတ် ၊
မှုးမတ်ကျေးစား
ဗိုလ်ပါအားဖြင့် ၊ ရေများခပင်း
ကန်တော်တွင်းသို့ ၊
သွင်းသောခါဝယ်
မြစ်မကျယ်မှ ၊ လိပ်ငယ်တခု
လူမှုလိမ်မာ ၊ ဝင်လတ်လာ၍
ထွက်ရာမမြင် ၊ ရေကန်ပြင်ထက်
ဝပ်တုံလျက်လျှင် ၊
ဝမ်းထွက်တူပေါက်
နှစ်ယောက်တူကွ ၊
မောင်နှမအား
ကစားသရော် ၊ ဦးခေါင်းမော်၍
နှစ်ဘော်မပြား ၊ မင်းသားများကို
မျက်ဝါးဝဝ ၊ ကြည့်ပြီးမှတည့်
ခဏဆောလျင် ၊ ရေတွင်တဖန်
ငုပ်တုံပြန်သည် ၊ ၊ သဏ္ဌန်ကြောက်ရုပ်ကြောက်ဝါတည်း။
(ပိုဒ်ရေ-၇၅။)
တေ တံ ဒိသွာ ဘီတာ ပိတုသန္တိကံ
ဂန္တွာ "တာတ ပေါက္ခရဏီယံ ဧကော ယက္ခော အမှေ တာသေသီ" တိ အာဟံသု။
-ထိုသို့ မူဟန် ၊ လိပ်သဏ္ဌန်ကို
အမှန်ထင်ထင် ၊မြင်လတ်ရကား
သတို့ သားတို့  ၊ တည်ကြားမရ
ထိတ်လန့် ကြ၍ ၊ ချစ်ဘမင်းဖျား
စောတရား၏ ၊ ထံပါးလျင်စွာ
ပြေးဝင်လာ၍ ၊ ရှုရှာသက်လုံ
ဆိုလတ်တုံခြင်း၊ မွေးဘမင်း……
စင်းလျင်းမချာ ၊ ရေကန်သာ၌
မကွာပျော်ပါး ၊ ကစားမြူးထူး
ရွှင်ပျံ့ ဖြူးရှင့် ၊
ဘီလူးတယောက်
တို့ ကိုချောက်၍ ၊ လန်
့ကျောက်ပြင်းဟုန်
ဖိန့် ဖိန့် တုံမျှ ၊
ခုန်ခုန်ဆင်းဆင်း
ပြန်လတ်လျှင်းသည် ၊ ၊ ဆိုခြင်းမသက်မသာတည်း။ (ပိုဒ်ရေ- ၇၆။)
ရာဇာ "ဂစ္ဆထ နံ ဂဏှာထာ"တိ
ပုရိသေ အာဏာပေသိ။
-ဗြဟ္မဒတ္တ၊ မည်တော်ရသား
မွေးဘရွယ်လူး ၊စောရန်ငူးလည်း
ဘီလူးငဆ ၊ ထိုယက္ခကို
ဆီးစပြွမ်းပြွမ်း ၊
ဖမ်းလျင်ချေဟု
အုပ်ထွေသောင်းသောင်း၊
အပေါင်းကျွန်တော်
တစုခေါ်၍ ၊ ၊ ထိုရော်ခပ်သွတ်စေဘိလတ်၏။ (ပိုဒ်ရေ-၇၇။)
တေ ဇာလံ ခိပိတွာ ကစ္ဆပံ အာဒါယ
ရညော ဒေဿသုံ။
-ဤသို့ မင်းမြတ် ၊ စေလတ်သရော်
ထိုကျွန်တော်တို့ ၊
ဖျော်ဖျော်ဖြဖြ
ရံဆီးစလျက် ၊ ခဏချက်ချင်း
ကွန်ပစ်လျင်း၍ ၊ အယင်းလိပ်ငယ်
အကြံကျယ်ကို ၊ အကယ်ဖမ်းပြီး
မင်းစောထီးအား ၊ ထင်ရှားလည်းပြ
ဆက်ကုန်ကြသည်၊ ၊ ဖြင်မျှတအုပ်တအာတည်း။ (ပိုဒ်ရေ၊ ၇၈။)
ကုမာရာ တံ ဒိသွာ "ဧသ တာတ
ပိသာစော"တိ ဝိရဝိံသု။
- ဤသို့ ပြပေ ၊လိပ်တဇ္ဇေကို
မြင်လေထင်ရှား ၊မင်းကြီးသားတို့ 
ခန့် ညားရွံ မူ၊ ဟူလတ်တုံခြင်း
တန်ခိုးပြင်းသည်၊
ရန်နှင်းပြည့်ရှင်
မွေးဘခင် …….၊ ပျော်ရွှင်နေ့ ည
ရေကန်ဝ၌ ၊ မကစားသာ
ခြိမ်းချောက်လာသည် ၊
မိစ္ဆာကြမ်းကြုတ်
ဘီလူးယုတ်ကား ၊ အဟုတ်ဧကန်
ချင်းလျင်မှန်ဟု ၊ တဖြန်လဲလဲ
မျက်ရည်ရွှဲနှင့် ၊ ဝမ်းထဲယူးယူး
ကြောက်မူးကြောက်မော် ၊
မည်ရည်ခေါ်၍
ဟစ်ကျော်ပြေးခုန်၊
မြည်တမ်းကုန်လျက်
တုန်တုန်လဲ့လဲ့ ၊ ကြက်သီးပြဲ့သည်
ချဲ့ ချဲ့ ခြေခါလက်ခါတည်း ။
(ပိုဒ်ရေ- ၇၉။)
ရာဇာ ပုတ္တသိနေဟေန ကစ္ဆပဿ
ကုဇ္ဈိတွာ "ဂစ္ဆထဿ ကမ္မကရဏံ ကရောထာ"တိ အာဏာပေသိ။
- တဆယ့်နှစ်ယူဇနာ ၊ ပြည်သာသခင်
ဖြစ်ထကျင်သား ၊ နတ်ရှင်မင်းစစ်
စောရန်လှစ်ကား ၊ ရန်နှစ်ဖော်စုံ
သားကြေးမုံကို ၊
ချစ်တုံလွန်ပြင်း
မြတ်နိုးခြင်းဖြင့် ၊
ဝမ်းတွင်းပြောင်းပြန်
မျက်တော်သန်၍ ၊ တိရစ္ဆာန်လိပ်ငယ်
သူမုန်းဘွယ်ကို ၊
နှိပ်နှယ်ညှဉ်းဆဲ
ဆင်းရဲခံမှု၊ သည်းစွာပြုလျက်
ယခုအသေ ၊ သတ်လျှင်းလေဟု
ပြောထွေဝန်းလျား၊ မှုးမတ်များကို
ထင်ရှားတဖန် ၊ စေလိုက်ပြန်သည်
တမန်ထပ်ခါထပ်ခါတည်း။ (ပိုဒ်ရေ-
၈ဝ။)
သက္ကရာဇ် ၁၁၄၈ တွင်စီရင်သော ဆရာတော်အရှင်နန္ဒမေဓာ၏
လင်္ကာဆိုင်ရာဘူရိဒတ်ဇာတ်တော်စကားပြေကား
ဤသို့ ဖြစ်၏။
-ပြည်တွင်း၌ ထိုမင်းသားတို
့၏ကစားရာ ပေါက္ခရဏီရေကန်ကိုပြု၏။ မင်းသားတို့ သည်လည်း ထိုရေကန်၌ ကစားကုန်၏။ တနေ
့သောအခါဝယ် ပေါက္ခရဏီရေကန်သို့ ရေသွင်းလတ်သော် လိပ်တကောင်သည် ဝင်လေ၍
ထွက်အံ့သောအရပ်ကို မမြင်သဖြင့် ရေကန်တွင်း၌ ဝပ်လျက်နေလေ၏။
မင်းသားမင်းသမီးတို့ သည်
ရေကစားလတ်သော် ထိုလိပ်သည် ဦးခေါင်းကိုဖော်၍ကြည့်လျက် တဖန်ငုပ်ပြန်၏။ မင်းသား မင်းသမီးတို
့သည် ထိုလိပ်ကိုမြင်၍ ကြောက်လန့် တကြားရေကန်မှတက်၍ ခမည်းတော်မင်းကြီးအား ဤသို
့လျှောက်၏။
"အရှင်မင်းကြီး…ရေကန်တွင်း၌
ဘီလူးတကောင်သည် အကျွန်ုပ်တို့ အား ခြောက်သည်"ဟု လျှောက်၏။ "
မင်းကြီးလည်း မင်းချင်းတို့ ကိုခေါ်၍ "ထိုလိပ်ကိုဖမ်းချေ"ဟု စေတော်မူ၏။
မင်းချင်းတို့ လည်း ကွန်ဖြင့်ပစ်၍ လိပ်ကိုဖမ်းပြီးလျှင် မင်းကြီးအားဆက်၏။
မင်းသားတို့ လည်း ထိုလိပ်ကိုမြင်လျှင် "ခမည်းတော်မင်းကြီး၊ အကျွန်ုပ်တို
့ကိုခြောက်သည်ကား ဤဘီလူးပင်တည်း"ငိုမြည်တမ်း၏။ မင်းကြီးသည်
သားတော်-သမီးတော်တို့ ကို ချစ်ခြင်းဖြင့် အမျက်ထွက်၍ "အမှုနှင့်လျော်စွာစီရင်ကုန်"ဟု
မိန့် တော်မူ၏။
ဆက်လက်ဖော်ပြပါမည်။
အမရဒီပ
ဖေဖော်ဝါရီ ၈၊ ၂ဝ၁၃
No comments:
Post a Comment