Total Pageviews
Wednesday, April 4, 2012
သံဃာနှင့် အစိုးရ
နိဒါန်း
အများသူငါသိကြသည့်အတိုင်း နိုင်ငံရေးနှင့်ဆက်နွယ်သော ရဟန်းတော်များဆိုတာ
 မြန်မာ့သမိုင်းမှာ ကောက်ကာငင်ကာထွက်ပေါ်လာသော လျှပ်တပြက်ဖြစ်ရပ်များမဟုတ်ပေ။
 ဗြိတိသျှတို့  အထက်ဗမာပြည်ကို သိမ်းပိုက်သည့်  ၁၈၈၆ ခုနှစ်မှ စစ်တပ်အာဏာသိမ်းသည့် 
၁၉၆၂ ခုနှစ်အထိ ရဟန်းတော်များသည် လောကီနိုင်ငံရေးမှာ အခါမလပ်တက်ကြွစွာ ပါဝင်လှုပ်ရှား
ခဲ့ကြသည်။ အကြောင်းမှာ နိုင်ငံရေးသမား ရဟန်းတော်များသည် (လောကီနှင့်ဘာသာရေး)
 နှစ်ဘက်မြင်ပြီး (လောကီနှင့်ဘာသာရေးကို) ပေါင်းကူးဆက်သွယ်တတ်ကြသည်။
 မြန်မာသံဃာတော်များသည် နိုင်ငံရေးပိုဆန်သည်၊ ဘာသာရေးပန်းတိုင်ထက် နိုင်ငံရေးနှင့်
ဆက်စပ်မှုပိုများသည်ဟုရှုမြင်သုံးသပ်ခံနေရသည်။တကယ်တမ်းမှာ နိုင်ငံရေးသမားရဟန်းတော်များ
မှာ ရဟန်းအားလုံးအနက် အနည်းစုမျှသာ ဖြစ်ပါသည်။
သို့ သော် နိုင်ငံရေးလှုပ်ရှားမှုသည် သံဃာနှင့်အစိုးရကို ဆက်စပ်ထားသော တခုတည်းသောအရာဖြစ်
ပါသည်။ ရဟန်းသည် နိုင်ငံရေးနှင့်ဝေးဝေးနေရန် ပြဋ္ဌာန်းထားသော်လည်း ဗုဒ္ဓဘာသာသဘောတရား
အရမှာပင် သံဃာနှင့် အစိုးရတို့ တဦးနှင့်တဦးသီးခြားစီလွတ်လွတ်ကင်းကင်းရပ်တည်ကြရန် မျှော်လင့်
ခြင်းမရှိခဲ့ပါ။ တဖက်မှကြည့်လျှင် သံဃာနှင့်အစိုးရ၏ဆက်ဆံရေးမှာ တဦးနှင့်တဦးအပြန်အလှန်မှီခိုနေ
ကြသည်။ သံဃာသန့် ရှင်းစေရေးအတွက် အစိုးရတာဝန်ရှိသလိုအစိုးရသည်ဗုဒ္ဓဘာသာကျင့်ထုံးနည်း
စနစ်များကိုကျင့်သုံးလိုက်နာရေးအတွက် အာမခံပေးရမည့်တာဝန်မှာလည်း သံဃာမှာ ရှိလေသည်။
ဤသည်မှာ မြန်မာပြည်ရှိ ရဟန်းနှင့်အစိုးရအကြားဆက်ဆံရေးဖြစ်သည်။
သံဃာနှင့်အစိုးရအကြားတည်ရှိသော သတ်မှတ်ပြဋ္ဌာန်းးချက်၊ သမိုင်းစဉ်လာအရ ကျယ်ဝန်းခဲ့သော ဆက်ဆံရေးအတွင်းမှာပင် ခေတ်ပြိုင်ရဟန်းကျောင်းနိုင်ငံရေးဆိုသည်ကို နားလည်ဖို့ အကောင်းဆုံးဖြစ်
စေခဲ့သည်။
ဗုဒ္ဓဘာသာအခြေချစက ဝိဟာရ နှင့် အစိုးရ
ဗုဒ္ဓဘာသာ၏ဂန္ထဝင်မြောက်နိုင်ငံရေးအတွေးအခေါ်တွင် အစိုးရ (အထူးသဖြင့် ဘုရင်၊ လွှတ်တော်) နှင့် ဗုဒ္ဓဘာသာဝိဟာရကျောင်းတော်ကြားမှာ ရင်းနှီးသော ဆက်ဆံရေးတရပ်ရှိနေခဲ့သည်။ ဘုရင် (ပုံမှန်ရော လက်ရှိအခြေအခြေအနေအရရော လည်းကောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာနိုင်ငံရေးသီဝရီအရ ဗျာဒိတ်ခံဘုရင့်အစိုးရသည်လည်းကောင်း) သည် ဗုဒ္ဓဘာသာကိုကာကွယ်စောင့်ရှောက်သူဖြစ်သည်။  တနည်းအားဖြင့်ဆိုလိုသည်မှာ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်ဟု ဖြစ်၏။
ဗုဒ္ဓဘာသာအတွေးအခေါ်သည် ဘုရင်အားထူးခြားသောဘုန်းသမ္ဘာအာဏာအရည်အသွေးကိုရစေမည့်
ဘဏ္ဍာတော်စုဝေးရာဖြစ်သည်။  ဗုဒ္ဓဘာသာအယူအဆတွင် ဘုရင်သည် တကမ္ဘာလုံးကို အာဏာ
စက်ဝန်းဖြန့် လွှမ်းထားနိုင်သည့် စကြာဝတေးမင်းဖြစ်နိုင်သည်။ စကြာမင်းသည် နောင်တွင် ဘုရား
လည်း ဖြစ်မည်။ ယင်းအချက်မှာ အံ့သြစရာမဟုတ်ချေ။ သီဝရီနှင့် လက်တွေ့  ၂ မျိုးလုံးတွင် ဝိဟာရကျောင်းတော်အစုအဖွဲ့ နှင့် အစိုးရအစုအဖွဲ့ တို့ အကြား တဦးနှင့်တဦးအပြန်အလှန်မှီခိုနေရ
သော ဆက်ဆံရေးဖြစ်လေသည်။ ဤဆက်ဆံရေးမျိုးမှာ အိန္ဒိယဗုဒ္ဓဘာသာသမိုင်းတွင် အသောကမင်း
ခေတ်လောက်ကတည်းက ဖြစ်ပေါ်လာခဲ့သည်။
ဒွတ္တား၏သုတေသနပြုချက်မှာ ဖော်ပြပါအတိုင်းဖြစ်၏။
"အိန္ဒိယသာသနာရေးလောကသည် သာသနာရေးသမိုင်းမှာ ထူးခြားပါသည်။ အကြောင်းမှာ တရား
အားထုတ်သူ၊ တပသီ၊ ရသေ့များကို သီးသန့် လူ့ အဖွဲ့ အစည်းအဖြစ် ဝတ်ကြောင်ဝတ်သူများက
 ရှေးဦးမဆွကတည်းက အသိအမှတ်ပြုထားသောကြောင့် ဖြစ်၏။ အသောကမင်း၏ အမိန့် 
စာချွန်တော်များတွင်လည်း ယင်းအကြောင်းကို တွေ့ ရသည်။ ယင်းမှာ အစိုးရအနေဖြင့် သူတော်စင်
များ၏ တရားဝင်သီးသန့် ရပ်တည်ခြင်းကို ပထမဦးစွာ အသိအမှတ်ပြုခြင်းဖြစ်၏။ အိန္ဒိယရှေးဟောင်း
နိုင်ငံရေးအတွေးအခေါ်က တရားရှာဖွေသူကျင့်ကြံသူတို့ သည် မတူခြားနားသောအသိုင်းအဝိုင်းအဖြစ်၊
၊ တရားဝင်ရပ်တည်သောအုပ်စုအဖြစ်ပါဝင်နေသော လူအဖွဲ့ အစည်းတရပ်ဟု ရှုမြင်သုံးသပ်ခဲ့သည်။ တရားရှာ၊တရားကျင့်သူတိုင်းသည် ၄င်းတို့ ၏ အစဉ်အဆက်ကျင့်ထုံး (သမယ)ကို စောင့်ရှောက်ကြ၏။ ၄င်းတို အား အတွင်း၊အပြင်နှောင့်ယှက်ဖျက်ဆီးကြမည့်ဘေးရန်မှကာကွယ်ပေးရန်မှာအစိုးရ၏တာဝန်
ဖြစ်သည်။ အထူးအားဖြင့် ၄င်းတို့ ၏အစဉ်အဆက်ကျင့်ထုံးမပျက်စီးအောင်အာမခံချက်ပေးရန် အစိုးရ
တာဝန်ဖြစ်သည်။
ဗုဒ္ဓဘာသာ (သာသနာ)ကို တရားရှာ၊တရားကျင့်သူတို့ ၏အုပ်စုဝင်အဖြစ်အသိအမှတ်ပြုပြီးကတည်းက အစိုးရသည် ဗုဒ္ဓဘာသာကိုကာကွယ်ပေးရန် ၊တဆက်တည်းမှာပင်ဗုဒ္ဓဘာသာ၏အစဉ်အဆက်ကျင့်ထုံး
(ဝိနယ)နှင့်ပတ်သက်၍ မည်သည့်ကျူးလွန်ဖောက်ဖျက်မှုကိုမဆို ကာကွယ်ပေးရန် အခြေခံဥပဒေအရ အာမခံခဲ့သည်။"
လိုရင်းအားဖြင့် အစိုးရသည် ဗုဒ္ဓဘာသာကိုကာကွယ်သူဖြစ်ရုံသာမက ထိန်းသိမ်းစောင့်ရှောက်သူ၊ စင်ကြယ်သန့် ရှင်းစေသူလည်း ဖြစ်၏။
ဆိုလိုသည်မှာ ထိုအခါ၌ ဗုဒ္ဓဘာသာသည် အစိုးရအပေါ်မှီခိုအားထားသူဖြစ်လာသည်။ အရှေ့ တောင်
အာရှရှိနိုင်ငံများတွင် နိုင်ငံတော်ဘာသာဖြစ်လာပြီးနောက် အစိုးရ၏နို့ သက်ခံစို့ နေသူ ဗုဒ္ဓဘာသာ
 အမရဒီပ
၎-၄-၂ဝ၁၂ 
(Melford e. spiro ၏ Buddhism and Society စာအုပ်၊ အခန်း ၁၆ ကို ဘာသာပြန်သည်။ ဆက်လက်တင်ပြပါမည်။)
No comments: