မှတ်မှတ်ရရ---၊
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၁ စနေနေ့ ၊ ည ၉ နာရီ မှ ၁ဝ နာရီအထိ ဗွီအိုအေမြန်မာပိုင်း
အစီအစဉ်အသံထုတ်လွှင့်ချက်တွင် ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်အမေးအဖြေများတွင်
ဖော်ပြပါ မေးခွန်းနှင့် အဖြေကို
အသေအချာနားထောင်လိုက်ရသည်။ မှတ်တမ်းလည်း ပြုထားလိုက်သည်။
( နေ့ စဉ်မှတ်တမ်းမှ)
မေးခွန်း။ ။
အန်တီစုခင်ဗျား၊ နေအိမ်မှာအကျယ်ချုပ်နေနေရတဲ့အတွက် ၀ိပဿနာတရားအားထုတ်ဖြစ်
တယ်လို့
ဖြေတာကြားရပါတယ်။ အဲသည်တော့ ကျနော်အကြမ်းဖျင်းသိထားသလောက် ၀ိပဿနာတရားအား
ထုတ်တယ်ဆိုတာ
တရားပြပုဂ္ဂိုလ်ကလဲ အရေးကြီးသလို ရှုမှတ်တဲ့နည်းကလဲ အရေးကြီးတယ်လို့ သိရပါတယ်။
အိမ်မှာ
ဘယ်သူနဲ့မှလဲ တွေ့ခွင့်မရတဲ့အချိန်အတွင်းမှာ ဘယ်ဆရာတော်ကို ဆရာတင်ပြီးတော့ ဘယ်လိုပုံစံနဲ့
ဘယ်ရှုမှတ်နည်းနဲ့အားထုတ်ခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။
နောက်-------- လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရွှေတောင်ကုန်းရိပ်သာမှာ
အန်တီစုအနေနဲ့
သီရိဓမ္မာသောကမင်းကြီးရဲ့
"ဓမ္မနဲ့နိုင်ငံတည်ဆောက်ခြင်း" ဟောပြောသွားတာကျနော်
နားထောင်ဖူးပါတယ်။
ပါလီမန်ဒီမိုကရေစီခေတ်ကလဲ ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာလုပ်မယ်ဘာညာ--ဒါမျိုးတွေလဲ အရင်တုန်းကလုပ်ခဲ့ဖူးတာတွေလဲ ရှိတော့
ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာနဲ့ ဓမ္မနဲ့အညီ နိုင်ငံကို
တည်ဆောက်တယ်ဆိုတာဟာ
ဘာကွာခြားပါသလဲ။
ဓမ္မနဲ့အညီ နိုင်ငံကိုတည်ဆောက်ခြင်းအားဖြင့်
တိုင်းသူပြည်သူလူထုမှာဘယ်လိုအကျိုးကျေးဇူးတွေ
ရရှိနိုင်ပါသလဲဆိုတာ ကျနော့်ကို
ဖြေကြားပေးပါခင်ဗျား။
(မေးခွန်းရှင်- ပန်းချီ
ထိန်လင်း၊ အင်္ဂလန်)
အဖြေ။ ။ တရားအားထုတ်တယ်ဆိုတာကတော့ အသိတရားနဲ့ သီလ၊
သမာဓိတိုးပွားဖို့ ကြိုးပမ်းမှုတွေ
ဖြစ်တာကြောင့်မို့လို့
ဘယ်လိုအခြေအနေမျိုးမှာမဆို တတ်နိုင်သမျှ ကျင့်ကြံရမယ်လို့ အန်တီ နားလည်ပါတယ်။
ဘယ်ဆရာတော်ကို ဆရာတင်ပြီး ဘယ်နည်းနဲ့ရှုမှတ်တယ်ဆိုတာကတော့
ကာယကံရှင်နဲ့သာ ဆိုင်တဲ့
ကိစ္စဖြစ်ပါတယ်။
နိုင်ငံရေးအမြင်နဲ့ဖြေရမယ်ဆိုလို့ရှိရင် ဘာသာရေးကို
နိုင်ငံရေးအတွက် အသုံးချတယ်ဆိုတာက
အမှန်တကယ် ဘာသာရေးကို
ယုံကြည်ကိုင်းရှိုင်းလို့မဟုတ်ဘဲ နိုင်ငံရေးအကျိုးအမြတ်အတွက်သာ ဗန်းပြပြီး
လုပ်ဆောင်တာတွေ ဖြစ်ပြီးတော့ ဓမ္မနဲ့အညီ
နိုင်ငံကို တည်ဆောက်တယ် ဆိုတာကတော့ အမှန်တရားဆိုတဲ့
ဓမ္မနဲ့အညီ အုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်တယ်လို့
ပြောရမှာပါပဲ။
အမှန်တရားနဲ့ကိုက်ညီတဲ့ အုပ်ချုပ်ရေးဟာ
တိုင်းသူပြည်သားတွေကိုဘယ်လိုအကျိုးပြုတယ်ဆိုတာ
ကတော့ ထူးထူးထွေထွေ
ရှင်းပြဖို့လိုမယ်မထင်ပါဘူး။
ဘာသာရေးရှုထောင့်က သိချင်တယ်ဆိုလို့ရှိရင်တော့
ပညာရှင်ဆရာတော်ကြီးများကိုသာ လျှောက်ထား
မေးမြန်းသင့်ပါတယ်။
(ဖြေဆိုသူ- ဒေါ်အောင်ဆန်းစုကြည်)
လေလှိုင်းပေါ်ကစကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ ----အမရဒီပ
၂-၂၅-၂ဝ၁၂
No comments:
Post a Comment