မြန်မာပြည်သည်
ဝိပဿနာတရားထွန်းကားသောနေရာဖြစ်၏။ ဝိပဿနာတရားအားထုတ်နည်းစုံသောနေရာ
လည်းဖြစ်၏။ "ဝိပဿနာရှုနည်းပေါင်းချုပ်"စာအုပ်များပင်ထုတ်ဝေထားရသည်။
အတွေးအသိနုသူတချို့ ကလည်း
ဟိုဆရာတော်နည်း၊
ဒီဆရာတော်နည်းပြောကာ အစွဲအလမ်းကြီးနေကြသည်။ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်
က သူ၏
ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်းပြကျမ်းစာတွင် မှတ်သားဖွယ်စကားတရပ်ကို
မှာတမ်းရေးတော်မူ၏။
ဓမ္မဂုတ်။ ။
ဝိပဿနာဘာဝနာကိုတော့ မလေ့လာဘူး၊ မဟောဘူးလား။
တပည့်တော်။ ။ ဟောရုံတွင်ဘယ်ကလဲ၊
(ကျောင်းတိုက်တွင်းရှိ) ဥယျာဉ်ထဲမှာနေတဲ့ စာချ
ဘုန်းကြီးများက
ခေါင်းဆောင်ပြီး ဝိပဿနာဘာဝနာအလုပ်ကို အများအား
ထုတ်အောင်
ကြိုးစားကြပါတယ်။
ဓမ္မဂုတ်။ ။
နည်းကတော့ဘယ်သူ့ နည်းတုန်း။
တပည့်တော်။ ။ အရှင်ဘုရားမေးပုံကတရားဝေးလိုက်တာဘုရား၊
ဘုရားသာသနာတော်နေပြီး
ဘယ်သူ
့နည်းကိုယူရဦးမှာတုန်း၊ ဘုရားနည်းပေါ့၊ ယခုလောလောဆယ်မှာပင်
ဝိပဿနာတရားစာကို ပို
့ချခိုက်ဖြစ်နေပါတယ်။
(တဘဝသံသရာ-၃၃၄-၃၃၅)
No comments:
Post a Comment