မြန်မာရှေးဘုရင်များလက်ထက်မှာ ဗုဒ္ဓသာသနာနဲ
့ပတ်သက်ပြီး ဘုရင်ကိုအကြံဉာဏ်ပေးဖို့ ၊
သာသနာကို စောင့်ရှောက်ပေးဖို့ ဆရာတော်တပါးပါးကို
သာသနာပိုင် (သံဃရာဇာ) အဖြစ် ခန့် အပ် တာဝန်ပေးတယ်။ အချို့ မင်းလက်ထက်မှာ သာသနာပိုင်အဖွဲ
့ ( ၄ ပါး၊ ၈ ပါး၊ ၁၂ ပါး
သာသနာပြုဆရာတော်) ဆိုပြီး ထားလေ့ရှိတယ်။ များသောအားဖြင့်
နေထွက်ဘုရင် မင်းသားငယ်ဘဝက ပညာသင်ပေးတဲ့ဆရာတော်က သာသနာပိုင်ဖြစ်တယ်။
ဒီတော့ သာသနာပိုင်ဆိုတာ
ဘုရင်က ရွေးချယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရင်က သာသနာပိုင်ဆရာတော်ကို မရွေးချယ်တဲ့
ကာလများမှာ ရဟန်းသံဃာတော်များက သဘောဆန္ဒညီတဲ့ ရဟန်းတော်တပါးကို သာသနာပိုင်အဖြစ်
ရွေးချယ်ခဲ့ကြတယ်။ ရဟန်းသံဃာက ရွေးကောက်တင်တဲ့သာသနာပိုင်ကို သမ္မုတိသာသနာပိုင်လို
့ခေါ်ပါတယ်။
သမ္မုတိသာသနာပိုင်အဖြစ်ကနေ သာသနာပိုင်ဖြစ်ဖို
့မဲပေးရွေးချယ်ပွဲတခု မြန်မာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ သို့ သော် မဲအများဆုံးရတဲ့ဆရာတော်က
သာသနာပိုင်မဖြစ်လိုက်ဘူး။ ပျံလွန်တော်မူသွားတယ်။ ဒုတိယမဲအများဆုံးရတဲ့ ဆရာတော်က
သာသနာပိုင်ဖြစ်သွားတယ်။
"ရခိုင်ရာဇဝင်သစ်ဆရာနဲ့ 
သမ္မုတိသာသနာပိုင်များ" ဆောင်းပါးမှာ သီပေါမင်းလက်ထက် သာသနာပိုင်
တောင်တော်ဆရာတော်ပျံလွန်ပြီးနောက် မန္တလေးလေးပြင်လေးရပ်သံဃာတော်
များက ပုခန်းဆရာတော်ကို
သမ္မုတိသာသနာပိုင်တင်မြှောက်ကြတယ်၊ ပုခန်းဆရာတော်က ၁၂၆၂ (အေဒီ ၁၉ဝဝ ပြည့်နှစ်) မှာ
လွန်တော်မူပြန်တယ်။
ပုခန်းသမ္မုတိသာသနာပိုင်လွန်ပြီးနောက် "သုဇာတာဘိသိရီဓဇဓိပတိပဝရ
မဟာဓမ္မရာဇာဓိရာ
ဇဂုရု"ဘွဲ့ တံဆိပ်တော်ရ မန
္တလေးတောင်ပြင်မိုးတားဆရာတော်ကို "သမ္မုတိသာသနာပိုင်"အ
ဖြစ်တင်မြှောက်ကြပြန်တယ်။ မိုးတားဆရာတော်က
သမ္မုတိသာသနာပိုင်အဖြစ် ၂ နှစ်ခန့် 
ဆောင်ရွက်ပြီးနောက် ဗြိတိသျှကိုလိုနီအစိုးရတင်မြှောက်တဲ့
တောင်ခွင်သာသနာပိုင်ပေါ်လာ
လို့  သမ္မုတိသာသနာပိုင်ရဲ့အခန်းကဏ္ဍမှေးမှိန်သွားရတယ်လို
့ ရေးခဲ့ပါတယ်။
နောက်ထပ်လေ့လာတွေ့ ရှိချက်များအရ ဒီအဆိုကို ချဲ
့သင့်တာချဲ့ ၊ ပြင်သင့်တာပြင်ရပါလိမ့်
မယ်။
ပုခန်းသမ္မုတိသာသနာပိုင်ပြီးတော့ မိုးတားဆရာတော် သမ္မုတိသာသနာပိုင်
ဖြစ်ပါတယ်။
အေဒီ ၁၉ဝ၁ ၊ ၁၉ဝ၂ အထိ သက်တမ်း ၂ နှစ် ရတယ်။
သက္ကရာဇ် ၁၂၆၃ ခုနှစ် တပေါင်းလ
(မတ်လ၊ ၁၉ဝ၂) မှာ မိုးတားဆရာတော်
လွန်တော်မူသွားတယ်။
၁၂၆၃ ခုနှစ် နယုန်လပြည့်ကျော် ၂ ရက် (ဇန်နဝါရီ ၂ ၁၉ဝ၁) ကင်းဝန်မင်းကြီးအိမ်မှာ
သာသနာပိုင်အသစ်တင်မြှောက်ဖို့ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်တယ်။ သီပေါမင်း
လက်ထက်က မှုးမတ်များ၊ မန္တလေးမြို့ နေ
ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်
တယ်။
၁၂၆၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (အောက်တိုဘာလ
၂၂ ၊ ၁၉ဝ၁)
မန္တလေးမြို့ မှာ
သာသနာပိုင် ရွေးပွဲလုပ်တယ်။ ကျောင်းထိုင်ဘုန်းကြီးများက မဲပေးရတယ်။ အဲဒီ
သာသနာပိုင်ရွေးကောက်ပွဲမှာ…
၁-
မိုးတားဆရာတော် ၃၉၆ မဲ
၂-
တောင်ခွင်ဆရာတော် ၁၉၅ မဲ
၃- ဒုတ်လှမ်းဆရာတော် ၈၆ မဲ
၎-
ဝဇီရာရာမဆရာတော် ၃၄ မဲ
၅-
လှထွေဆရာတော် ၂၃ မဲ
၆- ဒီပဲယင်းဆရာတော်
၂၂ မဲ
၇-
လင်္ကာရာမဆရာတော် ၁၁ မဲ
၈- ခေါတောဆရာတော်
၎ မဲ
၉-
ကျောက်ပန်းတောင်းဆရာတော် ၃ မဲ
၁ဝ- မိုးကောင်းဝေယံဘုံကျော်ဆရာတော်
၂ မဲ
၁၁- ဝေဠုဝန်ဆရာတော်
၁ မဲ
၁၂-
အကောက်ဝန်ဆရာတော် ၁ မဲ
၁၃-
မဟာဝိသုဒ္ဓါရုံဆရာတော် ၁ မဲ
၁၄-
သင်္ဂဇာဆရာတော် ၁ မဲ
တို့ မဲအသီးသီးရကြတယ်။ မဲအရေအတွက် စုစုပေါင်း ၇၈ဝ။
ဘုရင်နဲ့ မိဖုရား ၂ ဦးတည်း ကိုယ်ကြည်ညိုတဲ့ကိုယ်တော်သာသနာပိုင်ခန်
့စတမ်းမဲခွဲတော့ ၁ မဲစီမျှနေလို့  သာသနာပိုင်မခန့် ဖြစ်တဲ့ ကာလတုန်းကလိုတော့
မဟုတ်ပြီ (မင်းတုန်းမင်းနဲ့ 
စကြာဒေဝီ) ။ မဲစာရင်းက သိသိသာသာ အဖြထွက်ပါတယ်။
သမ္မုတိသာသနာပိုင်လည်းဖြစ်၊ ၁၉ဝ၁
သာသနာပိုင်ရွေးကောက်ပွဲမှာ မဲအများဆုံးရသူလည်း
ဖြစ်တဲ့ မိုးတားဆရာတော်ဟာ သာသနာပိုင်မခန့် ရသေးခင်
သက္ကရာဇ် ၁၂၆၃ ခုနှစ် တပေါင်းလ (မတ်လ၊ ၁၉ဝ၂) မှာ လွန်တော်မူသွားတယ်။ ဒါကြောင့်
ရှေးဆောင်းပါးမှာ ရေးခဲ့သလို တောင်ခွင်သာသနာပိုင်ပေါ်လာလို့ 
သမ္မုတိမိုးတားဆရာတော်မှေးမှိန်သွားတယ်
ဆိုတဲ့စကားကို ပြင်ပါတယ်။
ဒုတိယမဲအများဆုံးရတဲ့ တောင်ခွင်ဆရာတော်ကို ၁၂၆၅
ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်
(နိုဝင်ဘာ ၁၃ ၁၉ဝ၃) မှာ ဗြိတိသျှကိုလိုနီလက်အောက်ခံမြန်မာပြည်ရဲ့
သာသနာပိုင်ဆရာတော်အဖြစ် ခန့် ထားပါတယ်။
(ဒေါက်တာသန်းထွန်းက ညွန့် ညွန့် ဝေ ရဲ့
တောင်ခွင်သာသနာပိုင်လက်ထက်အရေးအခင်းများ
(၁၉၃ဝ- ၁၉၃၈) ပုံမနှိပ်ရသေးတဲ့ မဟာဝိဇ္ဇာဘွဲ
့ယူစာတမ်း-ကို ညွှန်းဆိုဖူးတယ်။ အဲဒီစာတမ်း
ကို ဆက်လက်ရှာဖွေလေ့လာကြဖို့ စိတ်ဝင်စားသူ၊
ဆက်လက်လေ့လာသူများအတွက် ထပ်ဆင့်လက်ဆင့်ကမ်းပါတယ်။)
၁၂၉၉ ခုနှစ် တပေါင်းလပြည့်ကျော် ၂ ရက် (မတ်လ ၁၇၊
၁၉၃၈) မှာ တောင်ခွင်သာသနာ
ပိုင်ပျံလွန်တော်မူပါတယ်။ သာသနာပိုင်တာဝန်ထမ်းသက်တမ်း
၃၅ နှစ်။
၁၉၃၈ မှ ယခုနှစ် ၂ဝ၁၃ ခုနှစ် ၇၅
နှစ်သက်တမ်းအတွင်းမှာတော့ တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ၊ နိုင်ငံအုပ်ချုပ်ရေးပိုင်း
(အစိုးရအဖွဲ့ ) အနေနဲ့  သာသနာပိုင်ဆရာတော်အဖြစ်ရွေး
ကောက်တင်မြှောက်တာမျိုး မရှိတော့ပါဘူး။
၁၂၆၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (အောက်တိုဘာလ
၂၂ ၊ ၁၉ဝ၁) သာသနာပိုင်
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံထေရဝါဒသာသနာအတွက် ပထမဆုံးနဲ
့နောက်ဆုံး
ရွေးကောက်ပွဲတခု ဖြစ်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာ
(အစိုးရခန့် )သာသနာပိုင်ဆိုတာ ရာဇဝင်ထဲမှာ ရှိခဲ့လေတဲ့ ရာထူးတခုသာ
ဖြစ်သွားလေတော့တယ်။
အမရဒီပ
စက်တင်ဘာ ၁၄၊ ၂ဝ၁၃
ကိုးကားစာအုပ်။ နေရင်းဦးကောဝိဒမြန်မာပြန်၊ ဗုဒ္ဓသာသနာဝင်။
စိတ်ကူးချိုချိုစာပေ၊
ရန်ကုန်။
No comments:
Post a Comment