Total Pageviews
Saturday, March 1, 2014
ကြင်ဖော်ရွေးချယ် ချစ်သက်လယ်
၁။
လူတွေကို မိသားစုများက မွေးဖွားလိုက်ကြသည်။ ယောက်ျား နှင့် မိန်းမတို့ အတူတူပေါင်းသင်းနေထိုင်ခြင်း
ဖြင့် မိသားစုဘဝများကို အစပြုပြန်၏။ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်သည့် အတွေးအမြင်များက
တော့ ယဉ်ကျေးမှုနောက်ခံအပေါ် တည်မှီသည်။
ထိမ်းမြားခြင်းဆိုင်ရာအတွေးအမြင်များသည် အမှား၊ အမှန်နှင့်ပတ်သက်၍ အခြေခံယုံကြည်ချက်ဖြစ်သည်။
လက်ထပ်ထိမ်းမြားဓလေ့ကို လေ့လာကြည့်သည့်အခါ နည်းလမ်းအဖုံဖုံဖြင့် ကြင်ဖော်ကြင်ဖက် ရွေးချယ်ရ
သည့် ပြဿနာကို ဖြေရှင်းသော အသွယ်သွယ်သော ယဉ်ကျေးမှုကို တွေ့ မြင်လာရသည်။
အိမ်ထောင်ဖက်ရွေးချယ်သည်ဆိုတာက လူတိုင်းအတွက် ကာလဒေသမရွေး ဘယ်သောအခါမျှ လွယ်ကူ
သော ကိစ္စမဟုတ်ပါ။
၂။
တရုတ်ယဉ်ကျေးမှုတွင် သားသမီးများ၏ အိမ်ထောင်ရေးကို မိဘက ဆုံးဖြတ်သည်။ သား သို့ မဟုတ် သမီးအတွက် ဇနီးလောင်း သို့ မဟုတ် ခင်ပွန်းလောင်းရှာလိုသူမိဘတို့ က အောင်သွယ်တော်တဦးဦးကို
အသက်အရွယ်၊ ပညာရေးအရည်အချင်းစတာတွေပါဝင်သည့် စရိုက်လက္ခဏာကောင်းရှိသူကို ရှာဖွေပေး
ဖို့ အကူအညီတောင်းခံရသည်။
တရုတ်အတွေးအခေါ်အတိုင်းပြောလျှင် လူငယ်တွေကို သူတို့ စိတ်ကူးယဉ်တဲ့အတိုင်း သူတို့ ကြင်ဖက်ကို
ရွေးချယ်ခွင့်ပေးလိုက်တာသည် မဟာအမှားကြီးတခုဖြစ်သည်။ လက်ထပ်ထိမ်းမြားရေးအတွက် အရေးကြီး
ဆုံးဖြတ်ချက်ကို မိသားစုခေါင်းဆောင်အိမ်ထောင်ဦးစီးများက ချမှတ်ကြသည်။ ထိုဦးစီးကြီးများသည် အိမ်ထောင်ပြုတယ်ဆိုတာ ကျန်းမာရေးကောင်းတဲ့ သားများ မွေးဖွားရေးအတွက်ဆိုသည့် အဓိက ရည်ရွယ်
ချက်ကို နားလည်သူများ ဖြစ်သည်။
တရုတ်လူမျိုးအသိုင်းအဝိုင်းတွင် သားယောက်ျားများသည် အရေးပါအရာရောက်ကြ၏။ သားက မိသားစု
ခေါင်းဆောင်နေရာကို ဆက်ခံကာ မိသားစုနာမည်ကို ထိန်းသိမ်းသည်။
၃။
ကမ္ဘာကြီးမှာ လက်ထပ်ရေးဆိုင်ရာတွင် ယဉ်ကျေးမှု နှင့် ယုံကြည်မှုနောက်ခံကွဲပြားလျှင် ကွဲပြားသလောက်
မတူတာတွေ ရှိပါသည်။
တရုတ်ထုံးတမ်းစဉ်လာအရ လူငယ်များအား သူတို့ အိမ်ထောင်ဘက်ကို သူတို့ ကိုယ်တိုင် လွတ်လွတ်လပ်
လပ် ရွေးချယ်ခွင့်ပြုခြင်းကို အသိအမှတ်မပြုပေမယ့် မြောက်အမေရိကတိုက်က ဟိုပီတိုင်းရင်းသားများတွင်
လွတ်လပ်ခွင့်နှင့်ပတ်သက်လို့ တရုတ်လူမျိုးတို့ နှင့် အပြတ်အသတ်ကွာခြားသည်။ လုံးဝမတူ။
ဟိုပီတိုင်းရင်းသားများသည် သားယောက်ျားလေးအသက် ၁၃ နှစ်ပြည့်လျှင် မိဘအိမ်မှာမနေဘဲ ကီဝ လို့ 
ခေါ်သည့် ယောက်ျားလေးများအတွက် သီးသန့် နေရာမှာ နေထိုင်ခွင့်ရကြသည်။ ကီဝအိမ်ရာမှာနေသူ
ယောက်ျားလေးများသည် ညပိုင်းမှာ တယောက်တည်းအပြင်ထွက်ခွင့် ရှိသည်။ မိန်းမပျိုလေးအိမ်သို့  တိတ်တဆိတ် လူပျိုလှည့်ခွင့်ရှိသည်။ ကောင်လေးအများစုက မိုးစင်စင်မလင်းခင် မိန်းကလေးအိမ်မှ ထွက်
ခွါတတ်ကြသည်။ သို့ သော် မိန်းကလေးရှင်မိဘများကလည်း ညဖက်လူပျိုလှည့်တာကို စိတ်ဆိုးမာန်ဆိုး
မလုပ်ကြချေ။ သမီးအတွက် အိမ်ထောင်ဖက်ကောင်း သမက်လောင်းဖြစ်မည့်သူဟု သဘောကျလျှင် လွှတ်ပေးထားလိုက်သည်။
လူပျိုလှည့်တာ လချီကြာပြီးနောက် မိန်းကလေးမှာ ကိုယ်ဝန်ရှိလာမည်။ အကျိုးဆက်အနေဖြင့် မိန်းကလေး
က သူသဘောကျတဲ့ ကောင်လေးကို ခင်ပွန်းလောင်းအဖြစ် ရွေးချယ်လိုက်ပေသည်။
၎။
လူပျို နှင့် အပျို တယောက်ဆီတယောက် ညဖက်အလည်အပတ်ပြုတာ ဟိုပီယဉ်ကျေးမှုမှာသာ ရှိသည်
မဟုတ်သေး၊ ဂျာမနီတောင်ပိုင်းရှိ ဘာဗေးရီးယန်း လို့ ခေါ်သည့် လူမျိုးမှာလည်း "ပြူတင်းတံခါးဖွင့်ဟ
ထားခြင်း"ခေါ်တဲ့ အလေ့အထရှိနေပြန်သည်။
မိန်းမပျိုလေးက ပြူတင်းတံခါးကို ညအချိန်တွင် ကိုလူပျိုများ ဝင်လာနိုင်အောင် ဖွင့်လှစ်ထားသည်။
မိန်းကလေး ကိုယ်ဝန်ရှိလာလျှင် ယောက်ျားလေးက မိန်းကလေးဆီမှာ လက်ထပ်ခွင့် တောင်းရပေ
တော့၏။ "ပြူတင်းပေါက်ဖွင့်ပေး"ပြီးတာတောင် ကိုယ်ဝန်မရသော မိန်းကလေးခမျာ ခင်ပွန်းယောက်ျား
မရနိုင်တော့ပြီ။ ဤယဉ်ကျေးမှုအရ မိန်းကလေးအတွက် "သားသမီးထွန်းကားမွေးဖွားပေးနိုင်ခြင်း" မှာ
သေရေးရှင်ရေးတမျှ အရေးပါအရာရောက်သည်။ အသိုင်းအဝိုင်းအတွင်း သားသမီးမွေးဖွားပေးနိုင်ကြောင်း
အခြားသူကို သက်သေပြနိုင်သူကိုမှ "ပြူတင်းတံခါးဖွင့်ဟထားခြင်း" ယဉ်ကျေးမှုက အိမ်ထောင်ပြုခွင့်
ပေးသည်။
ကက်သလစ်ဘာသာဝင် ဂျာမနီတောင်ပိုင်းသားတွေမှာ အခုလို ထူးဆန်းသည့် ဓလေ့အစဉ်အလာရှိနေ
ကြောင်း သိသွားသူတွေ အံ့အားသင့်ကြသည်။ လက်မထပ်ထားတဲ့ အမျိုးသမီးတယောက် ကိုယ်ဝန်ရှိ
သည်မှာ မှားယွင်းမှုဖြစ်သည်ဟု ကက်သလစ်ဘာသာက ဆုံးမပါသည်။
သမားရိုးကျလက်ထပ်ထိမ်းမြားခြင်းကို လိုက်နာကျင့်သုံးသည့် ဘာသာရေးယုံကြည်ချက်ရှိကြသော လူအများကြားမှာပင် 'ပြူတင်းတံခါးဖွင့်ဟထားခြင်း" အလေ့အထရှိနေခြင်းကား ကမ္ဘာတဝှန်းလုံးရှိ
အိမ်ထောင်ရေးဆိုင်ရာအံ့ဖွယ်အမြင်ဟု ဆိုရမည့် တခုတည်းသော ပြယုဂ်ကြီးပါတည်း။
၅။
အခုခေတ်လူအများစုလိုလို အံ့အားသင့်ကြမည့် အိမ်ထောင်ရေးဆိုင်ရာအတွေးအခေါ်တရပ်ကို ယူဆ
လက်ခံခဲ့သူမှာ ဂျွန်နွိုစ် (John Noyes) ဆိုသူဖြစ်သည်။ သူသည် ၁၈၃၁ ခုနှစ်က နယူးယောက်
ပြည်နယ်တွင် အိုနိုက်ဒါအသိုင်းအဝန်းကို ထူထောင်ခဲ့သော ဘာသာရေးသမားတဦးဖြစ်သည်။
သူသည် အများနှင့်မတူသည့် လူနေမှုပတ်ဝန်းကျင်တခုအဖြစ် အိုနိုက်ဒါအုပ်စုကို စတည်ခဲ့သည်။ အုပ်စုလိုက်လက်ထိမ်းမြားခြင်းသည် ယောက်ျား နှင့် မိန်းမများအတူတကွနေထိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ အုပ်စုလိုက်လက်ထပ်သည့်စနစ်တွင် ယောက်ျား နှင့် မိန်းမတို့ သည် အခါအားလျော်စွာ အဖော်များကို အပြောင်းအလဲလုပ်ရသည်။ အုပ်စုအဖွဲ့ ဝင်များကို ညီတူညီမျှ ချစ်ခင်ရမည်ဟု သူတို့ မျှော်လင့်ထားကြရသည်။ ကလေးများကို အုပ်စုဝင်အားလုံးက ပိုင်ဆိုင်
သည်။ လူကြီးများသည် ရပ်တည်ရေးအတွက် အလုပ်ကြိုးစားရသည်။ ပိုင်ဆိုင်မှုမှန်သမျှအားလုံးကို အများနှင့် မျှဝေသုံးစွဲကြသည်။
အိုနိုက်ဒါအုပ်စုဝင်များသည် ကာလအတိုင်းအတာတခုအထိ ကြီးကြီးမားမား အခက်အခဲမရှိဘဲ
ဤနေထိုင်မှုစနစ်ကို လိုက်နာကျင့်သုံးခဲ့ကြသည်။ သို့ သော် ၁၈၇၆ ခုနှစ်တွင် ဂျွန်နွိုစ်ကွယ်လွန်သော
အခါ အိုနိုက်ဒါအုပ်စုနေထိုင်မှုစနစ်လည်း အဆုံးသတ်နိဂုံးချုပ်သွားခဲ့သည်။ သူ၏ခေါင်းဆောင်မှု နှင့်
တူညီသော တွေးခေါ်ယူဆမှုမရှိသည့်အခါ အုပ်စုဝင်များသည် အစဉ်အလာဖြစ်သည့် တလင်တမယား
စနစ်သို့  အလျင်အမြန်ပြန်ရောက်သွားကြသည်။
၆။
ကွဲပြားထူးခြားပြီး ပိုမိုထင်ရှားသည့် လက်ထပ်ထိမ်းမြားမှုပုံစံတမျိုးကို ရှေးဦးမာမွမ်များအကြားတွင် တွေ့ ရ
သည်။ မာမွမ်မှာ ခရစ်ယန်ဂိုဏ်းတခုဖြစ်ပြီး ၁၈၃ဝ ခုနှစ်တွင် နယူးယောက်ပြည်နယ်မှာ တည်ထောင်ခဲ့၏။
၁၈၄၇ ခုနှစ်တွင် ယူတားပြည်နယ်သို့ ပြောင်းရွှေ့ အခြေချသည်။
မာမွမ်ဂိုဏ်း၏ပထမခေါင်းဆောင်မှာ ဂျိုးဇက်စမစ် (Joseph Smith) ဖြစ်သည်။ သူက မယားပြိုင်ယူသည့်
စနစ်ကို ယုံကြည်လက်ခံ၏။
မာမွမ်ဂိုဏ်းကျယ်ပြန့် လာသောအခါ ယောက်ျားအများစုသည် ဂျိုးဇက်စမစ်၏ ဟောပြောချက်ကို လိုက်နာ
ပြီး မယားများစွာ ယူကြလေသည်။
မိန်းမဟူသည် ငယ်ရွယ်စဉ်အခါ ယောက်ျားယူ၊ ဖြစ်နိုင်သရွှေ့ ကလေးများများမွေးရေးတာဝန်ရှိသည်ဟု မာမွမ်တို့ က ယုံကြည်သည်။
ဥပမာ..... ၁၈၅၄ ခုနှစ်က မာမွမ်ခေါင်းဆောင်တယောက်သည် သီတင်းပတ်တခုအတွင်းမှာ သူ၏မယား ၉ ယောက်က သူနှင့်ရသည့်ကိုယ်ဝန်ကလေး ၉ ယောက်ကို မွေးဖွားလေရာ ကလေးအဖေ ၉ ကြိမ်ဖြစ်ရ
လေသည်။
သို့ သော် ၁၈၉ဝ ပြည့်နှစ်တွင် မယားပြိုင်များယူသည့်စနစ်ကို မာမွမ်ကျောင်းတော်က တရားဝင် ဖျက်သိမ်း
ခဲ့၏။ ယနေ့ အချိန်တွင် မာမွမ်ဘုရားကျောင်းများတွင် တလင်တမယားစနစ်ကို သင်ကြားပို့ ချပေးနေသည်။
သို့ သော် အဓိကအုပ်စုမှခွဲထွက်သွားကြသည့် အချို့ အုပ်စုငယ်များကမူ မယားပြိုင်များယူသည့်စနစ်ကို
ကျင့်သုံးနေဆဲဖြစ်သည်။
၇။
ယနေ့ ခေတ်တွင် ယောက်ျားတယောက်တည်းက မယားတွေယူချင်သလောက် ယူခွင့်ပြုသည့် ဓလေ့
အစဉ်အလာကို သဘောတူသော ယောက်ျားအချို့ ရှိသည်။ ယနေ့ ခေတ် လူငယ်ချစ်သူတို့ ကလည်း
ဟိုပီတို့ ၏ လွတ်လပ်ခွင့်ကို အိပ်မက်မက်နေကြသည်။
အောင်သွယ်တော်များအနေဖြင့် ရှေ့ သွားနောက်လိုက်ညီသူကို ရှာဖွေပေးနိုင်လိမ့်မည်ဟုလည်း အချို့ 
က မျှော်လင့်အားကိုးနေကြသည်။
ဘဝတသက်တာလုံးလက်တွဲရေးအတွက် ကြင်ဖက်ရှာဖွေခြင်းသည် အလွန့် အလွန်အရေးပါသော ကိစ္စဖြစ်
သည်။ အိမ်ထောင်ဖက်ရှာဖွေရာမှာ ရှာပုံရှာနည်းမတူကွဲပြားကြသော်လည်း တကမ္ဘာလုံးက လူတွေမှာ တူညီသည့် အတွေးတခု ရှိနေပါသည်။
အိမ်ထောင်ပြုခြင်းသည် လူ့ ဘဝအတွက် အခြေခံအစိတ်အပိုင်းတခု၊ အရေးပါသော အစိတ်အပိုင်းတခု
ဖြစ်သည်ဆိုတာပဲ ဖြစ်သည်။
အမရဒီပ
မတ်လ ၁၊ ၂ဝ၁၄
========================================================
Laurie Barton & Carolyn Dupaquier Sardinas တို့ ၏ North Star Reading and Writing 3 စာအုပ်ပါ
Finding a spouse ကို မြန်မာပြန်ပါတယ်။
Labels:
ဘာသာပြန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment