အခန်း ၅၊ စာသင်တိုက်
ဘုန်းကြီးသတိပြန်ရသောအခါ မြစ်ကမ်းဘေးမြေပေါ်တွင်
လဲလျောင်းလျှက်သားဖြစ်နေလေသည်။
ဘုန်းကြီး၏အပေါ်မှာလည်း
လူတယောက်ဒူးထောက်ကာ ခွထား၏။ ရေများကို ပြန်အန်ထုတ်သည်။ လူများအနားသို
့ဝိုင်းလာပြီးဘုန်းကြီးကို ကြည့်ကြသည်။
ဘုန်းကြီးနှင့်ရေအတူကူးသော
ကိုရင်လေးသည် ဘုန်းကြီးကို မကယ်နိုင်တော့။ ဘုန်းကြီးက ကြောက်အား
လန့် အားဖြင့် သူ
့ကိုယ်ဝတ်သင်းပိုင်ကို စုတ်ပြဲအောင် လုပ်လိုက်မိသည်။ ကိုယ်တုံးလုံးကျွတ်နှင့်
ကိုရင်လေးသည်မြစ်ကမ်းစပ်ခါးတဝက်လောက်ရေနက်သည့်နေရာမှရပ်ကာ အော်ဟစ်အကူအညီ
တောင်းသည်ဟု နောင်တွင်
ဘုန်းကြီးကို ပြောပြသည်။
ဘူတာရုံအနီး လက်ဖက်ရည်ဆိုင်မှ
လူတယောက် အပြေးထွက်လာပြီး အကျိုးအကြောင်းမေးသည်။
ကိုရင်လေးက
ဘုန်းကြီးရေနစ်သည့်နေရာကို ညွှန်ပြပြီး အော်ပြောသည်။
"အခု သူသေပြီထင်တယ်"
လက်ဖက်ရည်ဆိုင်မှလူသည်
အဝတ်အစားမချွတ်အားတော့ဘဲ ရေထဲခုန်ချပြီး ရေအောက်မှာ ဘုန်းကြီးကို ရှာသည်။
မြစ်ကြမ်းပြင်တွင် သတိလစ်နေသည့် ဘုန်းကြီးကို တွေ့ သည့်အခါ ကမ်းပေါ် ဆွဲတင်ပြီး
ပါးစပ်ချင်းတေ့
မှုတ်ကာ အသက်ပြန်ရှုနိုင်အောင်
ပြုစုပေးသည်။ ထိုအချိန်မှာ လူများ ဝိုင်းအုံလာကြသည်။
အသက်ပြန်ရှုပြီး ချောင်းဆိုးကာ
ရေပြန်အန်ထွက်သည်။ ဘုန်းကြီးသည် အနည်းငယ်ကတုန်ကယင်ဖြစ်နေသည်။ သို့ သော်
စိုးရိမ်ဖွယ်မရှိပြီ။
ကိုရင်လေးက သူ့ ဆရာတော်ကို
ပြေးပင့်ခေါ်သည်။ ယင်းနောက် ဘုန်းကြီးတို့ သည် ကျောင်းသို့ အတူ
ပြန်လာကြသည်။
မြစ်ကမ်းနှင့် ကျောင်းမှာ ငါးဆယ့်ငါးကိုက်လောက်ဝေးသည်။ ယင်းဆရာတပည့်တို့ က
ဘုန်းကြီးအား သကြားများများနှင့် ကော်ဖီပူပူတခွက်တိုက်သည်။ သင်္ကန်းတစုံပေးသည်။ ဘုန်းကြီး
ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကျောင်းထိုင်ဆရာတော်မှာ
အလွန်သနားတတ်သည်။ ဘုန်းကြီး၏အမည်နှင့် သွားမည့်နေရာကို မေးသည်။
ဆရာတော်မေးသမျှကို
ဘုန်းကြီး ဖြေဆိုပြီးနောက် ကပ္ပိယတယောက်အား
ဘုန်းကြီးအတွက် ဂမ်ပဟာသို့  ရထားလက်မှတ်အဝယ်လွှတ်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက်
ဘုန်းကြီး ခရီးပြန်ထွက်ခဲ့သည်။ ဂမ်ပဟာရှိ စာသင်တိုက်သို့ ရောက်သောအခါ
ဘုန်းကြီးနှင့် ပထမဦးစွာစကားပြောသူက အဘယ်ကြောင့် ရေနစ်ထားသူလို
အသံမျိုးဖြစ်နေရသနည်း ဟု မေးပါသည်။
"အအေးမိနေလို့ ပါ"ဟုဖြေခဲ့သည်။
အမှန်အတိုင်းပြောရမှာ ဘုန်းကြီး ရှက်မိပါသည်။
သို့ သော် နောက်တနေ့ စီလုံရှေ
့ဆောင်သတင်းစာ မျက်နှာဖုံးတွင် ဝေယံဂေါဓဘူတာရုံအနီး မြစ်ထဲမှာ ရေနစ်သော
ဆယ်ကျော်သက်ကိုရင်တပါးအကြောင်းသတင်းရေးသားချက်နှင့်အတူ ဘုန်းကြီးဓာတ်ပုံပါလာသည်။
စာသင်တိုက်ရှိ ဘုန်းကြီး၏သူငယ်ချင်းများသည်
ထိုအကြောင်းကို နှစ်အတော်ကြာတိုင်အောင် စကြနောက်ကြ
လေသည်။
စာသင်တိုက်တွင် ပညာသင်ရေးမှာ
အခမဲ့ဖြစ်သော်လည်း ဘော်ဒါဆောင်နေကြေး တလလျှင် ငါးရူပီး လှူရသည်။ ကံဆိုးသည်မှာ
ဘုန်းကြီးတွင် ပေးလှူရန်ငွေတပြားမှမရှိသည့်အတွက် အများမနေသည့် တင်းကုပ်ကလေးတခုမှာ
အိပ်စက်ရသည်။ကြမ်းခင်းမှာ ဖုံအလူးလူး၊ ၄ အမြင့် တဝက်တပျက်နံရံ နှင့် တံခါးမရှိသော
တဲကုပ်ဖြစ်၏။ ဂုန်နီအိတ်များ၊ ဝါးခြမ်းများ၊ ကြိုးများရှာဖွေကာ တံခါးပေါက်နှင့်
ပြူတင်းပေါက်အကာအကွယ်များကို အကြမ်းဖျင်း ပြင်ဆင်တန်ဆာဆင်ထားလိုက်သည်။
အလင်းရောင်အတွက် အုန်းဆီထည့်ကာထွန်းရသည့်
မြေမီးခွက်တလုံးရှိသည်။ ဤသည်မှာ ဘုန်းကြီး၏ ပထမဦးဆုံး
"ကုဋီ"ဖြစ်သည်။
"ကုဋီ"ဟူသည် ရဟန်းတော်များနေသည့် တခန်းဖွဲ့ တဲပင် ဖြစ်သည်။ ဤကုဋီကို
ရသည့်အတွက်
ဘုန်းကြီး ကျေနပ်ဝမ်းသာမိပါသည်။
ကုဋီအတွင်းမှာပင်
လေ့လာသင်ကြားများစွာကို ဘုန်းကြီး လုပ်ဆောင်ခဲ့သည်။ မကြာမြင့်မီ ကျောင်းမှာ
အတော်ဆုံးကျောင်းသားအဖြစ် ဘုန်းကြီးကို လူသိများလာသည်။ "ကံကောင်းခြင်းလက်ဆောင်"ဟု
ဆိုရမည့် ဓာတ်ပုံရိုက်သလိုမှတ်မိသော ပုံရိပ်ထင်မှတ်ဉာဏ်မျိုး ဘုန်းကြီးမှာ
ရှိကြောင်း ကိုယ်တိုင်သိလာသည်။ ဆယ်မိနစ်အတွင်း အကြောင်းအရာရှည်လျားစွာရေးသားထားသော
စာအုပ်ကြီးကို ဖတ်ပြီး အချက်အလက်
အားလုံးကို မှတ်ထားလိုက်နိုင်သည်။
မှတ်ဉာဏ်၏ မှတ်ပုံမှတ်နည်းလုပ်ဆောင်ပုံကို ဘုန်းကြီးကိုယ်တိုင် မသိပါ၊ သို့ သော်
စာမျက်နှာတိုင်းသည် ဓာတ်ပုံတပုံလို စိတ်ထဲမှာ စွဲမြဲသွားသည်ကိုသာ ဘုန်းကြီးသိသည်။
ဘုန်းကြီး၏လက်ဆောင်အတွက်
ဘုန်းကြီး အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိသည်။သူငယ်ချင်းများအားလည်း စာအုပ်များမှ
မေးခွန်းထုတ်ပြီး ဘုန်းကြီးကို မေးနိုင်ကြောင်း စိန်ခေါ်ခဲ့သည်။ မေးခွန်းတခု၏
စာမျက်နှာနံပတ်၊ စာတကြောင်း၏ အဖြတ်အတောက်ပုဒ်ထီး၊ ပုဒ်မများကိုပင် ဘုန်းကြီး
ဖြေဆိုနိုင်ခဲ့သည်။
ဤအချက်ကြောင့်ပင်လျှင်
ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးကို အလွန်သဘောကျသည်။ သူ၏လက်ထောက်အဖြစ် ဘုန်းကြီးကို
ခန့် အပ်ထားသည်။ ထို့ ပြင် ဘုန်းကြီးသည် ကျောင်းဘဏ္ဍာစိုးလည်း
ဖြစ်သည်။ သင်္ကန်း၊
ဆေးဝါး၊ အိမ်သာသုံးပစ္စည်းများစသည့် လှူဖွယ်ပစ္စည်းများရောက်လာလျှင် နေရာချ၊
သိမ်းဆည်းထားခြင်းကို ဘုန်းကြီးတာဝန်ယူထားရသည်။ ယင်းနောက် စာသင်သားများ
လိုအပ်သည့်အချိန်တွင်
ထိုပစ္စည်းများကို လိုသလောက်
ထုတ်ပေးရသည်။
ဘုန်းကြီး၏အခွင့်အရေး နှင့်
လုပ်ပိုင်ခွင့်များကြောင့် စာသင်ဖက်အများစုသည် ဘုန်းကြီးအပေါ် မနာလို ဖြစ်လာ
ကြ၏။ သူတို
့မနာလိုသဝန်တိုနေရုံမျှဖြင့် စာသင်သားများ၏အပြစ်ကျူးလွန်မှုများအား
ကျောင်းအုပ်ဆရာတော်ထံ
သို့ သတင်းပို့ နေသည်ကို ရပ်တန်
့ပစ်မည်မဟုတ်ပါချေ။ အတိုချုပ်ဆိုရလျှင် ဘုန်းကြီးသည် သစ္စာဖောက်တ
ယောက်ဖြစ်၏။အခြားစာသင်သားများ၏
အပြစ်များကို အသေးစိတ်မှတ်သားကာ တခုပြီးတခု သတင်းပို့ ခဲ့သည်။ သူများ၏အပြစ်ကို
ရှာဖွေကြည့်ရှုခြင်းထက် မိမိ၏ကိုယ်ပိုင်အပြုအမူအတွက်သာ ပို၍ ကြောင့်ကြစိုက်မှုရှိသင့်
ကြောင်း ဘုန်းကြီးသိပါသည်။ သို
့သော် ဘုန်းကြီးသည် ကျောင်းအုပ်ဆရာတော်၏ အသိအမှတ်ပြုမှုကို ပိုရယူလိုသူ ဖြစ်ခဲ့သည်။
ဗုဒ္ဓဘုရားရှင်၏စကားတော်ကို
ဘုန်းကြီးမလိုက်နာမိခြင်းမှာလည်း အလွန်ဆိုးရွားလွန်းခဲ့သည်။ ဓမ္မပဒကျမ်းတွင် ဤသို
့ဆိုထားပါသည်။
"သူတပါးအပြစ်ကို မြင်လွယ်သည်။
ကိုယ့်အပြစ်ကို မြင်ခဲသည်။ သူများ၏အပြစ်များကို စပါးလှေ့ သည့်အခါဝယ် စပါးခွံ
ဖွဲကြမ်းအဖျင်းတို့ ကို လွှင့်ထုတ်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏အပြစ်ကိုမူ
ကောက်ကျစ်သူငှက်မုဆိုးသည် မိမိကိုယ်ကိုသစ်ခက်ဖြင့် ဖုံးထားဘိသကဲ့သို
့ဖုံးကွယ်ထားတတ်၏။
သူတပါးအပြစ်ကိုသာ ကြည့်ရှုနေ၍
အမြဲတစေ သူတပါးကို ကဲ့ရဲ့ပြစ်တင်လိုသူမှာ အာသဝေါတရားများ တိုးပွားလာကုန်၏။ ထိုသူသည် အာသဝေါတရားတို
့ကို ဖျက်ဆီးတတ်သော အရဟတ္တမဂ်ဉာဏ်မှ ဝေးကွာရတော့၏။"
အမရဒီပ
ဇွန်လ ၁၄ ၊ ၂ဝ၁၃
No comments:
Post a Comment