ဦးဂန္ဘီရအား အာဏာပိုင်များက သတင်းသုံးရာဌာနသို့ ပြန်လည် ပို့ဆောင်
ကြားဖြတ်သတင်း
၂၀၁၂၊ မတ်လ ၇
ရက်နေ့ မြန်မာစံတော်ချိန် ညဘက်ပိုင်းတွင် ရရှိတဲ့ သတင်းများအရ ဦးဂန္ဘီရအား
ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရပေမယ့် မတ်လ ၈
ရက်နေ့ မနက်ပိုင်းတွင် ဦးဂန္ဘီရနဲ့ ဆက်သွယ် မေးမြန်းချက်အရ
မြန်မာအာဏာပိုင်များဟာ ဦးဂန္ဘီရအား မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်တွင်
သတင်းသုံးရာ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် (မြောက်ပိုင်း) သို့
ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးဂန္ဘီရနဲ့ နီးစပ်သူတဦးနဲ့
ဦးဂန္ဘီရတို့ ဆက်သွယ် ပြောဆိုမှုများအရ ဦးဂန္ဘီရအား အာဏာပိုင်များက
ခေါ်ဆောင်သွားခဲ့ပြီးနောက် မတ်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၉ မိနစ်မှ ည ၁၁ နာရီ ၎
မိနစ်အထိ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦရှိ
ရဲသတင်းတပ်ဖွဲ့ ရုံးခန်းတွင် ဦးဂန္ဘီရရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့
ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း၊ ထို့နောက်တွင် မေးမြန်း ပြောဆိုမှုများအစား
အလွတ်သဘော စကား ပြောကြကြောင်း၊ ထိုသို့ စကားပြောဆိုခဲ့ကြပြီးနောက် မတ်လ ၇
ရက်နေ့တနေ့လုံး ခေါ်ဆောင်ထားတဲ့ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦတွင်
ထိမ်းသိမ်းထားကြောင်း၊ အဲဒီနောက် မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်ကျော်တွင်
ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေတွင် ဦးဂန္ဘီရဟာ
ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသမှု ခံယူနေရကြောင်း ဦးဂန္ဘီရက
ဆက်သွယ်မေးမြန်းသူများအား ရှင်းပြခဲ့ပါတယ်။http://www.burmatoday.net/news.php?news_ID=104
No comments:
Post a Comment